#World_Politics
Published 13 May 2025
▪️ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေက လူသားမဆန်တဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းဆိုင်ရာ လူသတ်မှုတရားစွဲဆိုချက်များဖြင့် နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)မှာ ထိန်းသိမ်းထားရပေမယ့်လည်း သူ့ရဲ့နေရပ်မြို့ရှိ မြို့တော်ဝန်ရွေးကောက်ပွဲမှာ တနင်္လာနေ့အထိ ဆန္ဒမဲအပြတ်အသတ်ဖြင့် ရွေးချယ်ခံရဖို့ သေချာသလောက်ရှိနေပါတယ်။
▪️ တရားဝင်မဟုတ်တဲ့ စစ်တမ်းတစ်ခုမှာ ဒူတာတေဟာ မဲ ၈၀ ရာခိုင်နှုန်းရရှိထားပြီး ဒဗာအိုမြို့တော်ဝန်ရွေးကောက်ယှဉ်ပြိုင်ပွဲမှာ အနီးစပ်ဆုံးပြိုင်ဘက်ထက်တောင် မဲအရေအတွက် ၈ ဆလောက်ဖြင့် အသာရနေပါတယ်။
▪️ ဒူတာတေဟာ မူးယစ်ဆေးတိုက်ဖျက်ရေးအတွင်း လူထောင်ပေါင်းများစွာ သတ်ဖြတ်ခဲ့သဖြင့် မတ်လက နယ်သာလန်နိုင်ငံ ဟိဂ်မြို့ရှိ ICC သို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။
▪️ မူးယစ်ဆေးတိုက်ဖျက်သူအဖြစ် ဂုဏ်သတင်းကျော်ကြားနေတဲ့ အသက် ၈၀ အရွယ်ဒူတာတေအနေဖြင့် နိုင်ငံတဝှမ်း ကြားဖြတ်ရွေးကောက်ပွဲအတွင်း အနိုင်ရရှိတာဟာ သူ့ရဲ့မြို့မှာ ဆက်ပြီးလွှမ်းမိုးမှုရှိနေသေးတယ်ဆိုတဲ့ အထောက်အထား မြင်နေရပါတယ်။
▪️ ဒူတာတေရဲ့ ဖေ့စ်ဘွတ်အကောင့်ဟောင်းမှာ ထောက်ခံသူတွေရဲ့ ဂုဏ်ပြုမက်ဆေ့ချ် အမြောက်အများရောက်ရှိနေပြီး ပြည်သူ့အတွက် ပြန်လည်အမှုထမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒူတာတေဟာ ICC သို့ အမှုစစ်ဆေးခံသွားရတဲ့ ပထမဆုံးအာရှလူမျိုး နိုင်ငံ့အကြီးအကဲဟောင်း ဖြစ်လာနိုင်ပါတယ်။
▪️ ဒူတာတေရဲ့ တရားရေးအဖွဲ့က ဖမ်းဆီးမှုဟာ တရားဝင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဒူတာတေ ဖမ်းဆီးခံလိုက်ရတာဟာ သူနဲ့ မိသားစုအပေါ် ထောက်ခံမှုတွေ ပိုပြီးခိုင်မာလာစေရုံပဲရှိတယ်လို့ သုံးသပ်သူများက ပြောပါတယ်။
Source: Reuters
#Local_News
Published 13 May 2025
▪️ ယနေ့ မနက်အစောပိုင်း၌ ပြင်ဦးလွင်အနီးအပါအဝင်ဒေသသုံးခု၌ မြေငလျင်ငယ် လေးကြိမ် လှုပ်ခတ် ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာမှ သိရသည်။
▪️ ထိုသို့လှုပ်ခတ်ရာတွင် ယနေ့မနက် မြန်မာစံတော်ချိန် ၀၀:၅၄ နာရီအချိန်က မန္တလေးမြို့မှအရှေ့တောင်ဘက်၊ ကျောက်ဆည်အရှေ့မြောက်ဘက် ၁၆ မိုင်ကျော်၊ စဉ့်ကိုင်အရှေ့ဘက် ၁၄ မိုင်အကွာ မြေအောက်ဒေသအနက် ၆ မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၉ အဆင့်မြေငလျင်ငယ် လှုပ်ရှားခဲ့ကြောင်း ၊ယင်းမြေငလျင်ငယ်လှုပ်ရှားမှုကြောင့် မန္တလေးမြို့မှာ light shake မြေတုန်ခါမှုများစွာ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့မနက် မြန်မာစံတော်ချိန် ၂နာရီ၂၃ မိနစ် အချိန်က မဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ အနောက်တောင်ဘက်ပိုင်း ၇ မိုင်ကျော်အကွာက အုတ်တွင်းအနီး မြေအောက်ဒေသအနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၂.၉ နှင့် ၂.၈ အဆင့်မြေငလျင်ငယ် ၂ ကြိမ် ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီ၅၁ မိနစ် အချိန်က မန္တလေးမြို့မှအရှေ့ဘက်၊ ကျောက်ဆည်အရှေ့မြောက်ဘက် ၂၂ မိုင်ကျော်၊ ပြင်ဦးလွင်မြို့မှအနောက်တောင်ဘက် ၁၆ မိုင်အကွာ ရတနာပုံနည်းပညာမြို့သစ်အနီး မြေအောက်ဒေသအနက် ၆ မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၈ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 13 May 2025
▪️ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကျော်လောက်က လွှတ်တင်ခဲ့တဲ့ ဆိုဗီယက်အာကာသယာဉ်တစ်စီးဟာ နောက်ဆုံးမှာတော့ ကမ္ဘာပေါ်သို့ပြန်ရောက်လာပြီး အိန္ဒိယသမုဒ္ဒရာထဲသို့ ဘေးအန္တရာယ်မရှိ ထိုးကျသွားခဲ့ပါတယ်။
▪️ Kosmos 482 လို့ခေါ်တဲ့ယာဉ်ဟာ စနေနေ့အစောပိုင်းက အိန္ဒိယ မစ်ဒယ်အန်ဒမန်ကျွန်းအနောက်ဘက် ၅၆၀ ကီလိုမီတာလောက်ကနေ ကမ္ဘာ့လေထုထဲသို့ ပြန်ဝင်ရောက်လာကြောင်း ရုရှားအာကာသအေဂျင်စီ Roscosmos က ဖော်ပြပါတယ်။
▪️ ၁၉၇၂ ခုနှစ် မတ်လမှာ ဗီးနပ်စ်ဂြိုဟ်ပေါ်သို့ လွှတ်တင်ရန်ရည်ရွယ်ခဲ့ပေမယ့် အလေးချိန် ၅၀၀ ကီလိုဂရမ်နီးပါးရှိတဲ့ အာကာသယာဉ်ကြီးဟာ လွှတ်တင်ချိန်မှာ ချို့ယွင်းသွားခဲ့ပြီး ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်း ၅၃ နှစ်တိုင်အောင် သောင်တင်နေခဲ့ပါတယ်။
▪️ ကမ္ဘာပေါ်သို့ ပြုတ်ကျလာတဲ့ဖြစ်ရပ်ကို ဥရောပအာကာသအေဂျင်စီနဲ့ ဥရောပသမဂ္ဂ အာကာသစောင့်ကြည့်ရေးကွန်ရက်တို့က အနီးကပ်ကြည့်ရှုနေပါတယ်။
▪️ ဒီယာဉ်ကို ဂျာမနီရေဒါစခန်းမှာ မမြင်ခဲ့ဘဲ လေထုထဲ ပြန်ကျလာတာကိုသာ အချက်ပြခဲ့တယ်လို့ သိရပါတယ်။
▪️ Kosmos 482 ယာဉ်ကို ခက်ခဲကြမ်းတမ်းတဲ့ ဗီးနပ်စ်ဂြိုဟ်ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်အောင် ပြုလုပ်ထားတာကြောင့် အာကာသယာဉ်အစိတ်အပိုင်းတွေဟာ အကောင်းနီးပါးအတိုင်း သမုဒ္ဒရာမျက်နှာပြင်သို့ ရောက်ရှိခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။
▪️ ကံကောင်းစွာဖြင့် ဘာထိခိုက်မှုမှ မရှိဘူးလို့သိရပါတယ်။
နိုင်ငံတကာ အာကာသဥပဒေအရ အာကာသယာဉ်ရဲ့ အကြွင်းအကျန်တွေဟာ ရုရှားပိုင်ပစ္စည်းပဲ ဖြစ်နေပါတယ်။
▪️ ဒီလိုဖြစ်ရပ်ကနေ ဂြိုဟ်ပတ်လမ်းကြောင်းမှာ လူသားတွေလုပ်ဆောင်ချက် များပြားလာတာနဲ့အမျှ သက်တမ်းရင့်လာတဲ့ အပိုင်းအစတွေကို စောင့်ကြည့်ဖို့အရေးကြီးပုံကို သတိပြုလာမိစေပါတယ်။
#Source: India Today
#Local_News
Published 13 May 2025
▪️ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ပြုလုပ်နေသည့်သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပွဲ၌ တစ်ရက်လျှင် ဘိလပ်မြေ အိတ်တစ်သောင်းရောင်းချပေးနေကြောင်း MAX CEMENTမှ သိရသည်။
▪️ အဆိုပါ ရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ငလျင်ဘေးသင့်ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးနေခြင်းဖြစ်သည်။
▪️ 'တစ်ရက်ကို ဘိလပ်မြေအိတ်တစ်သောင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။ လာရောက်ဝယ်ယူသူတွေ အဆင်ပြေစေဖို့ ငွေသွင်းပြီးတာနဲ့ ပစ္စည်းကို တစ်ခါတည်းထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဈေးပွဲတော်ကာလအတွင်း စက်ရုံဈေးနှုန်းအတိုင်း တစ်အိတ်ကို ငွေကျပ် ၁၉၅၀၀ နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် နေပြည်တော် Max Showroom မှာလည်း ဆက်တိုက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်' ဟု MAX CEMENTမှ အထွေထွေမန်နေဂျာ မစန်းသော်တာလတ် ကပြောသည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
▪️ အဆိုပါ ပွဲတော်ကို UMFCCI၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 13 May 2025
▪️ သားအိမ်ခေါင်းကင်ဆာအတွက် မရှိမဖြစ် ရောဂါရှာဖွေရေးကိရိယာဖြစ်တဲ့ အိန္ဒိယထုတ် HPV စမ်းသပ်ပစ္စည်းနှစ်ခုကို AIIMS ဒေလီဆရာဝန်များမှ အောင်မြင်စွာသုံးသပ်ပြီးနောက် ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
▪️ ဇီဝနည်းပညာကဏ္ဍသုတေသန ထောက်ကူကောင်စီမှပြုလုပ်တဲ့ အစည်းအဝေးမှာ သိပ္ပံနည်းကျသုံးသပ်မှုများ ပြုလုပ်ပြီး ရလဒ်များကြေညာခဲ့ပါတယ်။
▪️ Molbio Diagnostics မှထုတ်လုပ်တဲ့ Truenat HPV-HR Plus နဲ့ Mylab Discovery Solutions မှ ထုတ်လုပ်တဲ့ Patho Detect ဆိုတဲ့ HPV စမ်းသပ်ပစ္စည်းနှစ်မျိုးကို ဇီဝနည်းပညာဌာနလက်အောက်ကနေ ထုတ်လုပ်ပြီး အခုဆိုရင် ဈေးကွက်ထဲစတင်ဖြန့်ဖြူးလိုက်ကာ အိန္ဒိယအမျိုးသမီးများကြား ဒုတိယအဖြစ်အများဆုံး ကင်ဆာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ တိုက်ဖျက်ရေးမှာ ခြေလှမ်းကြီးတစ်ခု ဖြစ်လာပါပြီ။
▪️ စမ်းသပ်ပစ္စည်းသစ်တွေမှာ ဆားကစ်ပြားအခြေပြ RT-PCR နည်းပညာအသုံးပြုထားကာ တိကျမှုနဲ့ အမြန်နှုန်းတို့ အထူးမြင့်မားပါတယ်။
▪️ ကမ္ဘာတဝှမ်းက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုတွေထဲက ၉၆ ရာခိုင်နှုန်းနဲ့ သက်ဆိုင်တဲ့ HPV ဂျီနိုတိုက် ၈ မျိုးကို ရှာဖွေတဲ့ပစ္စည်းဖြစ်ပါတယ်။
▪️ ဒီပစ္စည်းတွေရဲ့ အဓိကအားသာချက်က အိန္ဒိယတွေအတွက် ထိရောက်မှုအရှိဆုံးနဲ့ ဈေးအသက်သာဆုံးဖြင့် ရောဂါစစ်ဆေးနိုင်တာဖြစ်ကြောင်း AIIMS မီးယပ်သားဖွားဌာနမှူးဟောင်း ဒေါက်တာ နီယာဂျာဘာထလာက ပြောသွားပါတယ်။
▪️ HPV ဗိုင်းရပ်စ်ဟာ အရေပြားချင်းထိတွေ့မှုကနေ ကူးစက်တတ်ပြီး အထူးသဖြင့် လိင်မှုကိစ္စကနေ ကူးစက်နိုင်ပါတယ်။
▪️ HPV ကူးစက်မှုအများစုက အန္တရာယ်မဖြစ်ပေမယ့် အချို့ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေမှာ ကျန်းမာရေးပြဿနာ ပြင်းထန်တတ်ပြီး သားအိမ်ခေါင်းကင်ဆာအထိ ဖြစ်တတ်ပါတယ်။
▪️ အိန္ဒိယမှာ သားအိမ်ခေါင်းပြဿနာက ပြင်းထန်နေသလို တစ်ကမ္ဘာလုံးမှာလည်း နှစ်စဉ်နှစ်တိုင်း အမျိုးသမီး ၁၂၃,၀၀၀ ဦးကျော်ဖြစ်ပွားနေကာ ၇၇,၀၀၀ နီးပါးအသက်ဆုံးရှုံးနေကြပါတယ်။
▪️ ဒါပေမဲ့ ဒီရောဂါကို ကာကွယ်လို့ရတာကြောင့် စောစီးစွာ စစ်ဆေးတွေ့ရှိဖို့ကာ အရေးကြီးပါတယ်။
▪️ ယခု HPV စမ်းသပ်ပစ္စည်းတွေက သမားရိုးကျစစ်ဆေးနည်းတွေထက် ပိုမိုမြန်ဆန်ထိရောက်ကာ ဝေးလံတဲ့နေရာတွေမှာလည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။
#Source: India Today
တရုတ်နိုင်ငံက ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေး မြှင့်တင်လာရာ ယူနန်ပြည်နယ်မှ ပန်းလုပ်ငန်းထွန်းကားလာရုံမက လူငယ်တွေလည်း မွေးရပ်မြေသို ပြန်လာစေကာ စီးပွားရေးရှင်သန်မှုနဲ့ ခေတ်မီဆန်းသစ်တီထွင်မှုများ ကျေးလက်ဒေသသို့ ဝင်ရောက်လာပါတယ်။
#Asia_Agriculture
Published 12 May 2025
#ပန်းစိုက်ပျိုးရေးလုပ်ငန်း #လူငယ်လူရွယ်များနေရပ်ပြန်ရောက်လာ
#YMG #Yangon_Times #Yangon_Media_Group
၁၂ မေ ၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကာတာနိုင်ငံရဲ့ ဘုရင်မိသားစုက သမ္မတရဲ့ လုပ်ငန်းသုံး Air Force One လေယာဉ်ကြီးအဖြစ် အသုံးပြုဖို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀တန် ထူးဇိမ်ခံ ဘိုအင်း ၇၄၇-၈ ဂျက် လေယာဉ်ကြီးကို လက်ဆောင် ပေးဖို့ရှိနေပါတယ်။ သမ္မတသုံးလေယာဉ်ကြီး Air Force One အသစ်ကြီးကို ဘိုအင်းက ပေးအပ်ဖို့ နှောင့်နှေး နေလို့ ထရမ့်ကစိတ်မရှည်ဖြစ်နေတဲ့ အချိန်မှာ ကာာတာမိသားစုက ယခုလိုလက်ဆောင်ပေး လိုက်တာဖြစ်ပါတယ်။
ကာတာကလက်ဆောင်ပေးမယ့် အဲဒီ ဇီမ်ခံလေယာဉ်ကြီးကို ကာတာအစိုးရက ယခင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ယခုလက်ဆောင်ပေးမယ့် လေယာဉ်ကို ထရမ့်သမ္မတသက်တမ်းအတွင်းသာ အသုံးပြုဖို့ဖြစ်ပြီး သမ္မတ သက်တမ်းကုန်ဆုံးတဲ့အခါ ထရမ့်ရဲ့ သမ္မတ စာကြည့်တိုက်ဖောင်ဒေးရှင်းကို လွှဲပြောင်းပေးအပ်မယ်လို့ ဆိုပါတယ်။


အဲသလို လက်ဆောင်ပေးမယ့်ကိစ္စဟာ အမေရိကန်နိုင်ငံရေးလောကာမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါ တယ်။ ဥပဒေပညာရှင်တွေနှင့် ကွန်ဂရက်အမတ်တွေက ဒီလို နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ လက်ဆောင်ကို လက်ခံတာဟာ အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ Emoluments Clause နှင့်ညိစွန်းနေတယ်လို့ သူတို့ကပြောပါတယ်။ အဲဒီအခြေခံဥပဒေပါ အပိုဒ်ဟာ ကွန်ဂရက်ရဲ့ခွင့်ပြုချက်မရှိဘဲ ဖက်ဒရယ်အရာရှိ တွေ နိုင်ငံခြားတိုင်းပြည်တွေထံမှ လက်ဆောင်ရယူခြင်းကို တားမြစ်တာဖြစ်ပါတယ်။ အချို့သော ထရမ့်ရဲ့ မဟာမိတ်တွေကလည်း ကာတာနိုင်ငံရဲ့ အစွန်းရောက်အုပ်စုတွေနှင့် အဆက်အသွယ်ရှိနေမှုအပေါ် စိတ်ပူ နေကြပါတယ်။
ဒါပေမယ့် အိမ်ဖြူတော်ကတော့ ဒီလက်ဆောင်ဟာ ဥပဒေနှင့်ညီတယ်လို့ပြောလိုက်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ လေယာဉ်လက်ဆောင်ဟာ ထရမ့်ဆိုတဲ့ ပုဂ္ဂိုလ်ကိုပေးတာမဟုတ်ဘဲ အမေရိကန်အစိုးရကို ပေးတာကြောင့်ဖြစ်တယ်လို့ စောဒကတက်ထားပါတယ်။
ထရမ့်ဟာ သူ့ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ကာတာကိုပါသွားရောက်ဖို့ပြင်ဆင်နေတဲ့အချိန် ဒီသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
Source: News Outlets
#Daily_News
Published 12 May 2025
၁။ မြန်မာနိုင်ငံနှင့်အေးအတူပူအမျှ အနာဂတ်အသိုက်အဝန်းကို နက်ရှိုင်းစွာ တည်ဆောက်မယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပြောကြား
၂။ မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉)ထပ်ဆောင်ပြန်လည်ဖွင့်နိုင်ပြီ
၃။ စားအုန်းဆီရည်ညွှန်းဈေးတစ်ပိသာကို ၈၀ကျပ်အထိကျဆင်း
၄။ ပန်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် တရုတ်ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးလာစေကာ လူငယ်လူရွယ်များနေရပ်ပြန်ရောက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အေးအတူပူအမျှ အနာဂတ်အသိုက်အဝန်းကို နက်ရှိင်းစွာတည် ဆောက်သွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မေ ၉ရက်နေ့က မော်စကိုတွင်တွေ့ဆုံစဉ်ပြောကြားလိုက်ပါတယ်။
#Local_News
Published 12 May 2025
#တရုတ်သမ္မတရှီကျင့်ဖျင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#YMG #Yangon_Times #Yangon_Media_Group
၁၂ မေ ၂၀၂၅
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ဟာ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အရှိန်လျှော့ချနိုင် မယ့် သိသာတဲ့ သဘောတူညီချက်တစ်ခုရရှိခဲ့ကြပြီဖြစ်ပါတယ်။
ဂျနီဗာတွင်ကျင်းပတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်များ အစည်းအဝေးမှာ ညှိနှိုင်းမှုတွေအပြီး သိသာတဲ့ သဘော တူညီချက်ကို ရရှိလိုက်ကြတာပါ။
နှစ်နိုင်ငံဟာ အသစ်နှုန်းထားတွေကို ရက်ပေါင်း ၉၀ ထပ်မံသတ်မှတ်ဖို့နှင့် လက်ရှိအခွန်နှုန်းထားတွေ ကိုလည်း သိသိသာသာလျှော့ချသွားမှာဖြစ်ပါတယ်။
အရေးကြီးသဘောတူညီချက်များ
အခွန်လျှော့ချခြင်း- အမေရိကန်က တရုတ်သွင်းကုန်များအပေါ် ၁၄၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊တရုတ်က အမေရိကန်သွင်းကုန်များကို ၁၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လည်းကောင်း ရက်ပေါင်း ၉၀ အတွင်း လျှော့ချကောက်ခံမည်
ယာယီရပ်ဆိုင်းခြင်း-နှစ်နိုင်ငံစလုံးက နောက်ထပ်အခွန်နှုန်းထားအသစ်များကို ရက်ပေါင်း ၉၀ အတွင်း ထပ်မံမကောက်ခံဘဲ ရပ်ဆိုင်းထားရန် သဘောတူသည်။
ဆွေးနွေးမှုယန္တယားတစ်ခုတည်ဆောက်ခြင်း- ကုန်သွယ်ရေးဆိုင်ရာ အကြံပေးယန္တယားတစ်ခုကို ဖန်တီး ရန် သဘောတူကြသည်။ထိုယန္တယားက အနာဂတ်တွင် ပြင်းထန်မှုများလျှော့ချရန်နှင့် ဆွေးနွေးဆဲ ကိစ္စ များဆောင်ရွက်ရန်ဖြစ်သည်။
ဈေးကွက်တုန့်ပြန်မှု
ထိုသဘောတူညီချက်က ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်များအပေါ် အပြုသဘော အကျိုး သက်ရောက်သွားသည်။
အမေရိကန်စတော့ဈေးများ တက်လာသည်၊ S&P 500 နှင့် Nasdaq တို့ ၂.၈ ရာခိုင်နှုန်းနှင့် ၃.၆ ရာ ခိုင်နှုန်း အသီးသီးဈေးတက်လာသည်။
အာရှဈေးကွက်များသည်လည်း အလားတူပင် အပြုသဘောပြန်လည်တုန့်ပြန်ကြသည်။ တရုတ်နိုင်ငံ၏ CSI 300 index သည် ၀.၆ ရာခိုင်နှုန်းတက်သွားသည်။
ကျန်ရှိဆဲ စိန်ခေါ်မှုများ
တိုးတက်မှုများရှိသော်ငြား စိန်ခေါ်မှုများစွာကျန်နေသေးသည်။
ယာယီသဘာဝ- ရက်ပေါင်း ၉၀ ရပ်ဆိုင်းမှုသည် ယာယီဆောင်ရွက်မှုတစ်ခုသာဖြစ်သည်။ နှစ်ဘက်စလုံး သည် ယင်းရက်၉၀ အတွင်း ယင်းတို့၏ ကုန်သွယ်ဆက်ဆံရေးများတွင်ရှိနေသည့် နက်ရှိုင်းသော ဖွဲ့စည်းတည်ဆောက်မှုပြဿနာများကို ဖြေရှင်းဖို့လိုအပ်နေသည်။
အခြေခံကျသည့် တင်းမာမှုများ- သဘောတူညီချက်က အရှိန်ကိုလျှော့ချပစ်လိုက်နိုင်သော်လည်း အခြေခံ ကျကျရှိနေသည့် တင်းမာမှုများကိုတော့ အပြည့်အဝေဖြေရှင်းနိုင်ဦးမည်မဟုတ်ပါ။ ယင်းတို့မှာ ဉာဏ ပစ္စည်းမူပိုင်ခွင့်များ၊ ဈေးကွက်ဝင်ရောက်မှုများနှင့် အခြားသော ကုန်သွယ်ရေးလုပ်နည်းကိုင်နည်းများ စသည်တို့ဖြစ်သည်။
နှစ်နိုင်ငံက သူတို့၏ ကုန်သွယ်ရေး အငြင်းပွားမှုများနှင့် ပတ်သက်သည့် ပိုမိုကျယ်ပြန့်သော အဖြေတစ်ခုသို့ ဦးတည် အလုပ်လုပ်နေကသည့်အတွက် နောက်ထပ်သဘောတူညီချက်အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မည်ဟုယူဆရသည်။
Source: news outlets
သံ၊ သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို သက်သာတဲ့စျေးနှုန်းတွေနဲ့ ရောင်းချပေးမယ့်စျေးပွဲတော်ကို နေပြည်တော်မှာ ယနေ့စတင် ကျင်းပနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 12 May 2025
#ဈေးရောင်းပွဲတော်စတင် #ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်း ၉၈မိုင်၊ နဂါးညီနောင်ကျောင်းတိုက်ရှိသဒ္ဓိအောင် နဂါးမင်းစေတီတော်ဌာပနာပိတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၇ ခု ကဆုန်လပြည့်နေ့က ပရိတ်ချည်မျှင် ရေဆူဆရာတော်ဒေါက်တာဘဒ္ဒန္တ အာဒိစ္စဝံသ (ဘတ်ဒန်ဒအာဒိတ်စဝန်သ) ဆရာတော်ကြီးကိုယ်တိုင် ဌာပနာပိတ်ပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 May 2025
#သဒ္ဓိအောင်နဂါးမင်းစေတီတော် #ရေဆူဆရာတော်
#YMG/NN #Yangon_Times
Page 298 of 1938