#Local_News
Published 21 October 2021
▪️ အရှေ့ဒဂုံ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၂၁ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်ဇော်ဂျီလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 October 2024
▪️ ပုသိမ်ကနေရန်ကုန်အလာ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး (၂၀)ဦးဒဏ်ရာအနည်းငယ်ရကာ အဘွားတစ်ဦးညောင်တုန်းဆေးရုံတင်ခဲ့ရကြောင်းကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးမှသိရသည်။
▪️ အောက်တိုဘာလ(၂၁)ရက်က ရန်ကုန် ပုသိမ်လမ်းမ ပန်တိုင်နှင့် မဲဇလီကြားတွင် ခရီးသည်တင်ကားတစ်စီးလမ်းဘေးထိုးကျပြီးမှောက်ခဲ့ခြင်းဖြစ်သည်။
▪️ "ခရီးသည်တင်ကားမှာ ခရီးသည်(၅၀)ကျော်ပါပါတယ်။(၂၀)ဦးလောက်ပဲ မှန်နဲ့ခြစ်မိတာ စတဲ့ထိခိုက်ဒဏ်ရာအနည်းငယ်လောက်ပဲရရှိသွားတယ်။
အသက်(၅၀)ကျော်(၆၀)ကျော်အဘွားတစ်ဦးကို တော့ ညောင်တုန်းပြည်သူ့ဆေးရုံကို တင်ပေးခဲ့ရပါတယ်"ဟု ကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ကရုဏာကမ်းလက်အသင်းမှ လူနာတင်ယာဉ်တစ်စီးနှင့်လူ(၃)ဦးရောက်ရှိကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#World_Health
Published 21 October 2024
▪️ ကော်ဖီသောက်ခြင်းဖြင့် ကြွက်သားထု ဖွံ့ဖြိုးစေတာတွေ စောစီးစွာ သေဆုံးနိုင်ခြေ လျော့နည်းစေတာတွေ အပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးများ ရနိုင်ပုံကို လေ့လာချက်တွေမှာ တွေ့ရပါတယ်။
▪️ သုတေသနအသစ်မှာဆိုရင် မနက်ပိုင်း ကော်ဖီသောက်ခြင်းဟာ ပိုမိုအကျိုးရှိစေတာကို တွေ့လာရပါတယ်။
▪️ ကဖင်းဓာတ်ပါတဲ့ ကော်ဖီနဲ့ လက်ဖက်ရည် အများအပြား သောက်သုံးခြင်းဖြင့် ဆီးချို၊ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်းတို့ကို ကာကွယ်နိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိထားပါတယ်။
▪️ လူပေါင်း ၁၈၈၀၀၀ ခန့်ကို သုတေသီများ လေ့လာရာမှာ ကော်ဖီ လက်ဖက်ရည်သောက်တဲ့ ၁၇၂၀၀၀ လောက်က နှလုံးပတ်သက်ရောဂါများ မဖြစ်ဖူးတာကို တွေ့ရပါတယ်။
▪️ နောက်ထပ် ၁၂ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ရာမှာ တစ်နေ့ကို ကဖင်းဓာတ် ၂၀၀ မှ ၃၀၀ မီလီဂရမ် သောက်တဲ့သူတွေဟာ အခြားသူတွေထက် ရောဂါဖြစ်နိုင်ခြေ ပိုနည်းပါတယ်။
▪️ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး ဆဲလ်များထိခိုက်ခြင်းမှ ကာကွယ်ပေးတယ်လို့ နှလုံးကာကွယ်ရေးပညာရှင် အက်ဒီဒါပို အီလူယိုမာဒေက ပြောပါတယ်။
▪️ ကော်ဖီရော လက်ဖက်ရည်ရောက ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်ကို ချေဖျက်ပြီး သွေးကြောတွေ ကျန်းမာစေတာကြောင့် ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
▪️ အားဖြည့်အချိုရည်တွေမှာ ကဖင်းပါဝင်ပေမယ့် သကြားနဲ့ အချိုဓာတ်အတုများ များစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဒေါက်တာက ပြောပါတယ်။
▪️ တွေ့ရှိချက်များအရ ကဖင်းဓာတ်က အထက်ပါရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
▪️ ကော်ဖီက နှလုံးကျန်းမာရေးအတွက် အကျိုးရှိစေမယ့် သင့်တင့်ရုံသာ သောက်သုံးဖို့ကလည်း အရေးကြီးပါတယ်။
▪️ ဒါပေမဲ့ သကြားတွေ နို့ဆီတွေ အများအပြားထည့်သောက်ရင်တော့ ဆိုးကျိုးသာ ပိုများစေတယ်လို့ သတိပေးသွားပါတယ်။
#Source: Prevention
#Local_News
Published_21 Oct 2024
▪️ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားစစ်ရေ ယာဉ် ၄ စီး ရန်ကုန်မြို့သို့ ယနေ့ အောက်တိုဘာလ ၂၀ ရက်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ ခဲ့ကြောင်း သိရသည်။
▪️ ယင်းစစ်ရေယာဉ်များမှာ ရုရှားရေတပ် Russian Pacific Fleet မှ ကော်ဗက်စစ်ရေယာဉ်များ ဖြစ်ကြသည့် စစ်ရေယာဉ် Gromky ၊ စစ်ရေ ယာဉ် Rezky နှင့် စစ်ရေယာဉ် Tsydenzhapov ၊ ထောက်ပံ့ရေး ရေယာဉ် Pechenga တို့ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင် ရုရှားရေတပ် Russian Pacific Fleet Captain 1st Rank Antsiferov Alexey Vitalievich ဦးစီးသည့် စစ်သည်များလိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်က ရနေရာများသို့ သွားရောက် လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း(Harbour Phase)များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 21 October 2024
▪️ အရွယ်မတိုင်မီ ဆံပင်ကျွတ်ခြင်းက ယောက်ျားလေးတွေအတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။
▪️ ငယ်ရွယ်သေးတဲ့ အမျိုးသားတွေမှာ အဖြစ်များသလို မျိုးဗီဇနဲ့လည်း သက်ဆိုင်နေပါတယ်။
▪️ ရှေးခေတ်ထဲက ဒီပြဿနာတွေ ကြုံတွေ့နေကြပြီး အီဂျစ်တွေဆိုရင် ဆံပင်ကျွတ်ခြင်း ကာကွယ်ဖို့အတွက် ဆေးနည်းပေါင်းစုံ ရောစပ်အသုံးပြုကြတဲ့ မှတ်တမ်းများရှိပါတယ်။
▪️ ရောမခေတ်က ဂျူလိယက်စ်ဆီဆာဆိုရင် ဆံပင်ပါးခြင်းကို ဖုံးကွယ်ဖို့ နည်းလမ်းတွေ ရှာဖွေခဲ့ကြောင်း သိရပါတယ်။
▪️ ယောက်ျားလေးတွေမှာ ထိပ်ပြောင်ရခြင်းနဲ့ တက်စ်တိုစတီရုန်းဟော်မုန်းတို့ကြား ဆက်စပ်မှုရှိပုံကို ၁၉၄၀ ခုနှစ်မှာ ခန္ဓာဗေဒပညာရှင် ဒေါက်တာ ဂျိမ်းစ်ဟာမီလ်တန်က စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ လေ့လာသွားပြီး တက်စ်တိုစတီရုန်းပမာဏ လျော့နည်းပါက ဆံပင်ပြန်ထွက်လာတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ အဖြစ်အများဆုံး ဆံပင်ကျွတ်ခြင်းပုံစံက ဦးရေပြားထိပ်ပိုင်းမှာ ဆံပင်ကျွတ်ခြင်းမျိုး ဖြစ်ပြီး အသက် ၅၀ ဝန်းကျင်အမျိုးသား ၅၀ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပေမယ့် အချို့ကတော့ ဒီမတိုင်ခင်မှာပင် စတင်ဖြစ်ပေါ်နေပါပြီ။
▪️ တက်စ်တိုစတီရုန်းကနေ ဆင်းသက်လာတဲ့ ဒိုင်ဟိုက်ဒရို တက်စ်တိုစတီရုန်း(DHT)က မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်ခြင်း တရားခံဖြစ်နေနိုင်ကာ ဦးရေပြားမွေးညင်းပေါက်များ ကျုံ့သွားပြီး ဆံပင်ပါးစေကာ ထိပ်ကွက်ခြင်းပင် ဖြစ်စေပါတယ်။
▪️ မျိုးရိုးထဲမှာ စောစီးစွာ ဆံပင်ကျွတ်ခြင်း ခံစားခဲ့ရတဲ့ အဖေ၊ အဘိုးတို့ရှိရင် ကိုယ်တိုင်လည်း ဖြစ်နိုင်ခြေများပါတယ်။
▪️ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကလည်း ပတ်သက်နေပါသေးတယ်။
▪️ ယခုခေတ် လူငယ်တွေက နေထိုင်စားသောက်မှုပုံစံ မညီညွတ်တာကြောင့် ယခင်လူကြီးတွေထက် စောစီးစွာ ဆံပင်ကျွတ်လာကြပါတယ်။
▪️ ဥပမာအားဖြင့် ဗိုက်တာမင်-ဘီ၇၊ ဇင့်၊ သံဓာတ်တို့ ချို့တဲ့ရင် ဆံပင်ပါးလာတတ်ပါတယ်။
▪️ ကီရာဝင်လို့ခေါ်တဲ့ ပရိုတိန်းချို့တဲ့ပါကလည်း ဆံပင်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။
▪️ ကျန်းမာစွာ စားသုံးခြင်း၊ ဖိစီးမှု လျှော့ချခြင်းတို့ဖြင့် ဒီပြဿနာတွေကို လျှော့ချနိုင်ပါတယ်။
#Source: India Today
#World_Science
Published 20 October 2024
▪️ လူတစ်ယောက်ရဲ့ ပါးစောင်ထဲက ဆဲလ်တွေကို စစ်ဆေးခြင်းဖြင့် လာမယ့်တစ်နှစ်အတွင်း အသက်သေဆုံးနိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာကို ခန့်မှန်းနိုင်ဖွယ်ရှိတယ်လို့ သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ အဆိုပါ စမ်းသပ်ပစ္စည်းကို CheekAge ကို အမည်ပေးထားပြီး အောက်တိုဘာ ၁ ရက်နေ့က Frontiers ဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ အသက် ၆၉ နှစ်မှ ၁၀၁ နှစ်ကြားရှိ စမ်းသပ်ခံများကို CheekAge ဖြင့် စစ်ဆေးရာမှာ လာမယ့် ၁၂ လအတွင်း အသက်သေဆုံးနိုင်ခြေ ၂၁ ရာခိုင်နှုန်း တိုးမြင့်လာတာ တွေ့ရှိခဲ့ပါတယ်။
▪️ CheekAge ပစ္စည်းက လူတစ်ယောက်ရဲ့ ဒီအင်န်အေနဲ့ ဓာတုဇီဝပုံစံများကို လေ့လာစစ်ဆေးကာ ဇီဝဖြစ်စဉ်သက်တမ်းကို တိုင်းတာတဲ့ ကိရိယာဖြစ်ပါတယ်။
ဒီလိုကိရိယာများဖြင့် အိုမင်းရင့်ရော်လာတာကို နှောင့်နှေးစေရန် အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
▪️ အသက် ၁၈ နှစ်မှ ၉၃ နှစ်ကြားလူတွေထံမှ ပါးစောင်အသားစများကို အသုံးပြုပြီး သိပ္ပံပညာရှင်များက CheekAge ကို တီထွင်ထားတာ ဖြစ်ပါတယ်။
▪️ ပါးစောင်ဆဲလ်တွေထဲက ဒီအင်န်အေ မီသိုင်းလ်ဖြစ်စဉ်ပုံစံများကို စစ်ဆေးကာ လူတစ်ယောက်ရဲ့ အသိပညာ၊ BMI ၊ ဖိစီးမှု အခြေအနေတို့ကို ထည့်သွင်းစဉ်းစားပြီးနောက် ကျန်းမာရေးအခြေအနေကို တွက်ချက်ပေးတာ ဖြစ်ပါတယ်။
▪️ ဒါကြောင့် CheekAge ရဲ့ တွက်ချက်မှုက လူတွေရဲ့ ကျန်းမာရေးနဲ့ ဇီဝဖြစ်စဉ်သက်တမ်းတို့ကို အခြေခံထားတာ ဖြစ်ပါတယ်။
▪️ လူတစ်ယောက် လာမယ့်တစ်နှစ်အတွင်း သေမလား ရှင်မလားဆိုတာ ခန့်မှန်းတာ မဟုတ်ဘဲ အသက်သေဆုံးနိုင်ခြေ များလား နည်းလားဆိုတာကို ခန့်မှန်းတာဖြစ်တယ်လို့ ဦးဆောင်သုတေသီ မက်ဆင်းရှိုခီရက်ဗ်က ပြောသွားပါတယ်။
▪️ အသက်အရွယ်နဲ့ ပတ်သက်တဲ့ ရောဂါများ ခန့်မှန်းနိုင်ဖို့ကတော့ နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်ဦးမှာပါ။
▪️ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်တွင်းဇီဝဖြစ်စဉ် အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးရန် ဖြစ်တယ်လို့ UCLA မှ လူသားမျိုးဗီဇနှင့် ဇီဝအချက်အလက် ပရော်ဖက်ဆာ စတိဗ်ဟော်ဗက်က ပြောသွားပါတယ်။
#Source: WION
#World_Health
Published 19 October 2024
▪️ ကလေးတွေရဲ့ ပြောဆိုဆက်ဆံရေး စွမ်းရည်များအပေါ် စမတ်ဖုန်းများရဲ့ သက်ရောက်မှုနဲ့ ပတ်သက်ပြီး မကြာသေးမီက စစ်တမ်းပြုလုပ်ရာမှာ စမတ်ဖုန်း အသုံးများခြင်းကြောင့် ကလေးတွေမှာ စကားပြောဆိုခြင်းနဲ့ နားထောင်ခြင်းစွမ်းရည်များ နှောင့်နှေးစေတယ်လို့ ညွှန်ပြနေပါတယ်။
▪️ စမတ်ဖုန်းတွေက ကလေးတွေရဲ့ ပြောဆိုဆက်ဆံမှုစွမ်းရည် ထိခိုက်စေမှာကို စီးပွားရေးခေါင်းဆောင် ၃ ပုံ ၂ ပုံကျော်လောက်က စိုးရိမ်နေကြတယ်လို့ အင်္ဂလန်နိုင်ငံမှ YouGov စစ်တမ်းမှာ ဖော်ပြထားပါတယ်။
▪️ အော်ရေစီပညာရေးကော်မရှင်က ဒီပြဿနာကို ဖြေရှင်းဖို့ ဗြိတိန်ပြည်ထောင်စု အစိုးရကို တိုက်တွန်းနေပါတယ်။
▪️ အဆိုပါစစ်တမ်းကို ယခုနှစ် ဖေဖော်ဝါရီမှ မတ်လအတွင်း ကောက်ယူခဲ့တာဖြစ်ကာ စီးပွားရေးပိုင်း ဆုံးဖြတ်သူ ၁၀၀၇ ဦးပါဝင်ထားပြီး ကဏ္ဍအသီးသီးမှာ စိုးရိမ်စရာရှိနေတာကို ထောက်ပြနေပါတယ်။
▪️ လူငယ်တွေမှာ စွမ်းရည်တွေ ကျဆင်းနေရင် စီးပွားရေး တိုးတက်မှာမဟုတ်သလို အားလုံးနေထိုင်ချင်ကြတဲ့ အဖွဲ့အစည်းလိုမျိုး ဖန်တီးနိုင်မှာ မဟုတ်ကြောင်း၊ စကားပြောခြင်းနဲ့ နားထောင်ခြင်းတို့က အခြေခံကျတဲ့အရာဖြစ်ကြောင်း KPMG ပညာရေးနှင့် စွမ်းရည်ပိုင်းဆိုင်ရာ အကြီးအကဲ ဂျက်စတင်းအန်ဒရူးက ပြောသွားပါတယ်။
▪️ လူငယ်တွေမှာ စိတ်ကူးဉာဏ်များ ပေါ်ထွက်ရန်၊ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ရန်၊ ရှုထောင့်အမျိုးမျိုးကနေ နားလည်တတ်ရန် စတဲ့စွမ်းရည်များ ရှိနေဖို့ အရေးကြီးကြောင်း အော်ရေစီပညာရေးကော်မရှင် ဥက္ကဌ ဂျော့ဂျ်ဘာတန်က ဆိုပါတယ်။
▪️ ကျောင်းသားများ သင်ယူလေ့လာခြင်းကို မြှင့်တင်နိုင်ရန် ဆရာပိုင်းဆိုင်ရာ သင်ကြားရေး အဆင့်မြှင့်သွားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်သင့်ကြောင်းလည်း ဖော်ပြချက်ထဲမှာ ထောက်ခံထားပါတယ်။
▪️ မွမ်းမံထားတဲ့ GCSE အင်္ဂလိပ်ဘာသာစကား အရည်အချင်းစစ်ဆေးခြင်းမှာ စကားပြောဆိုခြင်းနဲ့ နားထောင်ခြင်း စွမ်းရည်တို့ကို အစိတ်အပိုင်းတစ်ခုအနေဖြင့် တရားဝင်ထည့်သွင်းဖို့ အကြံပြုထားပါတယ်။
#Source: WION
MANDALAY, Myanmar – October 19th, 2024: An explosion occurred at the Chinese Consulate in Mandalay on the evening of October 18th, causing some damage to the building. The explosion took place around 4:30 PM at the consulate located in Chanmyathazi Township, Mandalay, the cultural capital of Myanmar.
Security personnel who responded to the incident found that the blast had occurred on the roof of the two-story consulate building, causing approximately 2 feet of damage to the roof tiles. Fortunately, there were no reported injuries or other significant damages.
The Information Team of the ruling State Administration Council released a statement on October 19th, confirming that security forces are working closely with consulate officials to investigate the cause of the explosion and apprehend those responsible. Additional security measures have been implemented in the area to ensure safety and prevent further incidents.
#ymg/knl
တရုတ်ပြည်ရှိ ဂျပန်စွန့်ပစ်ဓာတုလက်နက်များ ဖျက်ဆီးရေးလုပ်ငန်းစဉ်အား OPCWအကြီးအကဲနှင့် ကိုယ်စားလှယ်များသွားရောက်စစ်ဆေးကြည့်ရှု
ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့အစည်း(OPCW) အကြီးအကဲက တရုတ်နိုင်ငံသို့ မကြာသေးမီကသွားရောက်ခဲ့ကာ တရုတ်ပြည်မှာ ဂျပန်တို့စွန့်ပစ်ထားတဲ့ ဓာတုလက်နက်များ ဖယ်ရှားဖို့က ကမ္ဘာကြီးမှာ ဓာတုလက်နက်များ ကင်းစင်ပပျောက်ရေး အဓိကဦးတည်ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ ထပ်မံပြောကြားသွားပါတယ်။
#World_News
Published 19 October 2024
#OPCW #ဓာတုလက်နက်
#YMG #Yangon_Times #Yangon_Media_Group
Published 16 October 2024
တောင်ကိုရီးယား ဂျော်လာစီရင်စု ဂွန်ဆန်ရှိ မန်ဂျောင်မြစ်ကနေ ရရှိတဲ့ ငှက်မစင်တွေထဲကနေ အလွန်ကူးစက်မြန်တဲ့ H5N3 ငှက်တုပ်ကွေးရောဂါပိုးများ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ကျေးလက်နဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။
Source CCTV
#Daily_News
Published 19 October 2024
၁။ သီတင်းကျွတ်ပွဲတော်ကာလ ဖြစ်သောကြောင့် သကြားအရောင်းအဝယ်ကောင်းနေ
၂။ ဒီဇယ်ဈေးတက်၍ ရထားလက်မှတ်ခများပြောင်းလဲသတ်မှတ်မည်
၃။ 'အာရှဖလားအမျိုးသမီး ဖူဆယ်ခြေစစ်ပွဲ' မြန်မာအပါအဝင်နိုင်ငံ(၄)ခု၌ စတင်ကျင်းပမည်
၄။ တရုတ်ပြည်ရှိ ဂျပန်စွန့်ပစ်ဓာတုလက်နက်များဖျက်ဆီးရေးလုပ်ငန်းစဉ်အား OPCW အကြီးအကဲနှင့် ကိုယ်စားလှယ်များ သွားရောက်စစ်ဆေးကြည့်ရှု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက်ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီအမျိုးအစား ဈေးနှုန်းအားလုံး အမြင့်တန်းမှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 October 2024
#စက်သုံးဆီဈေးမြင့် #စက်သုံးဆီအမျိုးအစား
#YMG/NN #Yangon_Times
Page 300 of 1731