#World_News
Published 20 November 2025
■ ၂၀၁၈ က ဝါရှင်တန်ပို့စ်ဆောင်းပါးရှင်တစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသားအကြောင်း မေးမြန်းခဲ့တဲ့ ABC News သတင်းထောက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဝေဖန်ပြီးနောက်တစ်နေ့မှာ အိမ်ဖြူတော်က ABC News ကို အရှိန်မြှင့်တိုက်ခိုက်လိုက်ပါတယ်။
■ ဖက်ဒရယ်လူမှုဆက်သွယ်ရေးကော်မရှင်(FCC)က နိုင်ငံတော်ကွန်ရက်များနဲ့ ပြည်တွင်းရုပ်သံလွှင့်ဌာနများကြား သဘောတူညီမှု ပြန်လည်သုံးသပ်ရေး လမ်းဖွင့်ပေးထားရာမှာ အခုလို ဝေဖန်မှုတွေ ထွက်လာတာ ဖြစ်ပါတယ်။
■ ဒစ္စနေပိုင်ဆိုင်တဲ့ ABC ရုပ်သံဌာနတွေရဲ့ ထုတ်လွှင့်ပြသခွင့်လိုင်စင်တွေကို ကော်မရှင်အနေနဲ့ ပြန်လည်ရုပ်သိမ်းသင့်တယ်လို့ ထရမ့်က အကြံပြုလိုက်ပါတယ်။
■ လွတ်လပ်တဲ့ ဖက်ဒရယ်အေဂျင်စီဖြစ်တဲ့ FCC က ၈ နှစ်သက်တမ်းရှိတဲ့ လိုင်စင်တွေကို ရုပ်သံလွှင့်ဌာနတစ်ခုစီထံ ထုတ်ပေးထားတာ ဖြစ်ပါတယ်။
■ FCC ဥက္ကဌ ဘရန်ဒန်ကားက ပြန်လည်သုံးသပ်ဖို့ ကြေညာထားပြီး ရုပ်သံလွှင့်ဌာနတွေအနေနဲ့ ဒဏ်ကြေးရင်မဆိုင်ရဘဲ အများပြည်သူအကျိုးအတွက် ထုတ်လွှင့်ပြသခွင့်ရှိမရှိကို ဦးတည်သွားမှာ ဖြစ်ပါတယ်။
■ ဘရန်ဒန်ကားက Jimmy Kimmel Live ထုတ်လွှင့်ပြသတာနဲ့ ပတ်သက်ပြီး ပြည်တွင်းရုပ်သံဌာနတွေ ဝေဖန်ပြီးနောက် နှစ်ဖက်ပါတီမှ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
■ ပြည်တွင်းရုပ်သံတွေ အလုပ်မလုပ်နိုင်အောင် လုပ်ငန်းပြိုင်ဆိုင်မှုမရှိဘဲ လက်ဝါးကြီးအုပ်ထုတ်လွှင့်ခြင်းထဲမှာ သတင်းကွန်ရက်ကြီးတွေ ပါဝင်မှုရှိမရှိကို FCC က စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်။
■ ABC News ကတော့ သူတို့ဟာ ထရမ့်အပေါ် တိုက်ခိုက်ခြင်းနဲ့ ဘက်လိုက်ဖော်ပြမှုတွေအကြောင်း စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။
■ FCC က အခြားမီဒီယာကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးထားကာ သတင်းဌာနတွေ ပူးပေါင်းသွားခြင်းကို အတည်ပြုပေးထားခဲ့ပါတယ်။
Source: Reuters