#Local_News
Published 13 October 2025

▪️ ASEAN New Delhi Committee (ANDC) ၏ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားသံရုံးက ကြီးမှူး ကျင်းပသည့် အာဆီယံဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများ၊ မြန်မာ့ကျောက်စိမ်းရတနာများပါဝင်ပြသခဲ့ ကြောင်း သိရသည်။

▪️ ၂၀၂၅ ခုနှစ် အာဆီယံဈေးရောင်းပွဲတော်ကို ၁၁-၁၀-၂၀၂၅ ရက်နေ့ ၁၂:၀၀ နာရီ အချိန်တွင် နယူးဒေလီမြို့ရှိ မလေးရှားသံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးဝန်ထမ်းမိသားစုများ ပါဝင်တက်ရောက်ခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကိုယ်စားလှယ်များနှင့် အတူ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့နောက် အာဆီယံသံရုံးများက သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

▪️ အဆိုပါ အာဆီယံဈေးရောင်းပွဲတော်ကို နေ့လယ်(၁၂:၀၀)အချိန်မှ ညနေ(၁၆:၀၀)အချိန်ထိ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲ၊ ထမင်းကြော်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြခန်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများ၊ မြန်မာ့ကျောက်စိမ်းရတနာများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးစာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times