တာချီလိတ်မှာ လေဖိအားနည်းရပ်ဝန်း သက်ရောက်မှုကြောင့် မိုးက သြဂုတ်လ(၂၁)ရက် ညပိုင်းကတည်းက ဆက်တိုက်ရွာသွန်းခဲ့တာဖြစ်ပြီး ဒီနေ့သြဂုတ်လ(၂၂)ရက်မှာတော့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်တာတွေရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 22 August 2024
#မယ်ဆိုင်ချောင်းရေလျှံ #ရပ်ကွက်အချို့ရေနစ်မြုပ်
#YMG/tthl #Yangon_Times
#Local_News
Published 22 August 2024
▪️ မိုးရာသီကာလဖြစ်သည့် ဇွန်လမှ သြဂုတ်လအတွင်း မြေပြိုမှုဘေးအန္တရာယ်များ အဖြစ်များ၍ ကြိုတင်သတိပြုနေထိုင်ရန် လိုအပ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သတိပေးထားသည်။
▪️ ထို့အပြင် ကျန်ကာလများတွင်လည်း ရံဖန်ရံခါဖြစ်ပွားတတ်သည့်အတွက် ကြိုတင်သတိပြုနေထိုင်ရန် လိုအပ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြိုမှု(၂၆)ကြိမ် ဖြစ်ပွားခဲ့ပြီး လူေ-သဆုံးထိခိုက်ဒဏ်ရာရမှုနှင့်အတူ ဆုံးရှုံးမှုအဖြစ် နေအိမ်အဆောက်အဦစုစုပေါင်း (၃၆) လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ မြေပြိုမှုဖြစ်စဉ်သည် ပစ္စည်းဥစ္စာဆုံးရှုံးမှုအလွန်နည်းပါးသည့် ဘေးတစ်ခုဖြစ်သော်လည်း လူေ-သဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူများပြားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ခြင်းကြောင့် မပေါ့ဆဘဲ သတိပြုသင့်ကြောင်း သိရသည်။
▪️ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွားနိုင်ပြီး ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ရိုးမနှင့် ရှမ်းပြည်နယ်တို့တွင် မြေပြိုမှုအများဆုံးဖြစ်ပွားလေ့ရှိကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းရာမှ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားနိုင်သဖြင့်သတိထားရန်လိုအပ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 22 August 2024
▪️ အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒစ်ရှ်ပြည်နယ်ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတစ်ခုမှာ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံးလူ ၁၅ ဦးသေဆုံးခဲ့ကြောင်း ခရိုင်အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။
▪️ "သေဆုံးသူအရေအတွက်က အခုထိ ၁၅ ဦးဖြစ်နေပြီး ဒီထက်များလာနိုင်ဖွယ် ရှိပါတယ်။ အယောက် ၄၀ နီးပါးကတော့ ဒဏ်ရာရရှိထားပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပါတယ်" လို့ ခရိုင်ရဲမှူး အမ်ဒီပီကာက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
▪️ အန်နာကာပယ်လီခရိုင်မှာ ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ပုဂ္ဂလိကပိုင် Escientia Advanced Sciences ကုမ္ပဏီရဲ့ ဧက ၄၀ ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းခဲ့တယ်လို့ ခရိုင်အခွန်ကောက် ဗီဂျေယာခရစ်ရှ်နန်က ဆိုပါတယ်။
▪️ ဒဏ်ရာရသူတွေကို အနီးနားဆေးရုံးတွေသို့ ပြောင်းရွှေ့ထားကြောင်း၊ ဓာတုဓာတ်ပေါင်းဖိုမှာ ပေါက်ကွဲမှုဖြစ်တဲ့ပုံပေါ်ကြောင်း ရိုက်တာကို ပြောပြခဲ့ကာ နေ့လယ်စာစားချိန်မှာ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
▪️ Escientia က ဒီကိစ္စနဲ့ပတ်သက်ပြီး မပြောကြားသေးသလို ပြည်နယ်အစိုးရက စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။
▪️ ယမန်နှစ်ကလည်း အန်နာကာပယ်လီခရိုင်ရှိ ဆာဟီထီဖာမာစက်ရုံရှိ ပျော်ရည်ဓာတ်ပေါင်းဖိုတစ်ခုမှာလည်း အလားတူ မီးလောင်ကျွမ်းခဲ့ပြီး ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
#Source: Reuters
#Local_News
Published 22 August 2022
▪️ ရန်ကုန်-နေပြည်တော် အမြန်လမ်း၌ ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ် ၂၁ ရက်နေ့၊ ည ၉နာရီ ၁၀ မိနစ်အချိန်ခန့်က နေပြည်တော်-ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၆၉/၅)နှင့် (၆၉/၆)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၀နာရီ ၂၀ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 22 August 2024
▪️ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပြတ်ခြင်း ပြဿနာတွေဟာ မျိုးဗီဇ၊ ဟော်မုန်း အပြောင်းအလဲ၊ ကျန်းမာရေး၊ စိတ်ဖိစီးမှု၊ အာဟာရချို့တဲ့ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
▪️ အာယုဗေဒဆေးပင်တွေဟာ ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံကေသာ ဖွံ့ဖြိုးမှုကို ကောင်းမွန်စေပါတယ်။
▪️ (၁) Amla - ဗိုက်တာမင်-စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ဆံပင်မွေးညင်းပေါက်တွေကို အားသန်စေကာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါတယ်။
▪️ (၂) Bhringraj - ဦးရေပြား သွေးလည်ပတ်မှုကို အားကောင်းစေကာ ဆံကေသာ ဖွံ့ဖြိုးမှု အားကောင်းစေတဲ့အပြင် အေးမြတဲ့အစွမ်းသတ္တိကြောင့် ဖိစီးမှုကို သက်သာစေပါတယ်။
▪️ (၃) Brahmi - ဗောက်သက်သာစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးကာ အေးမြတဲ့သတ္တိကြောင့် ဖိစီးမှု လျော့ကျစေပါတယ်။
▪️ (၄) တမာ - ပိုးမွှားသေစေနိုင်တဲ့ အစွမ်းသတ္တိရှိကာ ဦးရေပြား ရောဂါကူးစက်မှုတွေကို ကာကွယ်ပေးတဲ့အပြင် ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
▪️ (၅) Shikakai - သဘာဝအတိုင်း ဦးရေပြား သန့်စင်ပေးပြီး ဗောက်ထခြင်းမှ ကာကွယ်ပေးကာ ဦးရေပြားအဆီကို ထိန်းသိမ်းပေးပါတယ်။
▪️ (၆) Ashwagandha - ဖိစီးမှုနဲ့ ဟော်မုန်းပြဿနာတို့ကြောင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပြီး ဦးရေပြား သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်။
▪️ (၇) ရှားစောင်းလက်ပက် - ဆံကေသာ ဖွံ့ဖြိုးမှု ကောင်းမွန်စေပြီး ဦးရေပြား pH ကိုညီမျှစေတဲ့ အင်ဇိုင်းများ ပါဝင်ကာ ဦးရေပြားချောမွေ့စေပါတယ်။
#Source: DoctorNDTV
#World_Science
Published 22 August 2024
▪️ တရုတ်ပြည်မှာတွေ့ရတဲ့ ရှားပါးကွဲပြား ဒိုင်နိုဆောမျိုးစိတ်တွေရဲ့ ခြေရာတွေကြောင့် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေ အံ့အားသင့်နေရပါတယ်။
▪️ ထိုအချိန်က ရေတွေအနီးနားမှာ နေထိုင်ခဲ့တဲ့ ကြက်အရွယ်အစား ဒိုင်နိုဆောတွေရဲ့ ခြေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ဒီခြေရာတွေကြောင့် ဒိုင်နိုဆောကနေ ငှက်တွေအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပုံ ပဟေဌိကို ဖြေရှင်းပေးနိုင်မယ့် အထောက်အထား ဖြစ်လာပါတယ်။
▪️ ကြက်အရွယ်အစား ဒိုင်နိုဆောတွေမှာ ခြေချောင်း ၃ ချောင်းရှိပြီး လူလက်မထက် မကြီးကြပါဘူး။ ထိုအမျိုးအစားက မီနီဆော်ရီပက်စ်လို့ခေါ်တဲ့ အသေးဆုံး ဒိုင်နိုဆောအဖွဲ့ထဲမှာ ပါဝင်ပါတယ်။
▪️ ဒီအမျိုးအစားတွေကို သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ခြေရာတွေကြောင့်သာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒီခြေရာတွေကို တရုတ်အနောက်မြောက်ပိုင်း ကန်ဆုမှ သိပ္ပံပညာရှင်များ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ မီနီဆောရီပက်စ်တွေက ငှက်တွေရဲ့ ဦးဆုံးတိုက်ရိုက်မျိုးနွယ် မဟုတ်ပေမယ့် ဆင့်ကဲပြောင်းလဲရာမှာ အဓိကပါဝင်နေပါတယ်။
▪️ ခရီတေရှပ်စ်ခေတ် အပူချိန်ပူနွေးတဲ့အချိန်တုန်းက ထိုဒိုင်နိုဆောတွေ ကမ္ဘာပေါ်မှာ လှည့်ပတ်သွားလာနေခဲ့ပါတယ်။
▪️ ထိုအချိန်မှာ တိုင်ရန်နိုဆောရပ်ရက်စ်နဲ့ ထရိုင်ဆရာတော့ပ်စ်လိုမျိုး ဒိုင်နိုဆောအသစ်တွေလည်း ထွက်ပေါ်လာပါပြီ။
▪️ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ သုတေသီများက အရွယ်အစား ၁ - ၃ စင်တီမီတာကြားရှိ ခြေချောင်း ၃ ချောင်းပါ ရုပ်ကြွင်းခြေရာ ၅ ခုကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ယင်းတို့ရဲ့ အရွယ်အစားက ၂၅ စင်တာခန့်ရှိပြီး အမြီးက တဝက်ခန့်လောက်ရှိကြောင်း ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တွဲဖက်ပရော်ဖက်ဆာ ရှင်လီဒါက ပြောပြပါတယ်။
▪️ ဒီတွေ့ရှိမှုကြောင့် ဒိုင်နိုဆော မျိုးကွဲတွေအကြောင်း ပိုမိုသိရှိလာနိုင်ပြီး ငှက်အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပုံကို နားလည်နိုင်ရန် အကူအညီဖြစ်စေမယ့် ယုံကြည်နေကြပါတယ်။
▪️ ဒီလိုမျိုး အကောင်သေးလေးတွေက ပြောင်းလဲမှုဖြစ်စဉ်မှာ အဓိကကျနေတယ်လို့ ပြောသွားပါတယ်။
#Source: WION
ကမ္ဘာတဝှမ်းမှာ မျောက်ကျောက်ရောဂါ ပျံ့ပွားမှု ထိန်းချုပ်ရန်အတွက် ရောဂါထိရောက်စွာ စောင့်ကြည့်ရေး၊ ရောဂါထိတွေ့သူများကို ခြေရာခံလိုက်ခြင်း၊ ကူးစက်နိုင်ခြေများတဲ့ နေထိုင်မှု၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ကာကွယ်ဆေး ထုတ်လုပ်မှုတို့က အဓိကဦးစားပေးအရာများ ဖြစ်တယ်လို့ WHO မှ ပညာရှင်တစ်ဦးက ဆိုပါတယ်။
#World_Health
Published 21 August 2024
#မျောက်ကျောက်ရောဂါ #ပညာရှင်တစ်ဦးအကြံပြု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 August 2024
၁။ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှုသဘာဝနှင့် နေထိုင်မှုပုံစံများအား လေ့လာနိုင်သည့် Keeper Talks အစီအစဉ် Yangon Zoo ၌တင်ဆက်ပေးနေ
၂။ ဒိုက်ဦး၊ ကဝ၊ ဝေါနဲ့ သနပ်ပင်မြို့နယ်များရှိ ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာများ၌ သောက်သုံးရေနှင့် ကျောင်းသုံးစာအုပ်များလိုအပ်နေ
၃။ လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေအရှိန်ကြောင့် နေရာအနှံ့မိုးပိုသည်းပြီးမြစ်ရေတက်လာနိုင်
၄။ မျောက်ကျောက်ရောဂါအတွက် ဦးစားပေးဆောင်ရွက်ရမည်များကို ပညာရှင်တစ်ဦးအကြံပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပုဂ္ဂလိကကျောင်းတွေရဲ့ ကျောင်းလခတွေကို သင့်တင့်မျှတအောင်သတ်မှတ်ပေးနိုင်သော်လည်း ကျောင်းတည်နေရာ၊ အကျယ်အဝန်းနဲ့ ရင်းနှီးမြုပ်နှံထားရတာတွေမတူညီတဲ့အတွက် ပုဂ္ဂလိက ကျောင်းအားလုံးလခ တပြေးညီ သတ်မှတ်ဖိုတော့မဖြစ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံပုဂ္ဂလိကကျောင်းများအသင်းမှ သိရပါတယ်။
#Local_News
Published 21 August 2024
#ပုဂ္ဂလိကျောင်းများ #ကျောင်းလခတပြေးညီသတ်မှတ်ရန်မဖြစ်နိုင်
#YMG/tthl #Yangon_Times
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒေါ်လာ သန်း၁၀၀နီးပါးထုတ်ရောင်းပေးပြီးနောက် ဒေါ်လာဈေး တွေကျရိပ်ပြလာပြီး ရွှေဈေးကတော့ တစ်ရက်ထဲနဲ့ ကျပ်ခုနှစ်သောင်းကျော် မြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 21 August 2024
#ဒေါ်လာဈေးများကျလာ #ရွှေဈေးမြင့်တက်
#YMG/NN #Yangon_Times
လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ မုတ်သုံအားပြန်ကောင်းလာတဲ့အတွက် ရန်ကုန်အပါအဝင်နိုင်ငံတစ်ဝှမ်း မိုးပိုသည်းလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 21 August 2024
#လေဖိအားနည်းရပ်ဝန်း #မုတ်သုံအားပြန်ကောင်း
#YMG/tthl #Yangon_Times
#Local_News
Published 21 August 2024
▪️ သန်လျင်-ကျိုက်ခေါက်ဘုရားလမ်းတွင် ဆီဘောက်ဆာ ယာဉ်(၁)စီးတိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ်၂၁ရက်နေ့ မနက် ၁၁ နာရီ၅၆ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ သန်လျင်-ကျိုက်ခေါက်ဘုရားလမ်းတွင် ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ "ဆီတင်တဲ့ကားပါ၊တုံးလုံးလဲနေပါတယ်၊ ကားသမားတော့ထိခိုက်တာမရှိတာမရှိဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန်လျင်မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပြီး ၁၂ နာရီ ၆ မိနစ်အချိန်၌ လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 309 of 1682