#World_News
Published 29 October 2025

■ အင်္ဂါနေ့က ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ အသေအပျောက်အများဆုံး ရဲတပ်ဖွဲ့စစ်ဆင်ရေးကြီး ဆောင်ရွက်ခဲ့ရာ အနည်းဆုံး ၆၄ ဦး သေဆုံးခဲ့ပါတယ်။

■ COP30 လို့ခေါ်တဲ့ ကုလသမဂ္ဂ ရာသီဥတုထိပ်သီးအစည်းအဝေးဆိုင်ရာပွဲများ မပြုလုပ်ခင် ရက်ပိုင်းအလိုမှာ အဓိကဂိုဏ်းကြီးတစ်ခုကို ပစ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

■ ရီယိုမှာ ၂၀၁၆ အိုလံပစ်၊ ၂၀၂၄ G20 အစည်းအဝေး၊ ဇူလိုင်လကပြုလုပ်တဲ့ BRICS အစည်းအဝေးတို့ ပြုလုပ်ခါနီးတွေမှာလည်း ရဲတွေက ဒုစရိုက်ဂိုဏ်းအဖွဲ့တွေကို စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိပါတယ်။

■ လာမယ့်သီတင်းပတ်အတွင်း ရီယိုမှာ C40 မြို့တော်ဝန်ကမ္ဘာ့ထိပ်သီးအစည်းအဝေး ပြုလုပ်မှာဖြစ်ကာ ရာသီဥတုဖောက်ပြန်ခြင်း တိုက်ဖျက်ဖို့အကြောင်းနဲ့ မင်းသားဝီလျံရဲ့ Earthshot ဆုတို့ ပါဝင်လာမှာဖြစ်ပါတယ်။

■ ရီယိုအုပ်ချုပ်ရေးမှူး ကလော်ဒီယိုကက်စထရိုက အသေအပျောက်စာရင်းကို အတည်ပြုခဲ့ပြီး ရဲအရာရှိ ၄ ဦးပါဝင်ခဲ့ကာ ယခင်စစ်ဆင်ရေးထက် နှစ်ဆနီးပါးကျော် ပိုများနေပါတယ်။

■ အင်္ဂါနေ့အစောပိုင်းမှာ မီးခိုးငွေ့တွေထွက်လာခဲ့ပြီး ဂိုဏ်းတွေက ကားတွေကိုမီးရှို့ကာ သံချပ်ကာယာဉ်များ နှောင့်နှေးအောင်ပြုလုပ်ခဲ့ပါတယ်။

■ ဗီဒီယိုတွေထဲမှာ တရားခံတွေက ရဲတွေကို လက်ပစ်ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းတွေ အသုံးပြုခဲ့ပါတယ်။

■ အပြင်းအထန် တိုက်ခိုက်ကြပြီးနောက်မှာ အထူးစစ်ဆင်ရေးအဖွဲ့မှ ရဲတွေက လူဒါဇင်ခန့်ကို ဝိုင်းရံခဲ့ကြတာကို ရိုက်တာသတင်းထောက်တစ်ဦး မြင်တွေ့ခဲ့ရပါတယ်။

■ ဒီဖြစ်ရပ်တွေကြောင့် စာသင်ကျောင်းတွေ၊ ဆေးကုသမှုလုပ်ငန်းတွေ နှောင့်နှေးခဲ့ပြီး ကားလမ်းတွေပိတ်ဆို့ခဲ့ပါတယ်။

■ ဒီစစ်ဆင်ရေးက ဂိုဏ်းတွေရဲ့ မူးယစ်ဆေးတွေနဲ့ ငွေဖြူပြောင်းလဲရေးတို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ၈၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကက်စထရိုက အတည်ပြုခဲ့ပါတယ်။

■ အရပ်ဖက်အဖွဲ့အချို့ကတော့ ဒီစစ်ဆင်ရေးဟာ လုံးဝအောင်မြင်မှုမရဘဲ မူးယစ်ဆေးကွင်းဆက်တွေကို တကယ်တမ်း ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ဘူးလို့ ဝေဖန်ကြပါတယ်။

Source: Reuters