Published_23 Feb 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း Online ချေးငွေလုပ်ငန်းဖြင့် လိမ်လည်နေသည့် ဂိုဏ်း ကို ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်၊ နတ်မောက်လမ်း၊ အမှတ်(၄၅၈/က) ၌နေထိုင်သူ မဆု ရည်နွယ်အနေဖြင့် အွန်လိုင်းချေးငွေကိစ္စရပ်များနှင့်ပတ် သက်၍ ဖုန်းဆက်ခြိမ်း ခြောက် ကာ ငွေကြေးတောင်းခံ နေ ရသောကြောင့်ပြီးခဲ့သော ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာက အထက် ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မဆု ရည်နွယ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလခန့်က TikTok လူမှုကွန်ရက် စာမျက်နှာပေါ်တွေ့ရှိ သည့် Mashala Tech CO.,Ltd အမည်ရှိ အွန်လိုင်းချေးငွေ ဝန်ဆောင်မှုလုပ် ငန်း၊ Team - A တွင် ချေးငွေ ကောက်ခံသူအဖြစ် တစ်လလျှင် လစာ ၃၂၀၀၀၀ ကျပ်ဖြင့် စတင်ဝင်ရောက်ခဲ့ ကြောင်း ၊ ယင်းနောက်Mashala Tech CO.,Ltd e Online ချေးငွေလုပ်ငန်းဖြင့် လိမ်လည်လုပ်ကိုင်နေသူများအား ဖေဖော်ဝါရီလ၁၅ ရက်မှ ၂၂ ရက်အထိ ဖော် ထုတ်ဖမ်းဆီးခဲ့ရာ မမြတ်စန္ဒာဝင်း(ခ)စန္ဒာ အပါအဝင် စုစုပေါင်း တရားခံ ၁၃ ဦးကို ၎င်းတို့ လိမ်လည်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သည့် Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော် ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စိစစ်ချက်များအရ Mashala Tech CO.,Ltd ကို ဦးဇေယျာမင်း တစ်ဦးတည်း အမည်ဖြင့် မှတ်ပုံတင်ထားသော် လည်း အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နေသူမှာ တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian ဖြစ်ကာ ဗိုလ် တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ်(၄၄/၅၆) MMG Tower၊ (၆)လွှာ၊ အခန်း (၆၀၄) တွင် ဖွင့်လှစ်ထားရှိ ကြောင်း သိရသည်။
Mr. Yu Linfeng သည် ဇန်နဝါရီလ ၅ ရက်၌ ကမ္ဘောဒီးယား နိုင်ငံသို့ ထွက်ခွာသွားရာမှ မြန်မာနိုင်ငံသို့ ပြန် လည် ဝင်ရောက်ခြင်းမရှိ သေးကြောင်း၊ ကုမ္ပဏီအနေဖြင့် အွန်လိုင်းချေးငွေ လုပ်ငန်းများ လုပ်ကိုင်ရာတွင် Mr. Yu Linfeng က ဦးဆောင်ပြီး ဖမ်းဆီးရမိပြီးဖြစ်သည့် HR ဝန်ထမ်းဖြစ်သူ မြတ်စန္ဒာဝင်း၊ Assistant HR ဝန်ထမ်းများဖြစ်သူ ဖမ်းဆီးရမိပြီးဖြစ်သည့် မမို့မို့အောင် နှင့် ဖမ်းဆီးရန် ကျန် ကျော်မင်းဖြိုး တို့က ကြီးကြပ်လုပ် ကိုင် လျက်ရှိကြောင်း၊ ၎င်းတို့၏ ကြီးကြပ်မှု အောက်တွင် အွန်လိုင်း ချေးငွေ များရယူလာစေရေး ဆွဲဆောင် သည့်အဖွဲ့၊ ချေးငွေ Application Download ပြုလုပ်ရန် ခိုင်းစေသည့်အဖွဲ့၊ ချေးငွေလျှောက်လွှာစိစစ်သည့် အဖွဲ့နှင့် ချေးငွေပြန်လည် ခြိမ်းခြောက်တောင်းခံသည့် အဖွဲ့ဟူ၍ အဖွဲ့ ၄ ဖွဲ့ခွဲထားကြောင်း သိရသည်။
ချေးငွေလျှောက်လွှာစိစစ်သည့်အဖွဲ့ကို ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မလွင်မေချစ် အပါ အဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် လည်းကောင်း၊ ချေးငွေပြန်လည်ခြိမ်း ခြောက်တောင်း ခံသည့် အဖွဲ့ကို Team A, E, J, N, S, X အဖွဲ့ ၆ ဖွဲ့ ခွဲထားပြီး Team-A တွင် ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မဝေဖြိုးသွယ်နှင့် Data Analysis ဖြစ်သူ မအေးမြင့်သူ အပါ အဝင် ချေးငွေကောက်ခံသူ ၁၅ ဦး၊ Team-E တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ မောင်လဝန်းယံ အပါ အဝင် ချေးငွေကောက်ခံသူ ၁၀ ဦး၊ Team-N တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ လင်းကောင်းခန့် အပါ အဝင် ချေးငွေကောက် ခံသူ ၁၀ ဦး၊ Team-J တွင် ဖမ်းဆီးရမိပြီးဖြစ်သည့် Leader ဖြစ်သူ မရတနာအပါ အဝင် ချေးငွေကောက်ခံသူ ၂၀ ဦး၊ Team-S တွင် ဖမ်းဆီးရန်ကျန် Leader ဖြစ်သူ မနှင်းလပြည့် နှင့် မောင်ဇာနည်ဖြိုး အပါ အဝင် ချေးငွေကောက်ခံသူ ၁၆ ဦး၊ Team-X တွင် ဖမ်းဆီးရန် ကျန် Leader ဖြစ်သူ မပန်းအိမွန်နှင့် မနှင်းအိခိုင် အပါ အဝင် ချေးငွေကောက်ခံသူ ၂၀ ဦး၊ စုစုပေါင်း ၉၁ ဦး တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရန်ကျန် တရုတ်နိုင်ငံသားဖြစ်သူ Mr.Yu Linfeng(ခ) Willian နှင့် ဖမ်းဆီးရမိသူများ ဖြစ် သည့် မမြတ်စန္ဒာဝင်း(ခ)စန္ဒာ၊ မအေးမြင့်သူ(ခ) ဇူးဇူးကို၊ ဆုရည်နွယ်၊ မဝေဖြိုးသွယ်(ခ)မဝေ၊ မင်းခန့်ကျော်၊ ဇော်ထက်အောင်၊ ကျော်ဇင်ထက်၊ မရတနာ၊ မလွင်မေချစ်၊ ရဲနိုင်ဝင်း၊ မမို့မို့အောင်၊ မင်းခန့်ကျော်(ခ) ခန့်ကျော်၊ ငြိမ်းချမ်းဆွေ နှင့် မစုစုအေး တို့အား အမှုဖွင့်လှစ်၍ တရားဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သူများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mashala Tech CO.,Ltd အနေဖြင့် Morning Cash Smile Loan I Cash Loop | WA Wallet | PK Cash | AJ Cash | Morning Wallet | Sky Cash Happy Cash | Sun Bag ı Zuri Loan & Quick Cash Application များကို အများပြည်သူ မြင်သာနိုင်ရန် Wave Money Application တွင် ထည့်သွင်း ကြော်ငြာ ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ချေးငွေရယူလိုသူများအနေဖြင့် အဆိုပါ Application များကို Download ပြုလုပ်၍ ဖုန်းအတွင်း Install ပြုလုပ်ပြီးပါက Register ပြုလုပ်ရန်အတွက် ချေးငွေပုံစံဖြည့် သွင်းရာတွင် အမည်၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ ငွေလက်ခံမည့် KBZ Pay/Wave Pay အကောင့်များ၊ နိုင်ငံသားစိ စစ်ရေးကတ် (ရှေ့/နောက်)ဓာတ် ပုံနှင့် Gmail တို့ကို ဖြည့်သွင်း ပေးရကြောင်း၊ ဖုန်းတွင် Permission Access တောင်းခံပြီး ချေးယူလိုသူက Allow ပြုလုပ်ပါက Gmail ချိတ်ဆက်ထားသည့် ဖုန်း Contact များအားလုံးကို Application က တရားမဝင် ရရှိသွားကြောင်း၊ ထိုသို့ ပြုလုပ်ပြီးနောက် ချေးငွေရယူလိုသူများထံချေးယူမည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းကို အတိုးဖြတ်တောက်၍ KBZ Pay/ Wave Pay မှတစ်ဆင့် လွှဲပြောင်းပေးပြီး အနည်းဆုံး ငွေ ၃၀,၀၀၀ ကျပ်မှ အများဆုံး ငွေ ၃၀၀,၀၀၀ ကျပ်အထိချေးပေးကြောင်း၊ ထို့နောက် ချေးယူငွေ များကို တစ်ပတ်အတွင်း ပြန်လည်ပေးဆပ်စေပြီး ကုမ္ပဏီဝန်ထမ်းများ အနေဖြင့် ချေးငွေရယူထားသူများအား ဖုန်းဖြင့်ခေါ်ဆိုခြင်း၊ Viber သို့မဟုတ် SMS မှတစ်ဆင့် ချေးငွေပေးဆပ်ရန် ဆက်သွယ်တောင်းဆိုခြင်းများ ပြုလုပ်ကြောင်း၊ ချေးငွေ ပြန်လည်ပေးဆပ်ခြင်း မရှိသူများနှင့် ၎င်းဖုန်းအတွင်းမှ Contact Person များကို ဖုန်းဖြင့် ဆက်သွယ်၍ ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည့်အပြင် လူမှု ကွန်ရက်စာမျက်နှာများတွင် အရှက်တကွဲဖြစ်စေရန် ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်ကြောင်း သိရသည်။
ငွေကြေးလိမ်လည်သူများအနေဖြင့် အဖွဲ့များဖွဲ့၍ အထက်ပါနည်းလမ်းများ အပါအဝင် အခြားနည်းလမ်းမျိုးစုံဖြင့် ငွေကြေးအမြတ်ထုတ်လျက်ရှိပြီး အများပြည်သူ များ သတိပြုမိနိုင်စေရေးအတွက် ဖြစ်စဉ်တစ်ခုအနေဖြင့် ဖော်ပြ ရ မည်ဆိုပါက အသေး စား စားသောက်ကုန်ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံသို့ ငွေကြေးလိမ်လည်သူ များအနေဖြင့် Delivery Service အသွင် ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းတို့ Service ကိုစမ်းသပ်အသုံးပြုရန် ဆက် သွယ်ခဲ့ကြောင်း၊ ထို့နောက် ဖုန်းဖြင့်ဆက်သွယ်ခြင်း၊ Viber မှ Video Call များခေါ်ဆိုခြင်းများ ပြုလုပ်ပြီး ယုံ ကြည်မှုရရှိစေရန် ဆောင် ရွက်ကာ လုပ်ငန်းနှင့်ပတ်သက်၍ စာချုပ်ချုပ်ခြင်း၊ လျှောက်လွှာတင်ခြင်းများ ဆောင် ရွက်ရန် အတွက် Application များကို Download ပြုလုပ်စေခဲ့ပြီး Permission များ တောင်းသည့် အခါတွင် Allowed ၊ Accept များ ပြုလုပ်စေခဲ့ကာ လုပ်ငန်းရှင်ဖြစ်သူ၏ဖုန်းအတွင်းမှ Contact | Call log | SMS | Photo | Video | G-Mail | K pay | Wave pay အသုံးပြုသည့် ဖုန်းနံပါတ်များ အပါအဝင် ကိုယ်ရေး ကိုယ်တာအချက်အလက်များ အား နည်းပညာဖြင့် Hack ၍ တရားမဝင်ရယူခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ပြီး ရက်ပိုင်း အတွင်း၌ လုပ်ငန်းရှင်ဖြစ်သူ၏ K pay အတွင်းသို့ အကြောင်းတစ်စုံတစ်ရာမရှိဘဲ ငွေပမာဏတူ ငွေလွှဲ(၆)ကြိမ် ရောက်ရှိလာခဲ့ပြီး ဖုန်းနံပါတ်တစ်ခုဖြင့် ဆက်သွယ်ကာ ဖုန်းနံပါတ်လွဲမှား၍ ငွေပေးပို့မိသည့် အသွင်ဖြင့်ပြောဆို၍ ငွေများကိုပြန်လည်လွှဲစေခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ဖုန်းနံပါတ် မျိုးစုံဖြင့် ဆက်သွယ် ၍ ၎င်းတို့ထံမှ ရယူထားသည့် Online ချေးငွေများကို ပြန်လည်ပေးဆပ်ရန် ဆက်တိုက် ပြော ဆိုခဲ့သောကြောင့် လုပ်ငန်းရှင်မှ ၎င်းအနေဖြင့် မည်သည့်ချေးငွေမျှ ရယူထားခြင်းမရှိကြောင်း၊ မသိ ကြောင်း ပြောဆိုရာတွင် ဆဲဆိုခြင်း၊ ခြိမ်းခြောက် ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ လုပ်ငန်းရှင်ကိုသာမက ၎င်းတို့ တရားမဝင်ရယူထားသည့် လုပ်ငန်းရှင်၏ Contact အတွင်းမှ ဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များထံသို့ လည်း ဆက်သွယ်အရှက်ခွဲခြင်းများ၊ သိက္ခာချခြင်းများ ပြုလုပ်လာသဖြင့် လုပ်ငန်းရှင် အနေဖြင့် ချေးယူထားခြင်း မရှိသည့် ငွေကြေးပမာဏတစ်ခုကိုမတတ်သာတော့ သဖြင့် လွှဲပေးလိုက်ရကြောင်း၊ ထိုသို့လွှဲပေးခဲ့ရပြီး ၂ ရက်ခန့် အကြာတွင်လည်း Viber မှတဆင့် Video Call ခေါ်ထားသည့်ပုံများ၊ ဖုန်းအတွင်းမှ ကိုယ်ရေးကိုယ် တာပုံများ၊ မှတ်ပုံတင်များဖြင့် ခြိမ်းခြောက်၍ ငွေကြေးပမာဏတစ်ခုကို ထပ်မံခြိမ်းခြောက် တောင်းဆိုခဲ့ပြီး လုပ်ငန်း ရှင်မှပေးဆောင်နိုင်ခြင်းမရှိသောအခါ အထက်တွင်ဆောင်ရွက် ခဲ့သည့်အတိုင်း လုပ်ငန်းရှင်၏ Contact အတွင်းမှ ဆွေမျိုးသားချင်းများ၊ လုပ်ဖော် ကိုင်ဖက်များထံသို့ ဆက်သွယ်အရှက်ခွဲခြင်းသာမက လူမှုကွန်ယက် စာ မျက်နှာများ၌ လုပ်ငန်းရှင်၏ ဓာတ်ပုံများ၊ ဖုန်းနံပါတ်များ၊မှတ်ပုံတင်များတင်၍ အကြမ်းဖက် PDF ဖြစ်ကြောင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ပတ်ဝန်းကျင်တွင် အထက်ပါဖြစ်စဉ်များကဲ့သို့ ငွေကြေးနှင့် ပတ်သက်သည့် မသင်္ကာဖွယ်ရာ အပြုအမူများနှင့် လိမ်လည်မှု ဆောင်ရွက်နေသည်ဟု ယူဆရမှုများ အား တွေ့ရှိရပါက တာဝန်ရှိသူများထံသို့ အမြန်ဆုံး အကြောင်းကြား ရန်လည်း သက်ဆိုင်ရာက တိုက်တွန်းထားသည်။
Yangon_Times/PP
Published_23 Feb 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ တွင် တရားမဝင် Online လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ် လည်မှုများပြုလုပ်နေသည့် ထိုင်း၊တရုတ်နှင့် မြန်မာနိုင်ငံသား ၆၈၉ ဦး ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ တရားမဝင် Online လောင်းကစားဂိမ်းများနှင့်ငွေကြေးလိမ်လည်သူများသည် တာချီလိတ်မြို့၊ ဆန် ဆိုင်း (က)ရပ်ကွက်၊ တိုးနယားလမ်းရှိ ကျော်သိန်း(ခ) ခွန်မောင်ညို ပိုင်ဆိုင်သော ခြံဝင်းအတွင်း၌ တရားမဝင် Online ဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးရာ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာ နိုင်ငံသူသား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့အား မော်တော်ယာဉ် ၈ စီး၊ မော်တော်ဆိုင်ကယ် ၁၂၀ စီး၊ Online ဂိမ်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး စီး ပါက ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသား များအား တရားဥပဒေ အတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
ယာဥ်တစ်စီးကို ဓာတ်အားပေးရန် မလုံလောက်တော့ဘူးလို့ ယူဆထားတဲ့ သုံးပြီးသားဘက်ထရီတွေ များပြားလာတာကြောင့် တရုတ်ပြည်မှ ပြန်လည်အသုံးချရေးကဏ္ဍဟာ အခွင့်အလမ်းသစ်တွေ ရရှိလာပါတယ်။
တရုတ်ရဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေးနဲ့ ရောင်းချရေးတို့ဟာ ၉ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာကြောင့် လျှပ်စစ်ကားဘက်ထရီဟောင်းတွေလည်း များပြားလာပါတယ်။
ဒါကြောင့် အသုံးပြုပြီးသား ဘက်ထရီတွေကို ပြန်လည်အသုံးချနိုင်မယ့် နည်းလမ်းတွေကို အာရုံစိုက်လာတာ ဖြစ်ပါတယ်။
#World_Industry
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 23 February 2024
၁။ လာမည့်နွေရာသီတွင် ရန်ကုန်၌ ရေရှားပါးပြတ်လတ်နိုင်၍ ရေလှူဒါန်းရန် အသင့်ပြင်ထား
၂။ စိုက်စရိတ်တက်ပြီး ရောင်းသူဈေးကွက်ဖြစ်နေသောကြောင့် ဖရဲစိုက်တောင်သူများ အမြတ်ရရှိမှုနည်းပါးနေ
၃။ ယခင်ဈေးမြင့်နေသည့် ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးသော ပဲတီစိမ်းရာသီပေါ်ချိန်မှာ ဈေးပြန်ကျလာဟုဆို
၄။ လျှပ်စစ်ကား ထုတ်လုပ်မှုမြင့်လာသဖြင့် ကားဘက်ထရီများအား ပြန်လည်အသုံးပြုမှု တိုးမြှင့်ဆောင်ရွက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ကုန်အသစ်၀င်ချိန်နဲ့ ကုန်အဟောင်းပျက်ချိန် ကြားကာလဖြစ်တဲ့အတွက် ရှမ်းကြက်သွန်ဖြူဟာ ပြီးခဲ့တဲ့ တပတ်ထက် တပိသာကို ကျပ် ၂၀၀၀ခန့် မြင့် လာတယ်လို့ ရန်ကုန်ရှိ ကြက်သွန်ပွဲရုံများက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 February 2024
သုံးနှစ်တာအတွင်းလူမှုဖူလုံရေး အာမခံအလုပ်သမားလူနာ ၃ သန်းခန့်အား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ လူမှုဖူလုံရေးအဖွဲ့က အာမခံအလုပ်သမားလူနာ၂ ဒသမ ၈၁ သန်းကျော်ကို ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာမခံအလုပ်သမားများကို ပိုမိုထိရောက်ကောင်းမွန်ပြီးအလွယ်တကူလက်လှမ်းမီသည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်နိုင်ငံတကာမှ လူမှုကျန်းမာရေးအာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များ ကို လေ့လာပြီး Provider Purchaser Split (PPS) စနစ်အရပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆိုကာ Capitation Payment ဖြင့် ဆေးခန်း ၂၁ ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း ၄၀ ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်မြို့နယ် ၁၂၂ မြို့နယ်ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ ၂၄ သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များအား ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင်လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်အာမခံအလုပ်သမားဦးရေ ၅၀ ရာခိုင်နှုန်းကျော်ခန့်သည် အမျိုးသမီး အာမခံ အလုပ်သမားများဖြစ်နေပြီး အမျိုးသမီးများ၏ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုအကျိုးခံစားခွင့်များကိုခွင့်ပြု ပေးနိုင်ရန် ဆေးဖိုးပြန်အမ်းမှုဆိုင်ရာညွှန်ကြားချက်များ ထုတ်ပြန်ပြီး ဆေးဖိုးကုန်ကျမှုများ ပြန်လည်ပေးအပ်လျက် ရှိရာ ၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ အာမခံအမျိုးသမီးအလုပ်သမား ၁၇,၄၁၃ ဦးအတွက် ငွေကျပ်သန်း ၂၁၈၆ ဒသမ ၆၄၉ ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
၎င်းအပြင် မြို့နယ်လူမှုဖူလုံရေးရုံးများကို ဥပဒေအရ အာမခံအလုပ်သမားများမှ တင်ပြလာသည့် အကျိုးခံစားခွင့်အမှုတွဲများကို အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ငွေကျပ်သန်းပေါင်း ၆၂,၅၉၄ ဒသမ ၅၃၁ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 February 2024
ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ (World peace) ဆုရရှိသူ မြန်မာနိုင်ငံသားများ ထိုင်းသို့ ယမန်နေ့ကထွက်ခွာ ခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ (World peace) ၌ မြန်မာ့ဂုဏ်ဆောင် မောင်ဘုန်းမော်ရွှေနှင့် မယွန်းနန္ဒာအောင်တို့နှစ်ဦး ဆုရယူရန် UB-017 မြန်မာလေကြောင်းလိုင်း MNA နှင့် ရန်ကုန်လေဆိပ်မှတစ်ဆင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်းကြီးနှင့် ထိုင်းနိုင်ငံဓမ္မကာယကျောင်းတော်ကြီးတို့ ပူးပေါင်းဆောင်ရွက်သော ပဉ္စမအကြိမ်ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ၂၀၂၃ ခုနှစ်၌ G 10 -12- L3 တွင် အထက( ၅) ကမာရွတ်က Winner ဆုရှင် မောင်ဘုန်းမော်ရွှေနှင့် နှစ်သိမ့်ဆုရကျောင်းသားများအပါအဝင် ဓမ္မကာယကျောင်းတော်ကြီးတွင် လူပေါင်း နှစ်သိန်းကျော်တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ(World peace) အတွက် မြန်မာနိုင်ငံသူ၊ နိုင်သား ၇၉၉ ဦးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်၌ စာဖြေဌာန သီရိမဂ်လာမဟာသာသနာဗိမာန်တော်ကြီးအင်းစိန်မြို့နယ်တွင် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နှစ်စဉ် ဒီဇင်ဘာလတိုင်း ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ(World peace)ကို ကျင်းပပေးလျက်ရှိပြီး (၃၈) ဖြာ သင်ကြားရေးဆရာမကြီးများ အခြေခံပညာကျောင်းများ၊ သက်ဆိုင်ဌာနအဆင့် ခွင့်ပြုချက်ယူပြီး သာသနာပြု သင်ကြားပေးလျက်ရှိပြီး ဆုရရှိသူများကို ထိုင်းနိင်ငံ၌ စားရိတ်ငြိမ်းခေါ်ဆောင်၍ ဆုချီးမြင့်ပွဲတက်ရောက်ရခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ (World peace) ၌ ဆုပေးမည့် ဓမ္မကာယကျောင်းတော်ကြီးတွင် အရှေ့တောင် အာရှနိူင်ငံ ၁၁ နိုင်ငံများအနက် မြန်မာ၊ အိန္ဒိယ၊ ဘဂ်လားဒေ့ရှ် ၊ နီပေါနိုင်များမှ ဆုရ ကျောင်းသားများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၃ ဖေဖော်ဝါရီ ၂၀၂၄
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့က တံတားတစ်စင်းကို ဖေဖော်ဝါရီ ၂၂ရက်က ကွန်တိန်နာသင်္ဘောတစ်စီး ဝင်တိုက် မိတဲ့ အတွက် တံတားအစိတ်အပိုင်းတစ်ခုကျိုးကျပြီး လူ (၅)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
Source CCTV+
Published 23 February 2024
ဖေဖေါ်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလာရှီးဒီချောင်းအတွင်း တောင်ပေါ်တွင် မိုးရွာသွန်းမှုကြောင့် တောင်ကျရေများဖြင့် ရေလျံတက်မှုဖြစ်ပွားသဖြင့် လုပ်သား ၆ ဦးနှင့် ကလေးငယ် တစ်ဦး ကို ကယ်ဆယ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အလုပ်သမားများနှင့်ကလေးငယ်မှာ ချောင်းအတွင်း ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ) တည်ဆောက်ရေးလုပ်ငန်းရှိ လုပ်သားများ ဖြစ်ပြီး ရေလည်သောင်ပြင်ရှိ နေထိုင်ရာတဲအတွင်း ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ လုပ်သားများနှင့် ကလေးငယ် အခက်ခဲဖြစ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့လာသဖြင့်
ပူတာအိုခရိုင်/ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေမယ့်သူတွေ ဖေဖော်ဝါရီလ(၂၇)ရက်က စပြီး စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေကျောင်းတွေမှာ ထုတ်လို့ရတယ်။ သက်ဆိုင်ရာကျောင်းအုပ်တွေဆီကနေ ထုတ်ယူရမှာဖြစ်သလို ပြင်ပဖြေသူတွေက မိမိတို့ ဖြေဆိုရမယ့် စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေဆီကနေ ထုတ်ယူကြရမှာဖြစ်တယ်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
Yangon Times/tthl
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေမယ့်သူတွေ ဖေဖော်ဝါရီလ(၂၇)ရက်က စပြီး စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေကျောင်းတွေမှာ ထုတ်လို့ရတယ်။ သက်ဆိုင်ရာကျောင်းအုပ်တွေဆီကနေ ထုတ်ယူရမှာဖြစ်သလို ပြင်ပဖြေသူတွေက မိမိတို့ ဖြေဆိုရမယ့် စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေဆီကနေ ထုတ်ယူကြရမှာဖြစ်တယ်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
Yangon Times/tthl
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
23 February 2024
တိုင်းရင်းသားမျိုးနွယ်စုများ၏ အမျိုးသားဝတ်စုံများသည် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာအရ အရေးပါ၍ မြန်မာတိုင်းရင်းသားလူမျိုးများ၏အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရသည်။
ယင်းကဲ့သို့ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက်မြန်မာနိုင်ငံအမျိုး သားယဉ်ကျေးမှုဗဟိုကော်မတီ၏ မြန်မာတိုင်းရင်းသားလူမျိုးများ၏အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအစည်း အဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံက "မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူမျိုး (၁၃၅) မျိုး၊ အဓိကမျိုးနွယ်စု (၈)မျိုးရှိကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏အမျိုးသားဝတ်စုံများသည် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာအရ အရေးပါကြောင်း၊ တိုင်းရင်းသားဝတ်စုံများကို ဆန်းသစ်တီထွင်မှုများကြောင့် အရိုးပေါ်အရွက်ဖုံးမဖြစ်စေဘဲ အမျိုးသားဝတ်စုံအမှန်ကို သတ်သတ်မှတ်မှတ် ထားရှိရန်လိုအပ်ကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုအားလုံး၏ သီးခြားစီရှိနေသော ဝတ်စုံများကို တစ်ပြိုင်တည်းအသိအမှတ်ပြု သတ်မှတ်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပထမဆုံးအကြိမ်တွင် ပင်မတိုင်းရင်းသားလူမျိုး (၈)မျိုး၏ဝတ်စုံများကို ဦးစားပေးဆွေးနွေးပြီး ကျန်တိုင်းရင်းသား မျိုးနွယ်စုများကိုမူ သုတေသနပြုပြီး အသင့်ရှိလျှင်ရှိသလောက် ဆွေးနွေးတင်ပြစေလိုကြောင်း "ပြောကြားသည်။
ဆက်လက်၍ မျိုးနွယ်စုများ၏ တိုင်းရင်းသားဝတ်စုံမှန်သတ်မှတ်နိုင်ရေးအတွက် သမိုင်းမှတ်တမ်းမှတ်ရာ အထောက်အထားများ၊ မြေပြင်ကွင်းဆင်း လေ့လာမှတ်တမ်းပြုချက်များ၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ကာအတည်ပြုနိုင်ကြရန်လိုအပ်ကြောင်း၊ အတည်ပြုပြီးနောက်စာအုပ်စာတမ်း၊ ရုပ်သံဗီဒီယိုများဖြင့် ထိန်းသိမ်းမှတ်တမ်းတင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကိုအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာတိုင်းရင်းသားလူမျိုးများ၏ ဝတ်စုံမှန်သတ်မှတ်ရေးကော်မတီအတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေးက အစည်းအဝေးကျင်းပ ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော အမြဲတမ်းအတွင်းဝန်များက ဖြည့်စွက်ဆွေးနွေးကြောင်းနှင့်ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များက မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးအတွက် သက်ဆိုင်ရာအလိုက် ရှင်းလင်းဆွေးနွေးကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူးဦးညွန့်တင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 305 of 1469