အိန္ဒိယ နယူးဒေလီသို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ သွားရောက်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီမှုရရှိရန် အချိန်ကာလနဲ့ ပတ်သက်ပြီး မရေမရာဖြစ်နေကြောင်း အိန္ဒိယမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
#World_Business
Published 20 August 2025
#အိန္ဒိယနယူးဒေလီ # အမေရိကန်ကုန်သွယ်ရေး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 August 2025
၁။ ပေါ်ဆန်းမွှေးဆန်ကို ပြည်ပသို့တင်ပို့နိုင်ရေးတံဆိပ်ရရှိရန်ဆောင်ရွက်နေ
၂။ ရနောင်းဆိပ်ကမ်းမှတင်သွင်းရန် သွင်းကုန်လိုင်စင်ဦးစားပေးခွင့်ပြုပေးနေ
၃။ အာဆီယံရုပ်ရှင်ပွဲတော်တွင် “ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်”ဇာတ်ကားပြသ
၄။ အိန္ဒိယသို့လာရောက်မည့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ပယ်ပျက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
MINBU, Myanmar, Aug 20, 2025 — Myanmar has lost about 7% of its forest cover over the past 20 years, the country’s leader said on Tuesday, pledging new tree-planting efforts to slow the pace of deforestation.
Senior General Min Aung Hlaing, chairman of the State Security and Peace Commission, said forest coverage stood at 49% in 2005 but had declined to 42.19% in 2025.
“We are working to increase forest coverage back to around 50%,” he told a tree-planting event in Minbu, central Myanmar, on August 19, part of a nationwide reforestation campaign across 13 districts.
Myanmar has announced a five-year plan to expand tree planting through 2030, which it says will help curb environmental degradation and mitigate the impact of climate change.
Minbu was ranked among the world’s 15 hottest cities last year, highlighting the region’s vulnerability to extreme heat. At Tuesday’s event, officials and residents planted about 1,000 saplings of six species, including teak, tamarind and mahogany.
#ymg/knl
#World_News
Published 20 August 2025
▪️ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားလုပ်သားများ နေရပ်ပြန်သွားတဲ့အတွက် လုပ်သားအင်အားရှားပါးမှုပြဿနာ ဖြေရှင်းဖို့အတွက် သီရိလင်္ကာလုပ်သားတစ်သောင်း ခန့်အပ်သွားရန် ထိုငါးအစိုးရဝန်ကြီးများအဖွဲ့က အသိအမှတ်ပြုလိုက်ကြောင်း ထိုင်းအကြီးတန်းအရာရှိတစ်ဦးက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။
▪️ နိုင်ငံတကာလုပ်သားအဖွဲ့အစည်းရဲ့ အချက်အလက်များအရ ထိုင်းနိုင်ငံမှာ သက်ကြီးဦးရေတိုးများလာခြင်းနဲ့ အလုပ်သမားအင်အား လျော့နည်းလာခြင်းကြောင့် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေးကဏ္ဍတို့မှာ နိုင်ငံခြားလုပ်သား အနည်းဆုံး ၃ သန်းကျော်ကို မှီခိုနေရပါတယ်။
▪️ သီရိလင်္ကာမှ လုပ်သားပေါင်း ၃ သောင်းကျော် စာရင်းသွင်းထားကာ ထိုင်းနိုင်ငံသို့ ပထမအသုတ် အယောက်တစ်သောင်း လွှတ်မှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဖောင်ကဝင်ဂျန်ဂရူဂရန်ကစ်က သတင်းထောက်တွေကို ပြောပါတယ်။
▪️ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှ လုပ်သားတွေကိုလည်း ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
▪️ ပြီးခဲ့တဲ့လက ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပါတယ်။
▪️ ပဋိပက္ခမတိုင်ခင်က ထိုင်းနိုင်ငံမှာ ကမ္ဘောဒီးယားလုပ်သားပေါင်း ၅၂၀,၀၀၀ ခန့် လုပ်ကိုင်နေခဲ့ပါတယ်။
▪️ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကမ္ဘောဒီးယား ၄ သိန်းခန့် ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
▪️ သီရိလင်္ကာဟာဆိုရင် အဓိကအစားထိုးလုပ်သားရင်းမြစ် ဖြစ်ပေါ်လာပြီး ၂၀၂၄ အတွင်း နိုင်ငံရပ်ခြားအလုပ်အကိုင်တွေမှာ နိုင်ငံသားပေါင်း ၃ သိန်းကျော် သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။
▪️ အရှေ့အလယ်ပိုင်းကို အဓိကသွားရောက်ကြသလို တောင်ကိုရီးယား၊ ဂျပန်တို့မှာလည်း အလုပ်သွားရှာကြပါတယ်။
Source: Reuters
အများပြည်သူသုံးစွဲဖို့ မသင့်တော်တဲ့ တိုင်းရင်းဆေး(၂၆) မျိုးကိုကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
#Local_News
Published 20 August 2025
#တိုင်းရင်းဆေး(၂၆)မျိုး #အများပြည်သူသုံးစွဲရန်မသင့်
#YMG/SW #Yangon_Times
ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပတဲ့ ၂၀၂၅ ခုနှစ်၊ အာဆီယံရုပ်ရှင်ပွဲတော်မှာ“ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်”ဇာတ်ကားပါဝင်ပြသခဲ့တယ်လို သိရပါတယ်။
#Local_News
Published 20 August 2025
#ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်း #ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်
#YMG/SW #Yangon_Times
ရနောင်း-ကော့သောင်း-ရန်ကုန် ရေလမ်းကြောင်းကတစ်ဆင့် သွင်းကုန် တွေကို တင်သွင်းဖို့ သွင်းကုန်လိုင်စင်တွေ ဦးစားပေးခွင့်ပြုပေးနေတယ်လို့
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံက သိရပါတယ် ။
#Local_News
Published 20 August 2025
#ရနောင်း-ကော့သောင်း-ရန်ကုန် #သွင်းကုန်လိုင်စင်
#YMG/NN #Yangon_Times
ပေါ်ဆန်းမွှေးဆန်ကို ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ရေးတံဆိပ်ရရှိဖို့ဆွေးနွေးဆောင်ရွက်နေတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 20 August 2025
#ပေါ်ဆန်းမွှေးဆန် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 20 August 2025
▪️ ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်(၁၉)ရက်က ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့် အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံ၏အကျိုး၊ဒေသ၏ အကျိုးအတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင်သူများကိုသာ ရွေးချယ်ကြရန်လိုကြောင်း ပြောကြားသည်။
▪️ ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ၂၈ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြင့်သင်တန်းကို ယခုလ ၁၉ ရက် မှ ၂၁ ရက်အထိ ဖွင့်လှစ်နေပြီး စုစုပေါင်း သင်တန်းသားသင်တန်းသူ၂၀၀ဦးတက်ရောက်နေကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 20 August 2025
▪️ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးစီးသည့်သူများအတွက် Polytechnic ကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်။
▪️ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့် ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ ဦးဩဘာသခန်းမ၌ တွေ့ဆုံ၍ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များကို ပြန်လည်ဆွေးနွေးဖြေကြားရာတွင် တက္ကသိုလ်ကောလိပ်များကို ဖွင့်လှစ်ရန်အတွက် ခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ တန်းစဉ်ကူးပြောင်းမှုများကို တွက်ချက်ကြည့်ရန်လိုကြောင်း၊ မင်းဘူးဒေသတွင် တန်းစဉ်ကူးပြောင်းမှုမှာ လျော့နည်းလျက်ရှိသည်ကိုတွေ့ရကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးစီးသည့်သူများအတွက် Polytechnic ကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းများတွင် တက်ရောက်ကြသူများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံး၌ အဆင့်မြင့် ပညာကျောင်းများ ဖွင့်လှစ်ရန်ရည်ရွယ်ချက်ရှိပြီးဖြစ်ကြောင်း၊ အချို့တက္ကသိုလ်နှင့် ကောလိပ်များ၌ ကျောင်းတက်ရောက်သူများ နည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်း၊ Polytechnic တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ကွန်ပျူတာ၊ နည်းပညာနှင့် အခြားသင်ကြား၍ရသည့် ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
#YMG/SW #Yangon_Times
#Local_News
Published 20 August 2025
▪️ ပြည်တွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် ဗီယက်နမ်နိုင်ငံသား ၁၃ ဦးကိုသက်ဆိုင်ရာနိုင်ငံသို့ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park) နှင့် ကျောက်ခတ်နယ်မြေတို့တွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၁၃ ဦးအား မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ယမန်နေ့ကထပ်မံလွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
▪️ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး
ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Mr. Hoang Minh Hai နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေး ဆိုင်ရာအထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီ ၃၀ ရက်မှ ဩဂုတ် ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၃၃၁ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့ အနက်မှ ၉၁၁၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၂၀ ကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိကြောင်းသိရသည်။
▪️ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 20 August 2025
▪️ ကမ္ဘောဇသာဒီနန်းတော်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်း ခွင် သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ထိုသို့စစ်ဆေးစဉ် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် လက်ဝဲဝင်းဆောင်၊ ဘမယာသနပလ္လင်ဆောင်၊ လက်ယာဝင်းဆောင်တို့၏ အမိုးရေလုံဆေးသုတ်ခြင်း၊ ရွှေဆေးသုတ်ခြင်းနှင့် မြန်မာမှုပန်းကနုတ်များ နှစ်ကာလကြာမြင့်မှုကြောင့် ပျက်စီးလာခြင်းကို မူလလက်ရာ မပျက်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံဖြစ်၍ အရည်အသွေးပြည့်မီပြီး လက်ရာသေသပ်ကောင်းမွန်စေရေး စေတနာထားဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်းသိရသည်။
▪️ ထို့အပြင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်း ဟောင်း) Max Highway ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော (ရန်ကုန်-ပဲခူးလမ်းပိုင်း) လမ်းလယ်ကျွန်းများ လှပသန့်ရှင်းအောင် ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်းပိုင်းများ၊ တံတားများပြုပြင် ဆောင်ရွက်နေမှု၊ တံတားအတက်၊ အဆင်းဆင်ခြေလျှော ပြေပြစ်စေ ရေးဆောင်ရွက်နေမှု၊ ရန်ကုန်-မန္တလေးအမြန်လမ်း လမ်းနယ်အတွင်း ကုက္ကိုပင်၊ အမြဲစိမ်းပင်များနှင့် လေကာပင်များ ထပ်မံစိုက်ပျိုးနေမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး လမ်းဘေးဘယ်၊ ညာရှိ မိုင်တိုင် ပြအမှတ်အသား ကျောက်တိုင်များ မြင်သာအောင်ဆေးသုတ်ရန်နှင့် တိုးဂိတ်ပတ်ဝန်းကျင် သန့်ရှင်းမှု ရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 312 of 2056