၁၃ ဖေဖော်ဝါရီ ၂၀၂၄
စစ်မှုထမ်းဟောင်းတစ်ဦးအား စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်တဲ့ အရန်တပ်ဖွဲ့ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ စတင် အာဏာတည်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဖေဖော်ဝါရီ၁၃)ရက်တွင် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ဥပဒေကို ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ (၄)ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှုးကြီးသန်းရွှေ လက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်ပါတယ်။
သို့သော် အဆိုပါဥပဒေ ပုဒ်မ(၁)၊ ပုဒ်မခွဲ(ခ)တွင် ဥပဒေအာဏာတည်သည့်ရက်ကို အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ် ရမည် ဟုပါရှိသော်လည်း ယခင်အစိုးရအဆက်ဆက်တွင် အာဏာတည်သည့်အမိန့်ထုတ်ပြန်ခဲ့ခြင်းမရှိခဲဘဲ ယခု နစကလက်ထက် တွင် အာဏာတည်သည့်အမိန့်ကို ယခုကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက်မှ စ၍ ငါးနှစ်အထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိပါတယ်။
ယင်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက်နုတ်ထွက်သော သို့မဟုတ် အငြိမ်းစားယူသော စစ်မှုထမ်းတစ်ဦးအား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေများအတွက် ဖြစ်စေ၊ စစ်မှု ထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသူအား တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့သောနောက်ဆုံးအဆင့်နှင့် စစ်ဝတ်စုံ တို့ကို သုံးစွဲ ခွင့်ပြုနိုင်ကြောင်းသိရပါတယ်။
ဥပဒေအရ အရန်တပ်ဖွဲ့ဝင်တစ်ဦးသည် တပ်မတော်မှရရှိသော အငြိမ်းစားလစာအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတ်မှတ် သော အကျိုးခံစားခွင့်များကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။
(မူရင်းဥပဒေအပြည့်အစုံကို လေ့လာနိုင်ရန် သီးခြားဖော်ပြပေးထားပါတယ်)
@ymg/knl
၁၃ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေအရ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်နှင့် ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီ ၁၃ရက်က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးရာမှာ ယခုလို ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ယင်းဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး၊ အထူးသဖြင့်ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေနှင့် ပတ်သက် ၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန် ထုပ်ဝန်ပိုးမဖြစ်ရန်လိုတယ်လို့လည်း ဗိုလ်ချုပ် မှူးကြီးကပြောတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ယနေ့တွင် စတင် ထုတ်ပြန်မည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပြီး စစ်မှုထမ်းဟောင်းများအနေဖြင့်နိုင်ငံတော်၏ ကာကွယ်ရေး အင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ဆက်လက်ပြောဆို ပါတယ်။
သို့သော် စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ယင်းဥပဒေနှစ်ရပ်ကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေ မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်တွက် နိုင်ငံ၏စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန်နေရန် လိုတယ်လို့လည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောဆိုတဲ့အကြောင်း သတင်းမှာဖော်ပြထားပါတယ်။
ထို့အပြင် နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲလက်နက်ကိုင်၍ တောင်း ဆိုခြင်းကို တပ်မတော် အနေဖြင့် လုံးဝလက်ခံမည်မဟုတ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထပ်မံအသိပေးပြောကြားပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီ ထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမယ်လို့လည်း ပြောပါတယ်။
လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်းနှင့်ထိုသို့ဆောင် ရွက်ပေး မည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမယ်လို့ ဗိုလ်ချုပ်မှူးကြီးက ထုတ်ဖော်ပြောကြားပါတယ်။
တက်ရောက်လာကြတဲ့ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီ များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြတယ်လို့သိရပါတယ်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ဥပဒေရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာသီတာဦး၊ နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးစစ်အေးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေးခဲ့ကြတယ် လို့ နစကရဲ့သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းနောက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် လည်း စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးက နိဂုံးချုပ်စကားပြောကြားရာမှာ ထည့်သွင်းပြောကြား ခဲ့ပါ တယ်။
လက်ရှိအချိန်သည် လာမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေသည့်ကာလဖြစ်ပြီး လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း နိုင်ငံရေးပါတီများကို ဗိုလ်ချုပ်မှူးကြီးက အသိပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်။
တွေ့ဆုံပွဲသို့နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ သီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
@ymg/knl
ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ အစာရေစာ ပြတ်လပ်မှု ပိုမိုဆိုးရွားနေပြီး ထိုနေရာမှလူတွေဟာ ငတ်မွတ်ခြင်းကို ခံစားနေရကြောင်း CGTN သတင်းထောက်က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Crisis
Published_ 13 February 2024
#ပါလက်စ်တိုင်းလူမျိုး #အစာရေစာငတ်မွတ်ခေါင်းပါးမှုကြုံတွေ့နေရ
#YMG_News #Yangon_Times #Yangon_Media_Group
၁၃ ဖေဖော်ဝါရီ ၂၀၂၄
ဆီးရီးယားအနေဖြင့် နိုင်ငံထဲမှ မည်သည့် တရားမဝင်နိုင်ငံခြားတပ်များကိုမဆို ခုခံကာကွယ်ဖို့အရေးက ထိပ်တန်းဦးစားပေး ဖြစ်တဲ့အတွက် အစ္စရေးနှင့် စစ်ပွဲအသစ်တစ်ခုစတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆီရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆဲလ် မက်ဒက် က ထပ်မံပြောကြားလိုက်ပါတယ်။
Source CCTV+
#Daily_News
Published_ 13 February 2024
၁။ "မွန်ဘိုင်းရုပ်ရှင်ပွဲတော်"တွင် မြန်မာဇာတ်ကားများပါဝင်ပြသပြီး နိုင်ငံတကာရုပ်ရှင်ဈေးကွက်ထိုးဖောက်နိုင်
၂။ စပါးဈေးကောင်းခဲ့သည့်အတွက် နွေစပါးစိုက်ရာသီ၌ အထွက်တိုးစပါးများ စိုက်ပျိုးလာကြဟုဆို
၃။ မိုးနှမ်းရာသီကုန်ချိန်ကျော် လွန်နေသော်လည်း နှမ်းဈေး ထိုးမြင့်လာတာကြောင့် တောင်သူတွေရောင်းချမှုများနေ
၄။ ဂါဇာကမ်းမြောင်မြောက်ပိုင်းမှ ပါလက်စ်တိုင်းလူမျိုးများ အစာရေစာငတ်မွတ်ခေါင်းပါးမှုကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၃ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အချို့ကို လေ့လာနိုင်ရန် ဖော်ပြပေးအပ်ပါတယ်။ ယင်းအထဲမှကောက်နှုတ်ချက်တစ်ခုမှာ-
စိုးရိမ်ရန်မလို
-ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်း စစ်မှု ထမ်းရန် ခေါ်ယူမည်မဟုတ်။
-ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ် စတင်ပါမည်။
-ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်အကျုံးဝင်သူများကို အတင်း အဓမ္မခေါ်ယူ တာဝန်ထမ်းဆောင်စေမည် မဟုတ်ဘဲ ပညာသင်ကြား နေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေသူများ၊ ဆေးကုသမှုခံယူနေသူ များကို ယာယီရွှေ့ဆိုင်းပေးထားပါမည်။
@ymg/knl
CI စာအုပ်ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်နေသူတွေကို မဟာချိုင်မှာ ဖွင့်လှစ်ထားတဲ့ TDCC ရုံးခွဲမှာ နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားဖို့ လုပ်ဆောင်ပေးလျက်ရှိရာမှ စက်ရုံ အလုပ်ရုံတွေရဲ့ တင်ပြချက်အရ အခုလို mobile team နဲ့ စက်ရုံတွေအထိ သွားရောက်လုပ်ပေးဖို့ ဆောင်ရွက်ရတာဖြစ်တယ်ဆိုပါတယ်။
#Local_News
Published_ 13 February 2024
#CI စာအုပ်ကိုင်ဆောင်ထား #Mouလုပ်သား
#YMG/LW #Yangon_Times
"ချောင်းသာမှာ ကားလက်မှတ်တွေကုန်၊ ဟိုတယ်၊ တည်းခိုခန်းတွေပြည့်လျှံလို့ ရွာထဲကညအိမ်တွေမှာ တည်းခိုရတဲ့အထိ အခုပိတ်ရက်မှာစည်ကားခဲ့တယ်။ သုံးရက်ဆက်ပိတ်လို့ အခုနည်းနည်းပြန်ကျနေပြီး ကလေးများ စာမေးပွဲပြီး လကုန်ပိုင်းနဲ့ နွေရာသီကျောင်းပိတ်ချိန်မှာ ပြန်စည်မယ်" ချောင်းသာခရီးသွားလမ်းညွှန်
#Local_News
Published_ 13 February 2024
#ချောင်းသာကမ်းခြေ #ခရီးသွားသောင်းချီဝင်
#tthl #Yangon_Times
#Local_News
Published 13 February 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၅ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲမှူးရုံးမှ သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၁၅ ယောက်နှင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂၄ ယောက်၊ အမျိုးသမီး ၁၃ ယောက် စုစုပေါင်း ၃၇ ယောက်ရှိခဲ့ကြောင်းသိရသည်။
ထိုယာဉ်မတော်တဆမှုများမှာ အရှိန်ပြင်း၊ အိပ်ငိုက်၊ လမ်းကူးသူ ပေါ့ဆမှု၊ ဆိုင်ကယ်ပေါ့ဆမှုနှင့် မဆင်မခြင်မောင်းနှင်မှု စုစုပေါင်း ၁၃ မှုနှင့် ဘီးပေါက်မှု ၅ မှုရှိခဲ့ပြီး ဆုံးရှုးမှုတန်ဖိုး ငွေကျပ် သိန်း ၅၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့်ယာဉ်များကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ အရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။
#Local_News #ယာဉ်တိုက်မှုပေါင်း၁၈ ကြိမ် #၁၅ဦးသေဆုံး #YMG/ NN #Yangon-Times
မိုးနှမ်းက ရာသီကုန်ချိန်လွန်နေပြီ ဒါပေမယ့်အရှေ့လတွေမှာက နှမ်းဈေးကမရတော့ ကုန်သိုလှောင်နိုင်တဲ့ တောင်သူကြီးတွေက ထုတ်မရောင်းကျဘူး အခုနှမ်းဈေးက ပြန်တတ်လာတော့ မိုးနှမ်းရာသီကုန်ချိန် ဖြစ်ပေမယ့် တစ်နေ့ကို တင်း ၅၀၀ ကနေ ၁၀၀၀ကြား လာရောင်းကျတယ်။
#Local_News
Published_ 13 February 2024
#မိုးနှမ်းရာသီကုန်ချိန် #နှမ်းဈေးပြန်မြင့်လာ
#YMG/LW #Yangon_Times
#Local_News
Published-13 February 2024
၁၀လတာအတွင်း တရုတ်နိုင်ငံသို့ မြန်မာ့ တစ်သျှူးငှက်ပျော တန်ချိန် ၄ သိန်းကျော် တင်ပို့ထားကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇန်နဝါရီလကုန်အထိ ကံပိုင်တည်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေကနေ တရုတ်နိုင်ငံထံ တစ်သျှူးငှက်ပျောတန်ချိန် ၄၀၂,၁၉၁ နီးပါး တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ကုန်တင်ယာဉ် ၁၂၃၄၈ စီးဖြင့် တန်ချိန် ၄၀၂,၁၉၁ တင်ပို့ထားရာယခင်နှစ်ကထက်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၌ လက်တလောတွင် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့ရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၃၂ ခုရှိနေပြီး ဧက ၅၀,၀၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တစ်သျှူးငှက်ပျောကို ပြည်တွင်းစားသုံးမှုမရှိဘဲ ပြည်ပကို တင်ပို့ရောင်းချရန်အတွက်သာ ရည်ရွယ်စိုက်ပျိုးကြပြီးပြည်တွင်း၌ ကြိုက်နှစ်သက်မှုနည်းပါးကြောင်း သိရသည်။
တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်၌ မိုးမောက်၊ မံစီ၊ ရွှေကူနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငါးအိုးမြို့နယ်တို့မှာ အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
#Local_News #မြန်မာ့တစ်သျှူးငှက်ပျော #တရုတ်နိုင်ငံသို့တန်ချိန်၄သိန်းကျော်တင်ပို့ #YMG/ NN #Yangon-Times
စိုက်တဲ့အချိန်စက်သုံးဆီစျေးကသိကအောက်ဖြစ်လို့ အများကြီးမတိုးဘူး၊ ဒါပေမယ့် စပါးဈေးကောင်းခဲ့တော့အထွက်တိုးစပါးတွေစိုက်လာကြပြီး လုံ့လစိုက်ကြတယ်၊ ဂရုစိုက်တဲ့ကွင်းတွေဆိုရင် မနှစ်ကထဲကမှော်ဘီ၃ တို့ GW11တို့စပါးမျိုးတွေဆိုရင် တစ်ဧကတင်း(၂၀၀) ဝန်းကျင်ထွက်တဲ့ ကွင်းတွေတောင်ရှိခဲ့တယ်။
#Local_News
Published_ 13 February 2024
#နွေစပါးစိုက်ရာသီ #အထွက်တိုးစပါး
#YMG/NN #Yangon_Times
Page 321 of 1470