အကြိမ် ၂၀ မြောက် တရုတ်ဟွာဗျောင်ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက်နေ့ တရုတ်အရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ်မှ ချင်းဒေါင်ကမ်းရိုးတန်းမြိုမှာ ကျင်းပမှာဖြစ်ကာ ချင်းဒေါင်က ကမ္ဘာလုံးဆိုင်ရာရုပ်ရှင်လုပ်ငန်းရဲ့ အဓိကအချက်အချာနေရာအဖြစ် အခိုင်အမာဆောင်ရွက်နေပါတယ်။
#Asia_Entertainment
Published 25 Apirl 2025
#ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း #တရုတ်နိုင်ငံချင်းဒေါင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 Apirl 2025
၁။ ရုရှားက မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များဝယ်ယူမည်
၂။ အပါချီဘိလပ်မြေစက်ရုံမှ ဘိလပ်မြေတန်ချိန် ခြောက်သောင်း ထုတ်လုပ်ဖြန့်ချီပေးနေ
၃။ စက်သုံးဆီ တစ်လီတာ ၅၅ကျပ် မှ ၇၀ကျပ်အထိပြန်မြင့်တက်
၄။ တရုတ်နိုင်ငံ ချင်းဒေါင်သည် ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း အချက်အခြာနေရာဖြစ်လာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
25 April 2025
🔥 Tariff Escalation Timeline
In response, China imposes:
📊 Trade Impact
💸 Economic Consequences
🛠️ Strategic Responses
China’s Measures:
U.S. Considerations:
Source : Various News Sources
'မိုင်းဖုန်းဆရာတော်ကြီးရဲ့ မေတ္တာဓာတ်ခံယူပွဲကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရှိ ကိုးမိုင်သျှမ်းကျောင်း ပြုလုပ်ခဲ့ရာလာရောက်ဖူးမြှော်မေတ္တာဓာတ်ခံယူသူတပည့်ဒါယိကာ၊ ဒါယိကာမတွေများပြားခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 25 Apirl 2025
#မိုင်းဖုန်းဆရာတော်ကြီး #ကိုးမိုင်သျှမ်းကျောင်း
#YMG/NN #Yangon_Times
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ အထောက်အပံ့တွေဟာ အမြဲအခမဲ့ ဖြန့်ဝေ ပေးတာဖြစ်ပြီး အဆိုပါအထောက်အပံ့တွေကို ရောင်းချတာတွေတွေ့ရှိရင်ချက်ချင်းအ ရေးယူဆောင်ရွက်သွားမယ်လို့ WFP Myanmar မှ သိရပါတယ်။
#Local_News
Published 25 Apirl 2025
#ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် #ရောင်းချခြင်းများတွေ့ရှိပါကအရေးယူ
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ အပတ်က တစ်လီတာကို ကျပ်၂၀၀ကျော်ကနေ ၃၀၀ကျော်အထိကျဆင်းခဲ့တဲ့ စက်သုံးဆီ ဈေးနှုန်းတွေဟာ အခုတစ်ပတ်မှာတော့ အမျိုးအစားအလိုက်တစ်လီတာကို ၅၅ကျပ်ကနေ ၇၀ကျပ်အထိပြန်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီက သိရပါတယ်။
#Local_News
Published 25 Apirl 2025
#စက်သုံးဆီစျေးမြင့်တက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
အပါချီဘိလပ်မြေစက်ရုံမှ ဘိလပ်မြေတန်ချိန် ခြောက်သောင်း ထုတ်လုပ်ဖြန့်ချီပေးနေတယ်လို့ စက်မှုဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 25 Apirl 2025
#အပါချီဘိလပ်မြေစက်ရုံ #ဘိလပ်မြေထုတ်လုပ်ဖြန့်ချီ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိတဲ့ လတ်ဆတ်တဲ့သရက်သီးတွေနဲ့ သရက်သီးခြောက်တွေကိုဝယ်ယူလိုကြောင်း ရုရုားစီးပွါးရေးလုပ်ငန်းရှင်တွေက ဆက်သွယ်လာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 25 Apirl 2025
#မြန်မာ့သရက်သီး #ရုရှားကသရက်သီးခြောက်များဝယ်ယူ
#YMG/SW #Yangon_Times
#Local_News
Published 25 April 2025
▪️ ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းများအား စျေးနှုန်းမြင့်မားစွာ ရောင်းချသူ များအားအရေးယူရန် ဆောင်ရွက်နေကြောင်း နစက ကထုတ်ပြန်ထားသည်။
▪️ မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့သော မန္တလးမြေငလျင်ကြီး လှုပ်ခတ်မှုနှင့်ဆက်စပ်၍ ဈေးကွက်အတွင်း၌ ဘိလပ်မြေဝယ်လိုအားမြင့်တက်ခဲ့သဖြင့် အဆမတန်ဈေးနှုန်း မြင့်တင် ရောင်းချခြင်းမရှိစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ ရှိမြို့ကြီးအချို့တွင် ရောင်းဝယ်လျှက်ရှိသည့် ဆောက်လုပ်ရေး ပစ္စည်းဆိုင်များကို တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဧပြီလ ၂၃ရက်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ၈မြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင် ၅၉ဆိုင်နှင့် ဂိုထောင်၁လုံး၊ ရန်ကုန် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၃၄ မြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင် ၈၇ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေတင်သွင်းရောင်းချသည့်ကုမ္ပဏီ ၃ခု၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၁၁မြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင် ၈၈ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စစ်ကိုင်းမြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းဆိုင် ၄ဆိုင်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃မြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင် ၁၉ဆိုင်၊ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၃မြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း ဆိုင် ၅၉ဆိုင်တို့အား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ စုစုပေါင်းဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၂၀ကို စစ်ဆေးတွေ့ရှိချက်များအရ ဝယ်ရင်းဈေးထက် အမြတ်၁၀ရာခိုင်နှုန်းမှ ၁၅ရာခိုင် နှုန်းထိ အမြတ်ယူရောင်းချသည့်ဆိုင်၃၀၊ ဝယ်ရင်းဈေးထက် အမြတ် ၁၅ရာခိုင်နှုန်းနှင့် အထက် အမြတ်ယူရောင်းချ သည့်ဆိုင် ၃၂ဆိုင်နှင့် ဘိလပ်မြေအိတ်များအား မသမာသည့် နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ပြည့်စုံအောင်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင်အပါအဝင် ၈ဦးတို့ကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ဆက်လက်၍လည်း အိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်းမြင့်တင်ရောင်းချသူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 25 April 2025
▪️ ယခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့အချိန်အခါမဟုတ် မိုးရွာသွန်းမည့်အပြင် နေရာကွက်၍ မိုးကြီးနိုင် သောကြောင့် မြေပြိုမှုများသတိပြုရန်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
▪️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ မြန်မာစံတော်ချိန် ၆နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်းဧပြီ လ ၂၈ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်း ဒေသအနှံ့အပြား၌ မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
▪️ ထိုသို့ရွာသွန်းရာတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း သိရသည်။
▪️ ထို့အပြင် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 April 2025
▪️ ကမ္ဘာ့ရွှေဈေးသည် ယနေ့တစ်ရက်ထဲကို တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၀နီးပါး အထိ ကျဆင်းလာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
▪️ ယနေ့မနက်အစောပိုင်းက ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၃၃၄၈ဒေါ်လာအထိ ရှိခဲ့ရာမှ နေ့လယ်ပိုင်းတွင် ၃၃၁၉ဒေါ်လာအထိကျဆင်းလာကာ တစ်အောင်စလျှင် ၁၉ ဒေါ်လာအထိကျဆင်းလာကြောင်း သိရသည်။
▪️ ထိုသို့ကျဆင်းသော်လည်းပြင်ပ ရွှေဈေးများကျဆင်းခြင်းမရှိသေးဘဲ ယနေ့ နေ့လယ်ပိုင်းအချိန်အထိ ကျဆင်းလာခြင်းမရှိသေးဘဲ မနက်ပိုင်းနည်းတူ တစ်ကျပ်သားလျှင် ၇၄သိန်း၇သောင်းကျပ်အထိသာ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံခြားငွေလဲနှုန်းမှာမူ ဒေါ်လာဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၄,၄၀၀ကျပ်ဖြင့် ငြိမ်သက်နေပြီး ကမ္ဘာ့ရွှေဈေးကြောင့်သာ ယခုလအတွင်း ပြည်တွင်းရွှေ ဈေးတက်လာခြင်းဖြစ်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူများကသုံးသပ်ထားသည်။
▪️ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏
ဓာတ်သတ္တု(ရွှေ )ရည်ညွှန်းစျေးမှာ တစ်ကျပ်သားလျှင် ၅၆သိန်း ၆သောင်း ကျပ်အထိဈေးနှုန်းရှိနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 April 2025
▪️ ဧရာဝတီဖောင်ဒေးရှင်းသို့ ခိုင်သင်းကြည်မှ ငွေကျပ် သိန်း (၁၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ခိုင်သင်းကြည်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဝ်ိုင်းဝန်းကူညီပေးလျက်ရှိသော ဧရာဝတီဖောင်ဒေးရှင်းသို့ ဦးခန့်နိုင် + သရုပ်ဆောင် ခိုင်သင်းကြည် မှ (၂၃) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အလှူအဖြစ် ငွေကျပ် သိန်း (၁၀၀) ကို ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆတက်ထမ်းပိုးပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟု ဖောင်ဒေးရှင်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဝေမျှထားသည်။
#YMG/SW #Yangon_Times
Page 317 of 1938