#World_Science
Published 07 August 2025
▪️ ရူပဗေဒပညာရှင်တွေဟာ နေ့စဉ်အသုံးပြုနေတဲ့ သတ္တုတွေမှာ သံလိုက်အချက်ပြမှုတစ်ခု ရှိသင့်တယ်ဆိုတာကို ရာစုနှစ်တစ်ခုကျော်တိုင်အောင် သိနေကြပေမယ့် တွေ့တော့မတွေ့ရှိခဲ့ပါဘူး။
▪️ အခုတော့ လေဆာအပြာတန်းတစ်ခု အသုံးပြုပြီး သမားရိုကျနည်းပညာကို နှိုးဆွအသုံးချခြင်းဖြင့် Hall effect ဆိုတဲ့ မတွေ့ရှိခဲ့တဲ့ဖြစ်စဉ်ကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီနည်းလမ်းဖြင့် သတ္တုပစ္စည်းတွေမှာ သံလိုက်လက္ခဏာတွေ ပုန်းကွယ်နေတာကို ထုတ်ဖော်ရုံမက ရူပဗေဒ၊ ကွမ်တန်နည်းပညာများ၊ အီလက်ထရွန်နစ်ဒီဇိုင်းတွေမှာပါ ကဏ္ဍအသစ် ဖြစ်လာနိုင်ပါတယ်။
▪️ သုတေသီအဖွဲ့တစ်ဖွဲ့က အလင်းနဲ့ မြင်ကွင်းနည်းစနစ်ကိုသာ အသုံးပြုပြီး နေ့စဉ်ထိတွေ့နေတဲ့ သတ္တုတွေထဲက သံလိုက်အချက်ပြလက္ခဏာ မှိန်မှန်လေးကို ကြံကြံဖန်ဖန် ဖန်တီးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ၄၄၀ နာနိုမီတာလေဆာနဲ့ သံလိုက်စက်ကွင်းချိန်ညှိချက်ပါဝင်တဲ့ MOKE စနစ်ဖြင့် သံလိုက်အားကို ဖမ်းယူခဲ့ပါတယ်။
▪️ ဒီတွေ့ရှိချက်က ဝင်ရိုးလည်ပတ်ခြင်း၊ ကွမ်တန်စနစ်များနဲ့ သံလိုက်မှတ်ဉာဏ်ပုံစံတို့နဲ့ ဆက်စပ်တဲ့အခြင်းအရာတွေ တွေ့ရှိလာပါတယ်။
▪️ ဒီနည်းလမ်းဟာ ဝါယာတွေအစား လေဆာများဖြင့် သံလိုက်အတိုင်းအတာတွေကို အကျယ်ချဲ့မြင်စေပြီး အီလက်ထရွန်နစ်နဲ့ ကွမ်တန်တွက်ချက်မှုတွေမှာ တိုးတက်မှုတွေကို အထောက်အကူ ဖြစ်စေပါတယ်။
▪️ ဒါက သံလိုက်စွမ်းအားကို စူးစမ်းခြင်း၊ လျင်မြန်စွာ တွက်ချက်မှုတွေ၊ စွမ်းအင်သက်သာစေမယ့် စနစ်တွေအတွက် ဖောက်ထွင်းစရာမလိုတဲ့ ကိရိယာ ဖြစ်လာစေမှာပါ။
Source: SciTechDaily.
#World_Health
Published 07 August 2025
▪️ ရင်သားကြီးနေတဲ့ ယောက်ျားတစ်ယောက်က သူ့ရင်သားတွေကို ခွဲစိတ်ဖယ်ရှားပစ်ချင်နေတာကြောင့် အလှူငွေကောက်ခံနေပါတယ်။
အသက် ၃၁ နှစ်ရှိတဲ့ သာဘိုမက်သီက အသက် ၁၀ နှစ်တည်းက ရင်သားတွေ ဖွံ့ဖြိုးလာတာကို သတိပြုမိခဲ့ပါတယ်။
▪️ ကျောင်းမှာဆိုရင် တခြားကလေးတွေက သူ့ရင်သားဟာ မိန်းမတွေထက် ပိုကြီးတယ်လို့ လှောင်ပြောင်ခဲ့ကြပါတယ်။
▪️ သာဘိုဟာ အပေါ်အင်္ကျီကို အများရှေ့မှာ ချွတ်မပြရဲတာကြောင့် ရေကူးခြင်းလိုမျိုး အားကစားတွေမှာ မပါဝင်ခဲ့ပါဘူး။
▪️ ဆရာဝန်တွေနဲ့ ပြသရာမှာ ယောက်ျားတွေမှာ ရင်သားဂလင်းတစ်ရှူးတွေ များပြားနေတဲ့ gynaecomastia ရောဂါလို့ သိခဲ့ရပါတယ်။
▪️ ဒီအတောအတွင်း ရင်ဘတ်ကိုဖုံးကွယ်နိုင်ဖို့ တီရှပ်အင်္ကျီဆိုဒ်ကြီးတွေကိုသာ ဝတ်ဆင်နေထိုင်ခဲ့ပါတယ်။
▪️ ဒီအတွက် လိုအပ်တဲ့ ခွဲစိတ်မှုပြုလုပ်ဖို့ ၈,၇၄၁ ဒေါ်လာအတွက် GoFundMe အလှူခံကိစ္စ တည်ထောင်ထားပါတယ်။
▪️ အင်္ကျီချွတ်မပြချင်တာကြောင့် ဘယ်သူနဲ့မှမတွဲတာ ကြာခဲ့ပြီဖြစ်ပြီး တစ်ခါတလေမှာ ဓားဖြင့်လှီးဖြတ်ချင်စိတ် ပေါက်တယ်လို့ ဆိုပါတယ်။
▪️ အပြေးလေ့ကျင့်ခန်းတွေ၊ ဝိတ်မတာတွေလုပ်ခဲ့တဲ့အပြင် အမျှင်ဓာတ်များများဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စတင်စားသောက်ခဲ့ပါသေးတယ်။
▪️ သူ့ရဲ့ရောဂါက ဟော်မုန်းမညီမျှခြင်းနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။
▪️ ငွေအလုံအလောက် ရှိလာတဲ့အခါ ခွဲစိတ်မှုလုပ်ဖို့ ချက်ချင်းစာရင်းသွင်းသွားမယ်လို့ ပြောသွားပါတယ်။
Source: New York Post.
August 6, 2025,Nay Pyi Taw- Two private companies will begin exploration for oil and natural gas in three onshore blocks in the Pyae (Pyay) Sedimentary Basin region.
The two private companies, HNA Myanmar Oil & Gas Ltd and Future Engineering & Gold, Mining Co., Ltd, signed production sharing contracts with the Myanma Oil and Gas Enterprise, which is under the Ministry of Energy. The signing ceremony took place today, August 6, at the Ministry of Energy in Nay Pyi Taw.
According to a press release from the Ministry of Energy, HNA Myanmar Oil & Gas Ltd will carry out increased oil extraction operations in onshore blocks IOR-4 (Pyae region) Area-1 and IOR-6 (Myanaung region) Area-3. Meanwhile, Future Engineering & Gold, Mining Co., Ltd. will perform similar work in block IOR-7 (Shwepyithar region) Area-2.
Union Minister for Energy U Ko Ko Lwin, who presided over the contract signing ceremony, stated, "The Pyae, Myanaung, and Shwepyithar oil fields, which are located in the larger Pyae Sedimentary Basin, have a great history and good potential. We believe that if we can carry out exploration, evaluation, and drilling using modern technologies and equipment, it will be very beneficial for the state and will be successful."

Officials from the private companies and senior officials from the Ministry of Energy also attended the signing ceremony.
The Ministry of Energy has been allowing Local entrepreneurs to operate 10 onshore blocks in mature oil fields under a production sharing contract system. According to the Ministry's press release, the first block approved in October 2024 is already producing natural gas, which is being used to provide electricity to that region.
#ymg/knl
၆ ဩဂုတ် ၂၀၂၅
ကုန်းတွင်းလုပ်ကွက်တွေဖြစ်တဲ့ “ပြည်” အနည်ကျချိုင့်ဝှမ်းကြီး ဒေသ(၃)ခုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်လုပ်နိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီ(၂)ခုက စတင်ဆောင်ရွက်တော့မယ်လို့သိရ ပါတယ်။
အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီ (၂)ခုကတော့ HNA Myanmar Oil & Gas Ltd နှင့် Future Engineering & Gold, Mining Co., ltd တို့ဖြစ်ကြပြီး စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် ယင်းကုမ္ပဏီများ ဩဂုတ် ၆ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် စာချုပ်များလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါတယ်။
HNA Myanmar Oil & Gas Ltd ကုမ္ပဏီသည် ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁ နှင့် IOR-6 (မြန်အောင်ဒေသ) ဧရိယာ - ၃ တို့တွင်လည်း ကောင်း၊Future Engineering & Gold, Mining Co., ltd. သည် IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ တွင်လည်းကောင်း ရေနံ အထွက်တိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ယနေ့စာချုပ်ချုပ်ဆိုမည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာရေနံမြေ တို့သည် ပြည်အနည်ကျချိုင့်ဝှမ်းကြီးအတွင်း တည်ရှိသည်ဖြစ်ရာ အစဉ်အလာကောင်းများနှင့် အလား အလာ ကောင်းများရှိသည့် ရေနံမြေများဖြစ်သဖြင့် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများ အသုံး ပြု၍ ရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော် အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး အောင်မြင်မည်ဟုလည်းယုံကြည်တယ်”လို့ အဆိုပါ စာချုပ်ချုပ် ဆိုပွဲကို ဦးဆောင်တက်ရောက်တဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အခမ်း အနားမှာပြောကြားခဲ့ပါတယ်။
စာချုပ်ချုပ်ဆိုပွဲတွင် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အတူ အဆိုပါပုဂ္ဂလိကုမ္ပဏီ များမှ တာဝန်ရှိသူတွေ၊ စွမ်းအင်ဝန်ကြီးဌာန ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
စွမ်းအင်ဝန်ကြီးဌာနသည် သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက်(၁၀)ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခွင့်ပြုပေးလျက်ရှိတယ်လို့ လည်း သိရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်အနေဖြင့် ယခုအချိန်တွင် သဘာဝ ဓာတ်ငွေ့များထုတ်လုပ်နေပြီး ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပြီဖြစ်တယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#ymg/knl
တရုတ်ပြည် ရှန်တုံပြည်နယ် ဟိုင်ယန်မြိုမှ ဟိုင်ယန်နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ အမှတ် ၃ အတွက် အစိတ်အပိုင်းကြီးများအားလုံးကို အောင်မြင်စွာ တပ်ဆင်ပြီးမြောက်ခဲ့ပြီဖြစ်ပြီး စီမံကိန်းကြီး ဆောက်လုပ်ရေးရဲ့ အဓိကမှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။
#Asia_Industry
Published 06 August 2025
#တရုတ်ပြည်ရှန်တုံပြည်နယ် #ဟိုင်ယန်နျူကလီးယာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 06 August 2025
၁။မဲခေါင်-လန်ချန်း ရန်ပုံငွေဒေါ်လာ(၃.၃)သန်းကို တရားဝင်လွှဲပြောင်းပေးအပ်
၂။ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှုများကိုဒုတိယအဆင့် စစ်ဆေးမှုပြုလုပ်မည်
၃။ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်သို့ဆန်အများဆုံးတင်ပို့
၄။ တရုတ်ပြည်ရှိ ဟိုင်ယန်နျူကလီးယားဓာတ်အားပေးစက်ရုံအမှတ်(၃)အတွက် အစိတ်အပိုင်းကြီးများအားလုံးတပ်ဆင်ပြီးမြောက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 August 2025
▪️ မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၌ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
▪️ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကြီးပင်ကန်(အနောက်) ကျေးရွာအနီး အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းအပါအဝင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးနေခြင်းဖြစ်သည်။
▪️ ထိုသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်နှင့် မြို့နယ်တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် စိုက်ပျိုးရေရရှိရေးအတွက် စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုနှစ်စိုက်ပျိုးရာသီတွင် အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းဧရိယာအတွင်း အကျိုးပြုဧရိယာဧကပေါင်း ၁၅၀ ရှိသည့်အနက် မိုးစပါး ၇၈ ဧကနှင့် အခြားသီးနှံ ၇၂ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဧကပေါင်း ၈၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ မင်းဘူး(စကု) မြို့နယ်၌ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း၊ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှင့် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းဟူ၍ စီမံကိန်းလုပ်ငန်းပေါင်းသုံးခုရှိပြီး ယင်း စီမံကိန်းလုပ်ငန်းများတွင် အကျိုးပြုဧရိယာပေါင်း ၁၆၆၂ ဧကရှိသည့်အနက် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၁၀၀၆ ဧကနှင့် အခြားသီးနှံ ၆၅၆ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးဧကပေါင်း ၃၇၂ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။
▪️ ယင်းသီးနှံစိုက်တောင်သူများအတွက် သီးနှံစိုက်ပျိုးချိန်ကာလအတွင်း စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ငလျင်ဘေးကျရောက်တဲ့ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာတွေကို စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Asia_Industry
Published 06 August 2025
#အာမခံလုပ်သားများအကျိုးခံစားခွင့် #ငလျင်ဘေးအန္တရာယ်
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ဇူလိုင်လအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 06 August 2025
#ဆန်နှင့်ဆန်ကွဲ #တရုတ်သို့ဆန်အများဆုံးတင်ပို့
#YMG/NN #Yangon_Times
အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှု တွေကို အခုလနှောင်းပိုင်းမှာ ဒုတိယအဆင့် စစ်ဆေးမှု ပြုလုပ်သွားမယ်လို့ အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့၊ ဒေသဆိုင်ရာ ရှေး
ဟောင်းသုတေသနနှင့် အနုပညာဌာန (SEAMEO SPAFA )အဖွဲ့က အသိပေးထားပါတယ်။
#Local_News
Published 06 August 2025
#ရှေးဟောင်းအမွေအနှစ် #အင်အားပြင်းငလျင်
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်မှ အမေရိကန်ဒေါ်လာ (၃.၃) သန်းခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 06 August 2025
#မဲခေါင်-လန်ချန်း #တရုတ်ပြည်သူ့သမ္မတနိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 06 August 2025
▪️ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
▪️ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့က နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ တိုင်းဒေသကြီး၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိသည့် ဌာနဖြစ်သည့်အားလျော်စွာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းမူဘောင်ထဲမှ လုပ်ငန်းများကို မြန်ဆန်လွယ်ကူအောင် ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ မျှော်မှန်းသက်တမ်းတိုးမြှင့်ရေးတွင် ပြည်သူလူထုစားသုံးသည့် အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးပါကြောင်း၊
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO Certificate) များရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများကို လုပ်ငန်းရှင်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
▪️ ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
#YMG/SW #Yangon_Times
Page 326 of 2056