#World_Health
Published 21 August 2024
▪️ ဆီးချိုရှိသူတွေအနေနဲ့ အစားစားပြီးတိုင်း သွေးတွင်းသကြားဓာတ် တည်ငြိမ်စေရန်အတွက် အဆာပြေစားစရာတွေက အရေးကြီးပါတယ်။
▪️ အမျှင်ဓာတ်၊ ပရိုတိန်း၊ ကျန်းမာရေးအဆီတို့ ကြွယ်ဝတဲ့ အဆာပြေစားစရာတွေ စားသုံးခြင်းဖြင့် ဆာလောင်မှုကို ထိန်းချုပ်ပေးပြီး သွေးတွင်းသကြားဓာတ် ချက်ချင်းမတက်ဘဲ စွမ်းအင် ထိန်းသိမ်းပေးပါတယ်။
▪️ ဒါကြောင့် ကြာရှည်သိုလှောင်ထားနိုင်တဲ့ အဆာပြေစားစရာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) အခွံမာသီးများ
▪️ ကာဗိုဟိုက်ဒရိတ် နည်းပါးပြီး အာဟာရဓာတ်ကြွယ်ဝကာ ဝမ်းဗိုက်ပြည့်ဝနေစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
(၂) အစေ့အဆန်များ
▪️ အာဟာရဓာတ် များပြားပြီး သကြားဓာတ် စုပ်ယူမှုကို နှေးစေတာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၃) အချိုနည်းသည့် ဂရာနိုလာမုန့်
▪️ ကောက်နှံများ၊ အခွံမာသီး၊ အစေ့အဆန်တို့နဲ့ ပြုလုပ်ထားတာကြောင့် အာဟာရကြွယ်ဝပြီး စွမ်းအင်ထိန်းသိမ်းပေးပါတယ်။
(၄) ကောက်နှံမုန့်ကြွပ်များ
▪️ သွေးတွင်းသကြားဓာတ်ကို ဖြေးညင်းစွာသာ တက်စေတဲ့အပြင် အာဟာရဓာတ်တွေက နှလုံးကျန်းမာရေးနဲ့ ဇီဝကမ္မဖြစ်စဉ်တို့ကို မြှင့်တင်ပေးပါတယ်။
(၅) ကုလားပဲလှော်
▪️ အမျှင်ဓာတ်နဲ့ ပရိုတိန်းတွေက အစာကိုဖြည်းညင်းစွာ ခြေပေးပြီး သကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
(၆) စည်သွတ်တူနာငါး၊ ဆယ်လ်မွန်ငါး
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေကာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။
(၇) မြေပဲထောပတ်
▪️ ကျန်းမာရေးအဆီနဲ့ ပရိုတိန်းတို့ ကြွယ်ဝပြီး သွေးတွင်းသကြားဓာတ် ထိန်းပေးတဲ့အပြင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၈) သံလွင်ဆီ
▪️ ကာဗိုဟိုက်ဒရိတ်နည်းပြီး မပြည့်ဝဆီ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးပြီး နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
#Source: DoctorNDTV
#World_Health
Published 21 August 2024
▪️ ရေချိုးတဲ့အခါ လူတွေသန့်ရှင်းရေးလုပ်ဖို့ ကျော်သွားတတ်တဲ့ နေရာ ၃ ခုကို ဗာဂျီးနီးယားမှ ဒေါက်တာ ဂျေဆန်ဆင်းက ဖော်ပြသွားပါတယ်။
▪️ ချက်၊ ခြေထောက်နဲ့ နားရွက်တို့အကြောင်းကို ဆင်းက တစ်တော့မှာ ပြောသွားပါတယ်။
▪️ ချက်နေရာဟာ အတွင်းကျတဲ့ နေရာဖြစ်ပြီး စိုစွတ်နေတတ်တာကြောင့် ဘက်တီးရီးယားတွေ မှိုတွေ ပေါက်ဖွားနိုင်ကာ ရောဂါပိုးဝင်ရောက်နိုင်ပြီး အနံ့ဆိုးထွက်နိုင်ကြောင်း ရှင်းပြပါတယ်။
▪️ ချက်က အတွင်းကိုဝင်နေတဲ့ သူတွေအနေနဲ့ နားကြပ်တံထိပ်ဖြင့် အသုံးပြုနိုင်ပြီး ချက်က အပြင်ဘက်ကို ထွက်နေတဲ့သူတွေကတော့ အဝတ်စဖြင့် ပွတ်တိုက်နိုင်ကြောင်း၊ တစ်ပတ်ကို ၁ ကြိမ် ၂ ကြိမ်ခန့် သန့်ရှင်းသင့်ကြောင်း Teen Vogue မှာလည်း ဖော်ပြထားပါတယ်။
▪️ နောက်တစ်နေရာက ခြေထောက်ဖြစ်ပြီး ခြေဖဝါးဟာဆိုရင် ချွေးဂလင်းတွေ ပိုများကြောင်း ပြောပါတယ်။
▪️ ချွေးထွက်တဲ့အပြင် ပူနွေးစိုစွတ်တဲ့အခါမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားရာနေရာ ဖြစ်လာပါတယ်။
▪️ ခြေထောက်သန့်ရှင်းရေး အားနည်းပြီး အရေပြားမှာ အနာဖြစ်တဲ့အခါ ပိုးဝင်ရောက်ကာ ရောဂါဖြစ်လာတတ်ပါတယ်။
▪️ ခြေအိတ်ဝတ်သူတွေ၊ ဖိနပ်ကြပ်ကြပ် စီးသူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ အနေနဲ့ ခြေချောင်းကြားတွေကို ဆေးကြောပေးဖို့ အထူးလိုအပ်ပါတယ်။
▪️ နောက်တစ်နေရာကတော့ နားရွက်နောက်ဖက် ဖြစ်ပါတယ်။
▪️ ထိုနေရာမှာ အဆီထုတ်တဲ့ ဂလင်းတွေရှိပြီး အဆီထုတ်ပေးတာကြောင့် ချွေးနဲ့ ဖုန်မှုန့်တွေ ရှိနေတတ်ပါတယ်။
▪️ အရေပြားက ခေါက်နေတာကြောင့် ဘက်တီးရီးယားတွေ အလွန်ပေါက်ဖွားနိုင်ကာ ဆံပင်နဲ့လည်း နီးကပ်တာကြောင့် အညစ်အကြေးတွေ စုပြုံနေတတ်ပါတယ်။
▪️ ဒီနေရာတွေဟာ အခြားနေရာတွေထက် သန့်ရှင်းလုပ်လေ့ မရှိတာကြောင့် ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားနိုင်တယ်လို့ ဂျော့ဂျ်ဝါရှင်တန်တက္ကသိုလ်မှ ညွှန်ကြားရေးမှူး ကိသ်ခရန်ဒေါလ်က ပြောပါတယ်။
▪️ ယင်းတို့အဖွဲ့က ထို ၃ နေရာမှ အရေပြားနမူနာများရယူပြီး စမ်းသပ်ခဲ့ကြပါတယ်။
▪️ ထိုအခါမှာ မသန့်ရှင်းတဲ့ ပိုးမွှားတွေ စုပြုံနေတာကို တွေ့ခဲ့ကြပါတယ်။
▪️ ဒါ့အပြင် ချိုင်းကြား၊ ပေါင်ကြားတို့ဟာလည်း သေချာသန့်ရှင်းဖို့လိုကြောင်း ဖော်ပြသွားပါတယ်။
▪️ ဖုံးကွယ်နေတဲ့ အရေပြားမှန်သမျှကို အထူးဂရုစိုက် သန့်ရှင်းပေးသင့်ပြီး ရေချိုးပြီးနောက်မှာလည်း စိုစွတ်မှုမကျန်အောင် သုတ်သင်သင့်တယ်လို့ ပြောသွားပါတယ်။
#Source: New York Post
လျှပ်စစ်ကားကို ဆယ်မိနစ်အတွင်း မြန်နှုန်းမြင့် အားသွင်းနိုင်သည့် (၆၀၀)ကီလိုဝပ် ဘက်ထရီအားသွင်းစခန်းနှစ်ခုပေကျင်းတွင် စတင်အသုံးပြု
တရုတ်ပြည် လျှပ်စစ်ဓာတ်အားလိုင်း ကော်ပိုရေးရှင်းက ပေကျင်းမှာ ပထမဦးဆုံး ၆၀၀ ကီလိုဝပ် အများသုံးအားသွင်းစခန်း ၂ ခုကို စတင်ဖွင့်လှစ်ပြီဖြစ်ပြီး ထိုစခန်း ၂ ခုပေါင်းလိုက်ရင် တစ်နေ့ကို လျှပ်စစ်ကားအစီးရေ ပျမ်းမျှ ၇၀၀ ခန့် အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။
#Asia_News
Published 20 August 2024
#မြန်နှုန်းမြင့်အားသွင်းနိုင် #လျှပ်စစ်ကား
#YMG #Yangon_Times #Yangon_Media_Group
၂၀ ဩဂုတ် ၂၀၂၄
ကမ္ဘာ့အသက်အရှည်ဆုံးသူဖြစ်တဲ့ စပိန်နိုင်ငံမှ အသက် ၁၁၇နှစ်အရွယ် မာရီယာ ဘရန်ညာမိုရီယာဟာ ဩဂုတ် ၂၀ ရက် အင်္ဂါနေ့မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ သူမဟာ အမေရိကန်ပြည်ထောင်စုမှ မွေးဖွားပြီး ကမ္ဘာစစ်ပွဲကြီးနှစ်ပွဲစလုံးကို ဖြတ်သန်း ခဲ့ရသူပါ။
ပြင်သစ်နိုင်ငံမှ သီလရှင်ကြီး လူစီလီ ရန်ဒွန် အသက် ၁၁၈နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီးနောက် ဂင်းနက်စ်ကမ္ဘာ့စံချိန်အဖွဲ့က ဘရန်ညာကို ကမ္ဘာ့အသက်အကြီးဆုံးသူအဖြစ် ၂၀၂၃ ဇန်နဝါရီလက တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။
“ မာရီယာဘရန်ညာဟာ ကျွနုပ်တို့ကိုခွဲသွားခဲ့ပြီ။ သူမဟာ သူဆုတောင်းသလိုပဲ အိပ်ပျော်နေရင်းက ငြိမ်းချမ်းစွာ မနာမကျင်ဘဲ ကွယ်လွန်ခဲ့ပါပြီ” လို့ သူမရဲ့ မိသားစုက သူမရဲ့ အိတ်စ်ဆိုရှယ်အကောင့်မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
သူမရဲ့ အကြံဉာဏ်တွေနှင့်ကြင်နာမှုတွေကို အမြဲသတိရနေတော့မှာပါ” လို့လည်း စာထဲမှာရေးထားပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ုမှာ ဆန်တာမာရီယာဒဲလ်တူရာ ဘိုးဘွားရိပ်သာမှာ နေထိုင်ခဲ့တဲ့ ဘရန်ညာဟာ သူမ အားနည်းလာပြီလို့ တနင်္ဂနွေနေ့က ရေးခဲ့ပါတယ်။
“ အချိန်ကနီးလာပြီ။ မငိုကြနှင့်။ မျက်ရည်တွေ အမေမုန်းတယ်။ အဲဒါထက် အမေ့အတွက် မခံစားကြနှင့်။ ဘယ်ကိုပဲသွားရ သွားရ အမေပျော်မှာပါ” လို့ သူမရဲ့မိသားစုက တင်ပေးနေတဲ့ အိတ်စ် ဆိုရှယ်ပလက်ဖောင်းပေါ်က သူမရဲ့ အကောင့်မှာ သူမက ရေးတင်ခဲ့ပါတယ်။
ဘရန်ညားသေဆုံးသွားတဲ့အတွက် ယခုအခါ ကမ္ဘာ့အသက်အရှည်ဆုံး သူဟာ ဂျပန်နိုင်ငံက တိုမီကို အီတိုကာ ဖြစ်လာပါလိမ့် မယ်။ အီတိုကာဟာ ၁၉၀၈ ခုနှစ် မေ ၂၃ရက်မှာ မွေးဖွားခဲ့ပြီး ယခုအခါ အသက် ၁၁၆နှစ်ရှိပြီဖြစ်ပါတယ်။
Ref: AFP
#Daily_News
Published 20 August 2024
၁။ မြန်မာနိုင်ငံအတွင်း မျောက်ကျောက်ရောဂါမကူးအောင် နိုင်ငံဝင်ထွက်ပေါက်များ၌ စောင့်ကြပ်ထိန်းချုပ်မည်
၂။ ပထမဆုံး Professional Boxing ပြိုင်ပွဲ ယနေ့ ရန်ကုန်မှာကျင်းပ
၃။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ရှိထားပြီး စင်္ကာပူမှအများဆုံးရင်းနှီးမြှုပ်နှံ
၄။ လျှပ်စစ်ကားကို ဆယ်မိနစ်အတွင်း မြန်နှုန်းမြင့် အားသွင်းနိုင်သည့် (၆၀၀)ကီလိုဝပ် ဘက်ထရီအားသွင်းစခန်းနှစ်ခုဘေကျင်းတွင် စတင်အသုံးပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေး(၄၀)ဒေါ်လာပြန်တက်လာလို့ မြန်မာ့ရွှေဈေးပါ သောင်းဂဏန်းပြန်တက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 20 August 2024
#ကမ္ဘာ့ရွှေဈေး(၄၀)ဒေါ်လာ #မြန်မာ့ရွှေဈေးတက်
#YMG/tthl #Yangon_Times
#Local_News
Published 20 August 2024
▪️ နိုင်ငံတော်အရန်ဆန်အမျိုးအစားတွင် ဧည့်မထအပြင် ပေါ်ဆန်းမွှေးဆန် အမျိုးအစား ပါဝင်လာမည်ဖြစ်ပြီး အရန်ဆန်အရေအတွက်ကို အိတ်ရေတစ်သန်းအထိ တိုးမြှင့်သိုလှောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
▪️ အဆိုပါဆန်အိတ်ရေများကို ငါးသိန်းမှတစ်သန်းထိ တိုးမြှင့်သိုလှောင်သွားမည်ဖြစ်ကာဆန်အိတ်များ၏ အလေးချိန်မှာ ၁၀၈ ပေါင် သတ်မှတ်ထားပြီး အရန်ဆန် အမျိုးအစားသတ်မှတ်ခြင်းနှင့် ဆန်အိတ်အရေအတွက် တိုးမြှင့်သတ်မှတ် သိုလှောင်ခြင်းတို့ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)တို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ဆန်ဈေးကွက်တည်ငြိမ်စေရေးနှင့် ဝင်ငွေနည်းအိမ်ထောင်စုများထံ ရောင်းချပေးနိုင်ရန်ရည်ရွယ်ထားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)တိုအနေဖြင့် အရန်ဆန်ထားရှိမှု အစီအစဉ်တွင် ပို့ကုန်တစ်တန်လျှင် ဆန်တစ်အိတ်မှ သုံးအိတ်ထိထားရှိရန် သတ်မှတ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာယူ - ၁၂အသင်းဟာ U - 12 Junior Soccer World Challenge 2024 ပြိုင်ပွဲမှာ ဂျပန်အသင်းနှစ်သင်းကိုတစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ရထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 20 August 2024
#World_Challengeပြိုင်ပွဲ #တစ်ပွဲနိုင်၊တစ်ပွဲသရေရ
#YMG/tthl #Yangon_Times
အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်လေးလတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော်ရှိထားပြီး စင်္ကာပူမှအများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 20 August 2024
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #စင်္ကာပူမှအများဆုံးရင်းနှီးမြှုပ်နှံ
#YMG/NN #Yangon_Times
မြန်မာပြည်ရဲ့ ပထမဆုံးသော Professional Boxing ပြိုင်ပွဲကို ဒီကနေ့ နေ့လယ်၂နာရီမှာ ရန်ကုန်မြို့က သုဝဏ္ဏဘောလုံးကွင်းဝင်း အတွင်းမှာ ကျင်းပသွားမယ်လို့ MBC က သိရပါတယ်။
#Local_News
Published 20 August 2024
#Professional_Boxingပြိုင်ပွဲ #မြန်မာပြည်ရဲ့ပထမဆုံး
#YMG/NN #Yangon_Times
ဖိလစ်ပိုင်အပါအဝင် အိမ်နီးချင်းနဲ့ဒေသတွင်းနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားတာနဲ့ အချို့နိုင်ငံတွေမှာ သေဆုံးမှုတာတွေ တွေ့နေရတဲ့အတွက် မြန်မာနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ မကူးစက်အောင် နိုင်ငံဖြတ်ကျော်ဝင်ထွက်ပေါက်တွေမှာ စောင့်ကြပ်ထိန်းချုပ်သွားဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 20 August 2024
#မျောက်ကျောက်ရောဂါ #စောင့်ကြပ်ထိန်းချုပ်
#YMG/tthl #Yangon_Times
၂၀ ဩဂုတ် ၂၀၂၄
တောင်ကိုရီးယားတပ်တွေက အမေရိကန်တပ်တွေနှင့် ပူးတွဲစစ်ရေးလေ့ကျင့်နေတဲ့အပေါ် တောင်ကိုရီးယားတွေက ကန့်ကွက် ခဲ့ကြပါတယ်။
ဒီလိုလုပ်တာဟာ ကိုရီးယားကျွန်းဆွယ်ကို ပဋိပက္ခနှင့်ပိုနီးလာအောင်လုပ်တာ လို့ သူတို့ကပြောကြပါတယ်။
Source CCTV
Page 311 of 1683