#Local_News
Published 30 August 2025
▪️ ပဲခူးတိုင်း ၊တောင်ငူမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များသို့ယနေ့မနက်ပိုင်းမှ စတင်၍ ရေများ ဝင်ရောက်လာသောကြောင့် ကူညီရွေ့ပြောင်းမှုများပြုလုပ်နေကြောင်း Save The Trees မှဥက္ကဌ ကိုကျော်သူရက YMG သို့ပြောသည်။
▪️ လတ်တလောတွင် မြစ်ကြီးပေါက်စစ်တောင်းလမ်း၊အလယ်ကျွန်း ရွှေရှိုင်းလမ်းစသည့် မြေအနိမ့်ပိုင်းနှင့်ချောင်းကမ်း၊မြစ်ကမ်းပါးများသို့ ရေများဝင်ရောက်နေကြောင်း သိရသည်။
▪️ 'အနိမ့်ပိုင်းတွေ ရေရောက်တာပါ ၊ကျန်တဲ့နေရာတွေ မဝင်သေးပါဘူး၊အခုက အလယ်ကျွန်းရွှေရှိုင်း၊မြစ်ကြီးပေါက်တို့ကိုဝင်နေတာပါ ၊ ဒါကနှစ်တိုင်းဖြစ်ရိုးဖြစ်စဉ်ပါ၊ ရေတက်လာလိုက်ကယ်ဆယ်ရေးစခန်းသွားလိုက်ပါပဲ မနက်ဖန်မိုးရွာရင်တော့ ပိုတိုးမှာပါစောင့်ကြည့်နေပါတယ် 'ဟု ၎င်းက ဆက်ပြောသည်။
▪️ လတ်တလောတွင် တောင်ငူမြစ်ကြီးပေါက် စစ်တောင်းလမ်းတောင်ငူစစ်တောင်မြစ်ရေ အတိုးမြန်လာသောကြောင့် နေရာရွှေ့ပြောင်းမှူ့များ ကူညီဆောင်ရွက်လျှက် ရှိပါသည်။
▪️ မြန်မာနိုင်ငံလူမှူ့ကယ်ဆယ်ရေးအဖွဲ့ S.T.T RESCUE တောင်ငူ မှ ကူညီ ရွေ့ပြောင်းမှုများပြုလုပ်ပေးနေကြောင်းသိရသည်။
▪️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်ကို ပေဝက်ခန့်ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၁)ပေခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်းဆိုထားသည်။
▪️ ထို့ကြောင့် တောင်ငူမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 30 August 2025
▪️ အယူခံရုံးတစ်ခုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်သတ်မှတ်ချက်အများစုဟာ တရားဝင်ခြင်းမရှိဘူးလို့ ဆုံးဖြတ်လိုက်ကာ အောက်တိုလာလလယ် မတိုင်ခင်အထိတော့ ဆိုင်းထားဦးမှာဖြစ်ပြီး တရားရုံးချုပ်ထံ အယူခံဝင်ဖို့ မျှော်မှန်းရပါတယ်။
▪️ ဝါရှင်တန်ဒီစီမှ အယူခံတရားရုံးက ဧပြီလက ထရမ့်ချမှတ်ခဲ့တဲ့ အပြန်အလှန်အခွန်စည်းကြပ်မှုတွေ၊ တရုတ် ကနေဒါ မက္ကဆီကိုတို့အပေါ် အခွန်ချမှတ်မှုများအပေါ် ဆုံးဖြတ်တာဖြစ်ပါတယ်။
▪️ တရားရုံးဆုံးဖြတ်ချက်ဟာ အလူမီနီယံ၊ သံမဏိတင်သွင်းကုန်များလို အခြားအခွန်တွေအပေါ်မှာတော့ သက်ရောက်ခြင်းမရှိပါဘူး။
▪️ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆုံးဖြတ်ချက်က စီးပွားရေးပေါ်လစီ ကြပ်ကြပ်မတ်မတ် ချမှတ်ချင်တဲ့ ထရမ့်အခွန်စည်းကြပ်မှုတွေအတွက် ထိခိုက်စရာဖြစ်လာပါတယ်။
▪️ သမ္မတဟာ နိုင်ငံတကာအရေးပေါ် စီးပွားရေးအာဏာဥပဒေ(IEEPA) ကိုးကားချက်ထဲက လုပ်ပိုင်ခွင့်တွေကို ကျော်လွန်သွားတယ်လို့ ဝါရှင်တန်တရားရုံးက ဆုံးဖြတ်ထားပါတယ်။
▪️ IEEPA ဥပဒေအရ ထရမ့်ဟာ ဒီလိုမျိုးအခွန်စည်းကြပ်မှုတွေကို ချမှတ်ပိုင်ခွင့်မရှိဘူးလို့ ဖော်ပြထားပါတယ်။
▪️ အရေးပေါ် တိုင်းပြည်အခြေအနေမှာ သမ္မတအနေနဲ့ အချို့သော ဆောင်ရွက်ချက်တွေ လုပ်ခွင့်ရှိပေမယ့် ဒီလိုမျိုးအခွန်စည်းကြပ်မှုတွေတော့ လုပ်ခွင့်မရှိဘူးလို့ ပြောသွားပါတယ်။
Source: NPR
#Local_News
Published 30 August 2025
ပဲခူးတိုင်း တောင်ငူမြို့နှင့် မဒေါက်မြို့များ၌ စစ်တောင်းမြစ်ရေ
စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဩဂုတ်လ(၃၀) ရက် မနက်ပိုင်း၌ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်ကို ပေဝက်ခန့်ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၁)ပေခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့အတူ မဒေါက်မြို့အတွင်းလည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့် ထပ်မံမြင်တက်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် တောင်ငူမြို့နယ်နှင့် မဒေါက်မြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 30 August 2025
▪️ ဂြိုဟ်သားအရာတွေကို ရှာဖွေရာမှာ Goldilocks Zone လို့ခေါ်တဲ့အရာနဲ့ ကန့်သတ်ထားကာ ဒါကသက်ရှိတွေ ရှင်သန်နိုင်ဖို့ အရည်နဲ့ အလင်းရှိနိုင်တဲ့ ကြယ်တစ်ခုနဲ့ အကွာအဝေး ဖြစ်ပါတယ်။
▪️ ယခုလေ့လာချက်မှာတော့ ဂြိုဟ်တစ်ခုက လက်ခံကြယ်ကနေ ဝေးနေရင်တောင် သက်ရှိတွေကို ထောက်ပံ့နိုင်ဆဲဖြစ်တယ်လို့ စိန်ခေါ်လာပါတယ်။
▪️ အာကာသရောင်ခြည်တွေဟာ ဝေးလံတဲ့ဂြိုဟ်ပေါ်မှာ သက်ရှိတွေကိုထောက်ပံ့နိုင်မယ့် စွမ်းအင်သယ်ဆောင်နိုင်တယ်လို့ နယူးယော့ခ်တက္ကသိုလ် အဘူဒါဘီနက္ခတ္တနဲ့ အာကာသသိပ္ပံဌာနမှ သိပ္ပံပညာရှင်များဖော်ပြခဲ့ပါတယ်။
▪️ ဒီရောင်ခြည်တွေက မြန်နှုန်းမြင့်အမှုန်အလင်းတန်းများဖြစ်ပြီး စကြဝဠာဖြတ်သန်းကာ တစ်နေရာကနေတစ်နေရာ ရိုက်ခတ်ပါတယ်။
▪️ လက်ခံကြယ်နဲ့ဝေးတဲ့ ခန္ဓာကိုယ်တွေထဲမှာ ရောင်ခြည်ကွဲခြင်းဖြစ်စဉ် စတင်နိုင်တယ်လို့ ကောက်ချက်ချကြပါတယ်။
▪️ မားစ်၊ ယူရိုပါ၊ အန်ဆလေဒပ်စ်တို့ကို အာကာသရောင်ခြည်ထိတွေ့မှုနဲ့ ပတ်သက်ပြီး လေ့လာခဲ့ကြပါတယ်။
▪️ ဒီသုံးခုစလုံးဟာ ရောင်ခြည်ကွဲခြင်း အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒီလိုတွေ့ရှိချက်က သက်ရှိတွေ ရှင်သန်နေထိုင်နိုင်မယ့် နေရာတွေအကြောင်း စဉ်းစားပုံကို ပြောင်းလဲဖို့ဖြစ်လာနိုင်ပြီး ပူနွေးတဲ့ဂြိုဟ်တွေကို ရှာမယ့်အစား မျက်နှာပြင်အောက်မှာ ရေရှိပြီး အာကာသရောင်ခြည်နဲ့ ထိတွေ့နေတယ်ဆိုရင် အေးမြပြီးမည်းမှောင်တဲ့နေရာတွေလည်း ထည့်သွင်းစဉ်းစားနိုင်ပြီ ဖြစ်တယ်လို့ ဦးဆောင်သုတေသီ ဒီမီထရာအက်ထရီက ပြောသွားပါတယ်။
▪️ သက်ရှိတွေ ရှင်သန်နိုင်တယ်လို့ ယူဆထားတဲ့ နောက်ဆုံးဂြိုဟ်ကတော့ K2-18b ဂြိုဟ်မွှားဖြစ်ပါတယ်။
Source: WION
#World_Health
Published 30 August 2025
▪️ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီဆိုရင် အစားအစာကိုပဲ ပြေးမြင်ကြပါတယ်။
▪️ ဒါပေမဲ့ အစာမစားဘဲနဲ့လည်း သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်တာကြောင့် ဒီအကြောင်းတွေကို ဖော်ပြသွားပါမယ်။
▪️ စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရောဂါကူးစက်ခြင်း၊ ဟော်မုန်းအပြောင်းအလဲတို့က သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တယ်လို့ မွန်ဘိုင်း ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာပရာနက်ဗ်ဂိုဒီက ပြောသွားပါတယ်။
▪️ ဖိစီးမှုကြောင့် ကော်တီဆောထွက်စေကာ သိမ်းထားတဲ့ဂလူးကို့စ်တွေ ထုတ်လွှတ်လိုက်ပါတယ်။
▪️ တစ်ညလောက် အိပ်ရေးမဝရင် ခန္ဓာကိုယ်မှာ အင်ဆူလင်ယဉ်ပါးစေပြီး သွေးထဲမှာ ဂလူးကို့စ်ရှိနေစေပါတယ်။
▪️ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က သိမ်းထားတဲ့ ဂလူးကို့စ်ထွက်စေကာ ယာယီမြင့်တက်စေပါတယ်။
▪️ ရောဂါကူးစက်မှုတွေ ဖြစ်တဲ့အခါ ကိုယ်ခံအားစနစ်က အလွန်အကျွံ အလုပ်လုပ်ရပြီး ဂလူးကို့စ်အဖြစ်နဲ့ စွမ်းအင်ပိုလိုအပ်လာပါတယ်။
▪️ အမျိုးသမီးတွေ ဓမ္မတာစက်ဝန်းရောက်ချိန်၊ မီးယပ်သွေးဆုံးချိန်တို့မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး အင်ဆူလင်မတိုးတော့ဘဲ သွေးတွင်းသကြားဓာတ် အတက်အကျ ဖြစ်စေပါတယ်။
▪️ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သိရှိထားဖို့ အရေးကြီးပြီး စိတ်ဖိစီးမှုဖြေလျှော့ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
▪️ ဟော်မုန်းအပြောင်းအလဲ၊ သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်မြင့်တက်တာကို သတိထားမိတဲ့အခါ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။
Source: Indian Express.
အိန္ဒိယဟာ အမေရိကန်သို့တင်ပို့မယ့် ပါဆယ်ပို့ဆောင်ရေးအများစုကို ရပ်ဆိုင်းလိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ဖိအားများလာပါတယ်။
#World_Business
Published 29 August 2025
#အိန္ဒိယ #အမေရိကန်ပါဆယ်ပို့ဆောင်ရေးအများစုကိုရပ်ဆိုင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 August 2025
၁။ လာမည့်လတွင် ပြန်လည်ထူထောင်ရေးချေးငွေများ စတင်ထုတ်ချေးရန်ဆောင်ရွက်နေ
၂။ စက်တင်ဘာလ(၁)ရက်မှစ၍ နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေ တိုးမြင့်ကောက်ခံမည်
၃။ နွေစပါး ဧက(၃)သိန်းခန့် ၌ Rice Export Zone များ စတင်ဆောင်ရွက်မည်
၄။ အမေရိကန်သို့တင်ပို့မည့်ပါဆယ်ပို့ဆောင်ရေးဝန်ဆောင်မှုများ အိန္ဒိယဆိုင်းငံ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုတစ်ပတ်အတွက် ရည်ညွှန်းဈေးတွေမှာ ဓာတ်ဆီဈေးတွေနှစ်ပတ် ဆက်တိုက်တက်နေပြီး ဒီဇယ်ဈေးသုံးပတ်ဆက်တိုက်ကျဆင်းလာတယ်လို့စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 29 August 2025
#ဓာတ်ဆီ_ဒီဇယ်ဈေး
#YMG/NN #Yangon_Times
လာမယ့် နွေစပါးရာသီချိန်မှာ စိုက်ဧက(၃)သိန်းဝန်းကျင်ခန့်မှာ Rice Export Zone တွေစတင်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 29 August 2025
#နွေစပါး #Rice_Export_Zone
#YMG/NN #Yangon_Times
လာမယ့် စက်တင်ဘာလ(၁) ရက်မှစတင်ကာ နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ ပေးသွင်းရတဲ့စာအုပ်ဖိုးငွေကို တိုးမြင့်ကောက်ခံသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထားပါတယ်။
#Local_News
Published 29 August 2025
#နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေတိုးမြင့် #မြန်မာနိုင်ငံကူးလက်မှတ်
#YMG/SW #Yangon_Times
ငလျင်ဒဏ်သင့် ဒေသများပြန်လည်ထူထောင်ရေးချေးငွေကို လာမယ့် စက်တင်ဘာလမှာ စတင်ထုတ်ချေးနိုင်ရေး ကြိုးစားဆောင်ရွက်ဖို့ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယမန်နေ့က ပြုလုပ်တဲ့အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့်နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ ဒုတိယအကြိမ်ညှိနှိင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
#Local_News
Published 29 August 2025
#ငလျင်ဒဏ်သင့်ဒေသ # မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
#Local_News
Published 29 August 2025
▪️ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှစားသုံးဆီ၊စက်သုံးဆီ ၊CMP ကုမ္ပဏီများနှင့် Non-trade payment များအတွက် ယမာန်နေ့က အမေရိကန်ဒေါ်လာများထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။
▪️ ထိုသို့ရောင်းချရာတွင် အမေရိကန်ဒေါ်လာ ၁.၉၁၆ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ (၂၈) ရက်နေ့မှာ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ထုတ်ရောင်းပေးခြင်းဖြစ်သည်။
▪️ ထို့အပြင် အမေရိကန်ဒေါ်လာ ၇၂၇,၅၆၄ ကိုလည်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်အမေရိကန်ဒေါ်လာ ၁၂၇,၈၉၄ ကို CMP ကုမ္ပဏီများနှင့် Non-trade payment များအတွက် ရောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 302 of 2056