#World_Health
Published 11 May 2025
▪️ ရေရှည်တရားထိုင်တဲ့ အလေ့အကျင့်ဟာ ဖိစီးမှုကို သိသိသာသာ သက်သာစေပြီး အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေတယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ ခေါင်းထဲမှာ မန္တန်တစ်ခုကို အကြိမ်ကြိမ်ရွတ်ဖတ်ရတဲ့ သမထတရားထိုင်ခြင်းရဲ့ သက်ရောက်မှုကို MIU တက္ကသိုလ်၊ ဆီဂျင်တက္ကသိုလ်၊ ကျန်းမာရေးသိပ္ပံတက္ကသိုလ်တို့မှ သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ ဖိစီးမှုပြဿနာက ရောဂါဘယတွေ ဖြစ်စေပြီး အဆိုပါ သမထတရားထိုင်နည်းလမ်းက ဖိစီးသက်ရောက်မှုများကို ဖယ်ရှားနိုင်မယ်လို့ MIU မှ သုတေသီကြီး ကင်နက်ဝေါ်တန်က ပြောပါတယ်။
▪️ အသက် ၂၀ မှ ၃၀ ကြားအဖွဲ့နဲ့ အသက် ၅၅ နှစ်မှ ၇၂ နှစ်ကြားအဖွဲ့တို့မှာ တဝက်စီကို သမထတရားထိုင်စေပြီး တခြားအဖွဲ့ကို မထိုင်ခိုင်းခဲ့ပါဘူး။
▪️ တစ်ယောက်ချင်းစီမှာ ရောင်ရမ်းခြင်းနဲ့ အိုမင်းခြင်းတို့နဲ့ ဆက်စပ်တဲ့ မျိုးဗီဇပုံစံများကို ဆန်းစစ်ခဲ့ပါတယ်။
▪️ ထိုအခါမှာ သမထတရားထိုင်တဲ့သူတွေက အဆိုပါမျိုးဗီဇတွေ နည်းပါးတာကို တွေ့ခဲ့ပါတယ်။
▪️ ဒါဟာ ကျန်းမာရေးကောင်းစွာ အိုမင်းလာစေပြီး ဖိစီးမှုတွေကို ပိုပြီးခံနိုင်ရည်ရှိလာစေတယ်လို့ ဝေါ်တန်က ဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် ဦးနှောက်စွမ်းဆောင်ရည်တိုင်းတာတဲ့ BIS စစ်ဆေးချက်မှာလည်း အမှတ်ပိုများပါတယ်။
▪️ အသက်ငယ်သူတွေရော အသက်ကြီးသူတွေမှာပါ တရားမထိုင်တဲ့သူတွေထက်စာရင် BIS မှာ အမှတ်ပိုများနေပါတယ်။
▪️ ကော်တီဆောဟော်မုန်း နည်းပါးစေခြင်းက အသက်အရွယ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ လျော့နည်းစေပါတယ်။
▪️ တရားထိုင်ခြင်းက ဦးနှောက်ကို လေ့ကျင့်စေတာနဲ့တူပြီး အိုမင်းခြင်းဖြစ်စဉ်ကို နှေးစေတယ်လို့ ဇီဝပညာရှင် ဒေ့ဗ်အက်စ်ပရေက ပြောပါတယ်။
▪️ အချို့လေ့လာချက်တွေအရဆိုရင် နည်းလမ်းမှန်ကန်စွာ တရားထိုင်ခြင်းက ဆေးဝါးတွေထက် ပိုမိုသာလွန်ပါတယ်။
#Source: New York Post
#World_Science
Published 11 May 2025
▪️ အန္တာတိကပင်လယ်ရေခဲထဲမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဧရာမတွင်းကြီး ပေါ်ပေါက်လာခဲ့စဉ်က နာဆာသိပ္ပံပညာရှင်များ မယုံကြည်နိုင် ဖြစ်ခဲ့ပါတယ်။
▪️ တွင်းပေါက်ကြီးဟာ နောက်ထပ်လတွေကြာအောင် ရှိနေခဲ့ပြီး နောက်တစ်နှစ်အကြာမှာ ဆွစ်ဇာလန်နိုင်ငံရဲ့ အရွယ်အစားအထိ ကျယ်လာပါတယ်။
▪️ Maud Rise လို့ခေါ်တဲ့ ကုန်းပြင်မြင့်အထက်ရှိ ကမ်းစပ်နေရာကနေ မိုင်အနည်းငယ်ကွာတဲ့နေရာမှာ အဆိုပါတွင်းကြီးရှိနေပါတယ်။
▪️ တွင်းကြီးပိတ်သွားတဲ့အခါ သိပ္ပံပညာရှင်တွေက လေ့လာဖို့ဆုံးဖြတ်ခဲ့ပြီး ပေ ၄,၆၀၀ မြင့်တဲ့ ပင်လယ်ရေထဲတောင်ကြောင့် ဖြစ်ပေါ်တာလို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ ၁၉၇၀ ခုနှစ်တွေက ဂြိုဟ်တုတွေ ပထမဆုံးလွှတ်တင်ချိန်မှာ Maud Rise ကို တွေ့ရှိခဲ့ပြီး နှစ်စဉ်ကြီးမားလာမယ်လို့ ထင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ဘဲ ၂၀၁၇ မှာတော့ အန္တာတိတ်ရေခဲပြင်ကြီးမှာ တွင်းပေါက်ကြီးတစ်ခု အံ့အားသင့်ဖွယ် ပေါ်ပေါက်လာပါတယ်။
▪️ Weddell ပင်လယ်ထဲက Weddell Gyre စက်ဝိုင်းပတ်လမ်းဟာ လက်ယာရစ်အတိုင်း လျင်မြန်စွာ စတင်လည်ပတ်နေခဲ့ကာ မျက်နှာပြင်ဘက်သို့ ပူနွေးဆားငန်ရေအလွှာ ရောက်ရှိလာစေပြီး အောက်ဘက်က ရေခဲတွေ ပျော့ကျလာစေပါတယ်။
▪️ ပင်လယ်ရေခဲအရည်ပျော်လာကာ ရေမျက်နှာပြင်အသစ်ဖြစ်သွားပြီး ရောစပ်မှုရပ်တန့်သွားစေတယ်လို့ ဂိုသင်ဘတ်တက္ကသိုလ်မှ ရူပဗေဒသမုဒ္ဒရာပညာရှင် ပရော်ဖက်ဆာ ဖေဘီယန်ရိုကတ်က ပြောပြပါတယ်။
▪️ လေက သမုဒ္ဒရာကိုဖြတ်သန်းတိုက်ခိုက်ရာမှာ ပင်လယ်မျက်နှာပြင်စီးဆင်းမှုက ကမ္ဘာ့လည်ပတ်ခြင်းကြောင့် ၉၀ ဒီဂရီလောက်လမ်းကြောင်းပြောင်းသွားပါတယ်။
▪️ ထိုစီးဆင်းမှုကနေ ဆားငန်ရေတွေက တွင်းပေါက်ဖြစ်ပေါ်တဲ့နေရာသို့ ရောက်ရှိလာပုံကို သုတေသီများ ပုံစံတူဖန်တီးခဲ့ကြပါတယ်။
▪️ မုန်တိုင်းတွေက ရေခဲတွေကို နေရာရွေ့စေကာ ရေတွေကို နေရာမှန်ရောက်အောင် တွန်းပို့လိုက်ပြီး စက်တင်ဘာလက တွင်းကြီးဟာ ပြန်လည်အေးခဲသွားခဲ့ပါတယ်။
#Source: WION
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဆွေးနွေးပြောဆိုကြပြီးနောက် မော်စကို ခရမ်မလင်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
#World_Politics
Published 10 May 2025
#ရှီကျင့်ဖျင်နှင့်ဗလာဒီမာပူတင် #သတင်းစာရှင်းလင်းပွဲပြုလုပ်
#YMG #Yangon_Times #Yangon_Media_Group
၁၀ မေ ၂၀၂၅
လေးရက်မြောက် အပြန်အလှန်တိုက်ခိုက်မှုတွေအပြီးမှာ အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ အပြည့်အဝနှင့် ချက်ခြင်း အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
နှစ်နိုင်ငံ ချက်ခြင်းအပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောပါ တယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အိန္ဒိယစံတော်ချိန်ညနေ (၅)နာရီကစပြီး အပစ်အခတ် ချက်ခြင်းရပ်ကြမယ်လို့ပြောပါတယ်။
“ အမေရိကန်ပြည်ထောင်စုရဲ့ တစ်ညတာ ကြားဝင်စေ့စပ်မှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြည့်အဝ နှင့်ချက်ခြင်းအပစ်ရပ်ဖို့ သဘောတူလိုက်ကြပါပြီ။ နှစ်နိုင်ငံစလုံးရဲ့ လက်တွေ့ကျတဲ့အသိနှင့် ဉာဏ်ရည်မြင့် မားမှုတို့ကို ကျွန်တော်ဂုဏ်ပြုပါတယ်Ó လို့ ထရမ့်က အိတ်စ်မှာ ပို့စ်ရေးသားပါတယ်။
Source Reuters
#Daily_News
Published 10 May 2025
၁။ ငလျင်ဘေးသင့်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပုံမှန်အတိုင်း သွားရောက်လည်ပတ်နိုင်
၂။ ရေနွေးငွေ့စက်ခေါင်းမီးရထားဖြင့် ကလော-ရွှေညောင် ရထားလမ်းပိုင်းခရီးစဉ်သစ်ပြေးဆွဲမည်
၃။ ရန်ကုန်တိုင်း၌မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းအနီး၌ လေတိုက်နှုန်းမြင့်နိုင်
၄။ ရှီကျင့်ဖျင်နှင့်ဗလာဒီမာပူတင်တို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 May 2025
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ထားသည်။
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော Prefabricated House နှင့် ဆက်စပ်ပရိဘောဂများ စုစုပေါင်း ၁၅၇၆ စုံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၉ ရက်က ဆိုက်ရောက်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင်တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၂ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော ဓာတ်ဆီ တန်ချိန် ၁၇၀၀၀ မှာလည်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၇ ရက်က ဆိုက်ရောက်ခဲ့ပြီး မေလ ၈ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
#
Published 10 May 2025
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ဂီတ ရန်ပုံငွေပဒေသာ ကပွဲကို မေလ ၁၀ရက်မှ ၁၂က်အထိ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းများပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရ သည်။
▪️ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အရ YRTC က ပွဲတော်သို့ လာ ရောက်ကြည့်ရှုသည့် ပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် နေ့စဉ် သတ်မှတ် လမ်းကြောင်းများအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ထိုသို့YBS ယာဉ်များပြေးဆွဲပေး ရာတွင်လည်း ပုံမှန်ယာဉ်စီးခ နှုန်းထားအတိုင်းသာ ကောက်ခံပေးသွားမည်ဖြစ် ကာခရီး စဉ်များအလိုက်ယာဉ်အစီးရေ(၇)စီးနှင့်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေ ပဒေသာကပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတအစည်း အရုံးတို့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေ့စဉ် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများမှ လည်းတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 May 2025
▪️ Great Wall Hotelမှ အမျိုးသမီးတစ်ဦး၏ ရုပ် အေ-လာင်းတစ်ခု ထုတ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Great Wall Hotel အဆောက်အဦအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မနက် ၉နာရီ ၄၀ မိနစ်အချိန်တွင် မ(၁)ဦး၏ ရုပ်အလာင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုနှစ်သရက်သီးရာသီမှာ တရုတ်ဝယ်လိုအားရှိနေပေမယ့် ခရီးလမ်းကြန့်ကြာတာနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်မားတာတွေကြောင့် ပြည်တွင်းကထွက်ရှိတဲ့ သရက်သီးတင်ပို့မှုနည်းပါးနေတယ်လို့ သရက်ခြံပိုင်ရှင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။
#Local_News
Published 10 May 2025
#သရက်သီးတင်ပို့မှုနည်းပါး #ပို့ကုန်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
#Local_News
Published 10 May 2025
▪️ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန်အပါအဝင် ဆန်သိုလှောင်ရောင်းချခြင်းများကို ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိုးဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများနှင့် ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိူးဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၉)ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက် MAPCOရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ဥက္ကဋ္ဌ ဦးကျော်ကိုဆန်းတို့မှ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်၊ သိုလှောင်ရုံမှတ်ပုံတင် စနစ် MyROတွင် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရန်၊ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်း စာရင်းရေးသွင်းကြရန်၊ သိုလှောင်ရုံ စစ်ဆေးမည့် ကိစ္စများ၊ ရည်ညွှန်းဈေးဖြင့် ဆန်ဝယ်ယူရရှိရန် ဆောင်ရွက်ပေးမည့်ကိစ္စများ၊ ဒေသတစ်ခုမှ တစ်ခုသို့ ဆန်များ စီးဝင်စီးထွက် ဆောင်ရွက်ရာတွင် သတင်းပို့စနစ် ဆောင်ရွက်ရန် ကိစ္စများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများမှ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
လာမယ့်အပတ်အတွင်းမှာရန်ကုန်တိုင်းမှာ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီး ရှိပင်လယ်ပြင်တွေမှာ လေတိုက်နှုန်းနဲ့ လှိုင်းအမြင့်ပေတွေ မြင့်တက်နိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
#Local_News
Published 10 May 2025
#ရခိုင်ကမ်းရိုးတန်းအနီး #လေတိုက်နှုန်းမြင့်နိုင်
#YMG/NN #Yangon_Times
ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ပြေးဆွဲမယ့်မီးရထားခရီးစဉ်သစ်ကိုကျောက်မီးသွေးသုံး ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းအသုံးပြုသွားမယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 May 2025
#ရေနွေးငွေ့စက်ခေါင်းမီးရထား #ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
Page 300 of 1938