#World_Health
Published 03 August 2025
▪️ မိန်းကလေးတွေ အပျိုဖော်စဝင်တဲ့အချိန်ဟာ ယခင်မျိုးဆက်တွေထက်စာရင် စောလာတယ်လို့ သုတေသီတွေ စဉ်းစားစရာ ဖြစ်လာပါတယ်။
▪️ ၁၉၅၀၊ ၁၉၆၀ ဝန်းကျင်တွေက ဓမ္မတာစပေါ်တဲ့ ပျမ်းမျှအသက်က ၁၂ နှစ်ခွဲဖြစ်ရာကနေ ၂၀၀၀ နဲ့ ၂၀၀၅ ခုနှစ်ကြား မွေးဖွားသူတွေမှာ ၁၁.၉ နှစ် ဖြစ်လာပါတယ်။
▪️ အပျိုဖော်ဝင်ချိန် စောခြင်း၊ နောက်ကျခြင်းတို့က နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဘရာဇီးလ် ဆာပေါ်လိုတက္ကသိုလ်မှ ဖလေဗီယာရက်ဇန်ဒီတီနာနိုက ပြောထားပါတယ်။
▪️ သူတို့အဖွဲ့က အသက် ၃၅ နှစ်မှ ၇၄ နှစ်ကြား အမျိုးသမီး ၇,၆၀၀ ကျော်ထံမှ အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ဒီနောက်အပိုင်း ၃ ပိုင်းခွဲကာ အစောပိုင်း (၁၀ နှစ်အောက်)၊ ပုံမှန် (၁၀ နှစ်မှ ၁၅ နှစ်)၊ နောက်ကျခြင်း (၁၅ နှစ်အထက်)ဆိုပြီး ခွဲခြားလိုက်ပါတယ်။
▪️ စမ်းသပ်ပါဝင်သူတွေရဲ့ ကျန်းမာရေးကို အင်တာဗျူးခြင်း၊ တိုင်းတာခြင်းများ၊ ဓာတ်ခွဲခန်းစမ်းသပ်မှုများ၊ ဓာတ်မှန်များဖြင့် စစ်ဆေးခဲ့ပါတယ်။
▪️ ၁၀ နှစ်မတိုင်ခင် အပျိုဖော်ဝင်သူတွေက နောက်ပိုင်းမှာ အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးပြဿနာများ၊ မျိုးပွားပြဿနာများ ဖြစ်လာနိုင်ခြေ များစေပါတယ်။
▪️ ဒါတွေကို သိရှိနားလည်ခြင်းဖြင့် အဆိုပါရောဂါအခြေအနေတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ တီနာနိုက ပြောပါတယ်။
▪️ အပျိုဖော်ဝင်ချိန်နောက်ကျခြင်းက အရိုးသိပ်သည်းဆ တည်ဆောက်ရာမှာ ပါဝင်တဲ့ အဓိကဟော်မုန်း အီစထရိုဂျင်နဲ့ နောက်ကျမှ ထိတွေ့တဲ့သဘောဖြစ်ပါတယ်။
▪️ ယနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယခင်ကထက် ဘာကြောင့်စောပြီး အပျိုဖော်ဝင်လဲဆိုတာကို တိတိကျကျ မပြောနိုင်ပါဘူး။
#Source: New York Post
#World_Health
Published 03 August 2025
▪️ ဂွာဒီလုမှ အမျိုးသမီးတစ်ဦးဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး သွေးအမျိုးအစားပိုင်ဆိုင်ထားပါတယ်။
▪️ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး Gwada negative သွေးအမျိုးအစားဝင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်ပါတယ်။
▪️ ဒါကိုတွေ့ရှိတဲ့ ပြင်သစ်သွေးအဖွဲ့အစည်း သိပ္ပံပညာရှင်များက မီလန်ကွန်ဂရက်မှာ ဖော်ပြသွားပါတယ်။
▪️ ၂၀၀၁ ခုနှစ် ပဲရစ်မှာနေစဉ်က သွေးစစ်ဆေးမှုများ ပြုလုပ်ရာမှာ ဆရာဝန်တွေက သူမနဲ့ သွေးအမျိုးအစားကိုက်ညီသူကို ရှာမရခဲ့ပါဘူး။
▪️ ၂၀၁၉ မှာတော့ အဆင့်မြင့်နည်းပညာဖြင့် လူနာရဲ့ မျိုးဗီဇပစ္စည်းတစ်စုံလုံးကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ PIGZ မျိုးဗီဇမှာ ပြောင်းလဲမှုဖြစ်ပေါ်နေကာ မိဘတွေကလည်း အဆိုပါ ဗီဇပြောင်းလဲခြင်းမျိုး ရှိနေပါတယ်။
▪️ ဒီအမျိုးသမီးရဲ့သွေးက ကမ္ဘာပေါ်မှာ သူတစ်ဦးတည်းသာရှိတယ်လို့ ဇီဝပညာရှင် သီယာရီပေရတ်က ပြောပါတယ်။
▪️ သွေးအုပ်စုစနစ်တွေက သွေးထိုးသွင်းရာမှာ မရှိမဖြစ်လိုအပ်ပြီး အမျိုးအစားမတူတဲ့ သွေးတွေဆိုရင် ခန္ဓာကိုယ်က လက်မခံပါဘူး။
▪️ ABO နဲ့ Rh သွေးအမျိုးအစားတွေအရ အဓိကအားဖြင့် သွေးအုပ်စုကြီး ၈ မျိုးရှိပေမယ့် အုပ်စုငယ်တွေနဲ့ဆိုရင် ၄၅ မျိုးရှိထားပါတယ်။
▪️ ဒီအမျိုးအစားရှိတဲ့ တခြားသူတွေရှိမလားဆိုတာကို စူးစမ်းလေ့လာဖို့ သုတေသီတွေ စီစဉ်နေကြပါတယ်။
▪️ ရှားပါးသွေးအမျိုးအစားပိုင်ရှင်တွေကို ပိုမိုဂရုစိုက်သွားရမယ့် သဘောဖြစ်ကြောင်း သွေးအဖွဲ့အစည်းက ပြောထားပါတယ်။
#Source: New York Post
ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်တိုမှ ယာယီနေရာတွေမှာ နေထိုင်ခိုလှုံ့နေကြသူတွေဟာ အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက် ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်နေကြပြီး နေအိမ်တွေကို ပြန်ချင်ပြီလို့ ပြောနေကြပါတယ်။
#Asia_Crisis
Published 02 August 2025
#ထိုင်း-ကမ္ဘောဒီးယား #နေထိုင်ခိုလှုံ့
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 02 August 2025
၁။ လွိုင်ကော်စက်မှုဇုန်ရှိလုပ်ငန်းများအရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရန် ကူညီမည်
၂။ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ငါးထောင်အထိရှိလာပြီး ၂၆ ဦး ၊ ေ-သဆုံး
၃။ ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသည့် မြန်မာအမျိုးသမီးများ အပြန်လေယာဉ်လက်မှတ်ခ စပေါ်ငွေပေးသွင်းခြင်းကို သံရုံးဘဏ်အကောင့်သို့ တိုက်ရိုက်ပေးသွင်းရမည်ဟုဆို
၄။ ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲကြောင့်စစ်ဘေးရှောင်နေကြသူများ နေရပ်ပြန်ချင်နေကြပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 2 August 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲလမ်းဆုံတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်း အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ၂.၈.၂၀၂၅ ရက်နေ့၊ ၁၁ နာရီ ၀၅မိနစ် အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲလမ်းဆုံရှိ အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကို ၁၁ နာရီ ၂၂ မိနစ်အချိန် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ယခုလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောအစီး ၆၀ ဝင်ရောက်ဆိုက်ကပ်မှာဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။
#Local_News
Published 02 August 2025
#ရန်ကုန်ဆိပ်ကမ်း #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/SW #Yangon_Times
ကိုရီးယားနိုင်ငံသားနဲ့ လက်ထပ်ထားတဲ့ မြန်မာနိုင်ငံသူတွေပေးသွင်းရမယ့် Return Air-ticket Fee ကို ငွေသားလက်ခံခြင်းမှ မြန်မာသံရုံးငွေစာရင်းသို့ တိုက်ရိုက်ပေးသွင်းတဲ့စနစ်နဲ့ ပြောင်းလဲဆောင်ရွက်သွားမယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထားပါတယ်။
#Local_News
Published 02 August 2025
#ကိုရီးယားနိုင်ငံသား #မြန်မာသံရုံး
#YMG/NN #Yangon_Times
ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်အတွင်းက စက်မှုလုပ်ငန်းတွေအရှိန်အဟုန်နဲ့ လည်ပတ်လုပ်ကိုင်နိုင်ဖို့ နိုင်ငံတော်က ကူညီသွားမယ်လို့ ကယားပြည်နယ်စက်မှုဇုန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားမှာပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကပြောကြားခဲ့ပါတယ်။
#Local_News
Published 02 August 2025
#လွိုင်ကော်စက်မှုဇုန် #ကယားပြည်နယ်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံမှာ အခုနှစ်အတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားသူ ငါးထောင်အထိရှိလာပြီး ၂၆ ဦး ေ-သဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 02 August 2025
#သွေးလွန်တုပ်ကွေး #ကျန်းမာရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 2 August 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများအား ဒေါ်လာ ၁သန်းကျော်ကို ယမန်နေ့ကထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ CMP ကုမ္ပဏီများထံမှဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁.၀၄၂ သန်းကို ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် အမေရိကန်ဒေါ်လာ ၄၃၄၄၈၇ ကိုလည်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံကိုလည်း ရောင်းပေးချပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 August 2025
▪️ ယခုနှစ်ခုနှစ်လတာအတွင်း လူငယ်သင်တန်းကျောင်းအပါအဝင်အကျဉ်းထောင်နှင့် စခန်းပေါင်း ၂၀သို့ အကျဉ်းကျ၊ အချုပ်အနှောင်ခံနေရသူများအား အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်းရှိ မရှိတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သိရသည်။
▪️ အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံနေရသူများ၊ ထိန်းသိမ်းစောင့်ရှောက်ထားခြင်း ခံရသူများကို လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ မရှိတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
▪️ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာအကျဉ်းထောင် ၅ ခု၊ အချုပ်
ထောင် ၁ ခု၊ အကျဉ်းစခန်း ၇ခု၊ ရဲစခန်း အချုပ်ခန်း ၄ ခု၊ တရားရုံးအချုပ်ခန်း ၁ ခု၊ လူငယ်သင်တန်းကျောင်း ၂ ခုနှင့် ဘိုးဘွားရိပ်သာ ၄ ခုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများသို့ အကြံပြုချက်၁၇၉ ချက် ပေးပို့ခဲ့သည်။
▪️ ထို့အပြင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိမြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည်တိုင်တန်းချက် ၁၅၉ စောင်ကို လက်ခံရရှိခဲ့ရာ တိုင်တန်းစာ စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းအဝေး ၂၉ ကြိမ်ကျင်းပ၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_2 August
▪️ လူငယ်စုံတွဲများအား Sex Video ရိုက်ကူး၍ Live လွှင့် သူများနှင့် တရုတ်ဇနီးမယားပြုလုပ်ရန် ကြိုးပမ်းသူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ် ၊ အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
▪️ အဆိုပါ ဖြစ်စဉ်များမှာ ရန်ကုန်တိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့ကာ ဇူလိုင်လ၂၉ ရက်နှင့် ဇူလိုင်လ ၃၀ ရက်တို့တွင်အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ အသက် ၂၆ နှစ်အရွယ် မောင် ----နှင့် ၎င်း၏ ရည်းစားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မ----တို့မှ ခင်မင်ရင်းနှီးသည့် ရွှေပြည်သာမြို့နယ်နေ မယုဝတီထံ အလုပ်လုပ်လို ကြောင်း အကူအညီ တောင်းခံခဲ့ရာ မယုဝတီမှ အလုပ် ရမည်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာ သို့ လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ နေအိမ်၌ မယုဝတီ နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား ဒါရိုက်တာ အားဂျယ်၊ ကြီးကြပ်သူ Lin Ter Sex Video ရိုက်ကူး သူ Wang Xiaofeng တို့နှင့်အတူ လူငယ်စုံတွဲနှစ်တွဲ အား တွေ့ရှိခဲ့ရကြောင်း သိရသည်။
▪️ ၎င်းတို့ စုံတွဲသုံးတွဲအား Sex Video ရိုက်ကူးသည့် အလုပ်လုပ်ကိုင်ရမည်၊ လုပ်အားခအနေဖြင့် တစ်လလျှင် ငွေကျပ် ၁၁ သိန်းမှ ၁၆ သိန်း ခန့် ရရှိမည်ဟု စည်းရုံးပြောဆို၍ Sex Video သုံးကြိမ်စီရိုက်ကူးကာ ချီတိုက် Application မှတစ်ဆင့် Live လွှင့်တင် ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ယင်းကြောင့် Sex Video ရိုက်ကူးကာ Live လွှင့်တင် ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများဖြစ် သည့် မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား အားဂျယ် (တိမ်း ရှောင်)၊ Lin Te နှင့် Wang ngတို့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း (ပ) ၃၂၅/၂ဝ၂၅၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေး ခွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်လ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့ (၃၈)၊ စစ်ခုံရုံး ဥက္ကဋ္ဌက ဖမ်းမိတရားခံ ငါးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)(ခ)အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် နဝဒေးအိမ်ရာနေ သူဇာစိုး(ခ)သူသူနှင့် ခင်ပွန်းဖြစ်သူတရုတ်နိုင်ငံသား ရီဘော်(VIBO) တို့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ မ ၂၆/ ၂၅ နှစ်နှင့် ၂/၂၀၂၅နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းနေထိုင်ပါက မိဘများအား ထောက်ပံ့ ပေးနိုင်မည်ဟု စည်းရုံးပြောဆိုပြီး တရုတ် နိုင်ငံသား ချောင်ချုံးချွင် (Cao Qiu Quan)၊ ချန်းဟွမ်(Chen Huan) ဆိုသူတို့နှင့် ငွေကျပ်သိန်း ၁၂၀ ဖြင့် တောင်းရမ်းလက်ထပ်ထိမ်းမြားပေးကာ သူဇာစိုးငှားရမ်းနေထိုင်သည့် နဝဒေးအိမ်ရာ၌ အိမ်ခန်းတစ်ခန်းစီတွင် ပေါင်းသင်းနေထိုင်စေပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၂၆၆/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကာ ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံး ဥက္ကဋ္ဌမှ တရားခံ သူဇာစိုး(ခ)သူသူ၊ တရုတ်နိုင်ငံသား ရီဘော် (VIBO)၊ ချောင်ချုံးချွင် (Cao Qiu Quan) နှင့် ချန်ဟွမ့်(Chen Huan) တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅အရ ထောင်ဒဏ်တစ်သက်ကျ ခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် နေ ဇော်မင်းလှ(ခ)ရဖစ်နှင့် ဇနီးဖြစ်သူ ယွန်းကာ ရံချိုတို့က ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ မ——(၂၀/၂၀၂၅ နှစ်အား လူမှုကွန် ရက် Tik Tok ၌ @Baby 31.0 အကောင့်မှ တစ်ဆင့် ပြည့်တန်ဆာ လုပ်ကိုင်ပါက တစ်ညလျှင် ငွေကျပ် နှစ် သိန်း ကျပ်ရမည်၊ တရုတ်နိုင်ငံသို့သွားရောက်၍ တရုတ်မယား လုပ်ကိုင် ပါက ငွေကျပ် သိန်း ၇၀ ရမည်၊ လစဉ် ငွေ ကျပ် ၁ဝ သိန်း ရမည်ဟု စည်းရုံးပြောဆို၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ နေအိမ်သို့ ခေါ်ယူစုဆောင်း ခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောက်ျား ထံရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ် ရယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် သောင်ကြီးနယ်မြေရဲစခန်း(ပ) ၅၈၃/ ၂ဝ၂၅၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက် တွင် စစ်ခုံရုံးအဖွဲ့ (၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌက တရားခံ ဇော်မင်းလှ(ခ)ရဖစ်နှင့် ယွန်းကာရံချိုတို့ကို လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ ထောင်ဒဏ်တစ်သက်ကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေ စံပယ်ချိုက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နေ မ ၁၅/၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Toky တစ်ဆင့် တရုတ်နိုင်ငံရှိ ငါးစက်ရုံနှင့် ဆေးလိပ်စက်ရုံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၃၅၀၀ မှ ၄၀၀၀ ခန့်အ ထိရမည်၊ သွားရောက်လုပ်ကိုင်လိုပါက လာရောက်ခေါ်ဆောင် ပေးမည်ဟု စည်းရုံးပြောဆိုပြီး လိပ်စာတူနေ ဇော်မင်းလှ (ခ)ရဖစ် နှင့် ဇနီးဖြစ်သူယွန်းကာရံချိုတို့၏အစီအစဉ်ဖြင့် ရန်ကုန်မှမြစ်ကြီးနားမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ မြစ်ကြီးနားမြို့တွင် အောင်ဆန်း က လာရောက်ခေါ်ဆောင်ပြီး ကံပိုင်တည်မြို့ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်ရှိ တရုတ်အမျိုးသား ရှောမန် ဆိုသူ၏နေအိမ်သို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇော်မင်းလှ(ခ)ရဖစ်ပါ လေးဦးကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်း(ပ) ၃၈၅/ ၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့ (၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌမှ ဖမ်းမိတရားခံ ဇော်မင်းလှ(ခ)ရဖစ်၊ ယွန်းကာရံချိုနှင့် စံပယ်ချိုတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင်တူ မကွေးတိုင်းဒေသကြီး အောင်လံမြို့နေ သူသူဝင်း(ခ) မသူနှင့် ခင်ပွန်းဖြစ်သူ မြင့်အောင် တို့က တစ်မြို့တည်းနေ မ ၁၇/၂၀၂၅ နှစ် နှင့် မ——- ၂၄/၂၀၂၅ နှစ် တို့ကို တရုတ်ဇနီးမယား အဖြစ် လုပ်ကိုင်ပါက ငွေကျပ် သိန်း ၈ဝ ရမည်၊ ကလေးမွေးပေးရမည်၊ တစ်နှစ် စာချုပ်ချုပ်ရမည်၊ တစ်နှစ်ပြည့်ပါက ပြန် ခေါ်ပေး မည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် စီစဉ်ဆောင်ရွက် ခဲ့ကြသဖြင့် ပြည်ကြီးတံခွန်မြို့ မရဲစခန်း (ပ) ၈၃/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်လ ၃၀ ရက်တွင် မဟာအောင်မြေ ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သူသူ ဝင်း(ခ)မသူကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ မြင့်အောင်ကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
Page 330 of 2056