#World_Health
Published 11 October 2025

▪️ တိုင်လီနော(Tylenol)ဆေးမှာ ပါဝင်တဲ့ အက်ဆီတာမီနိုဖန်ဟာ ကိုယ်ဝန်ဆောင်တွေမှာ မွေးလာတဲ့ကလေး အော်တစ်ဇင်ဖြစ်ခြင်းနဲ့ ဆက်စပ်နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရှောင်ရှားသင့်တယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အဆိုကို ကမ္ဘာတဝှမ်းမှ ကျန်းမာရေးအရာရှိများ ငြင်းဆန်နေကြပါတယ်။

▪️ ရရှိထားတဲ့ သက်သေအထောက်အထားတွေထဲမှာ ကိုယ်ဝန်ဆောင်ချိန်အတွင်း ပါရာစီတမောအသုံးပြုခြင်းနဲ့ အော်တစ်ဇင်ဖြစ်ခြင်းတို့ကြား ဆက်စပ်မှုမရှိဘူးလို့ တွေ့ရှိရကြောင်း ဥရောပဆေးဝါးအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

▪️ အက်စီတာမီနိုဖန်က ပါရာစီတမောလို့လည်း အကျယ်တဝင့် ခေါ်ဝေါ်ကြပါတယ်။

▪️ ကိုယ်ဝန်ဆောင်တွေမှာလည်း ပါရာစီတမောဟာ ကိုက်ခဲခြင်း ဖျားနာခြင်းတို့ကို လိုအပ်သလို အသုံးပြုကုသသင့်တယ်လို့ ဥရောပဆေးဝါးကွပ်ကဲရေးက လမ်းညွှန်ဖော်ပြထားပါတယ်။

▪️ ဒေါ်နယ်ထရမ့်က ကိုယ်ဝန်ဆောင်တွေ အကိုက်အခဲပျောက်ဆေး အသုံးပြုခြင်းက နောက်ပိုင်းမှာ အော်တစ်ဇင်ဖြစ်ခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သုတေသနယူဆချက်ကို ထောက်ပြထားပါတယ်။

▪️ WHO မှ ပြောရေးဆိုခွင့်ရှိသူ တာရစ်ဂျာဆာရဲဗစ်က ဒီအဆိုကို လက်မခံဘဲ လေ့လာချက်အများအပြား ပြုလုပ်ပြီးနောက် ထိုကဲ့သို့ဆက်စပ်မှုမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

▪️ နောက်ထပ်ပြီးတော့ ကာကွယ်ဆေးတွေဟာလည်း အော်တစ်ဇင်ဖြစ်နိုင်တယ်လို့ ထရမ့်အဆိုပြုထားတဲ့အပေါ် ကျန်းမာရေးအာဏာပိုင်များ အပြင်းအထန် ငြင်းဆိုထားကြပါတယ်။

▪️ ယူကေ၊ ဩစတြေးလျ၊ စပိန်နဲ့ အခြားနိုင်ငံများမှ ကျန်းမာရေးအရာရှိများက ထရမ့်ရဲ့ထုတ်ပြန်ချက်တွေကို ဝေဖန်လိုက်ကာ ဆေးသိပ္ပံအပေါ် ယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။

Source: NPR.