Nay Pyi Taw, Myanmar — Chairman of Myanmar's State Administration Council (SAC), Senior General Min Aung Hlaing, urged ASEAN police member countries to collaborate in tackling cross-border crimes. He made this statement during a meeting with representatives of ASEAN police forces at the 42nd ASEAN Police Conference, held in the capital, Nay Pyi Taw.
“Joint efforts between the police forces of each country will be crucial in combating drug trafficking, arms and ammunition smuggling, and online fraud,” said the Senior General. He also expressed his gratitude for the active participation of ASEAN members in the conference, which took place from October 23 to 24.
Leaders of the ASEAN Police Delegation and the Executive Director of the ASEAN Police Secretariat conveyed their appreciation for Myanmar’s hospitality. They then discussed cooperation in the area of training and joint efforts to combat transnational crimes.
The conference emphasized the ASEAN police forces' dedication to bolstering regional security and enhancing collaboration in law enforcement, including addressing the growing challenges posed by transnational crime.
#ymg/knl
ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်နေပေမယ့် တရုတ်နိုင်ငံတဝှမ်း ရွှေဆိုင်တွေမှာတော့ ဝယ်ယူရောင်းချသူတွေ ပြည့်နေဆဲဖြစ်ပါတယ်။
#World_Business
Published 24 October 2024
#ရွှေဈေးဆက်တိုက်မြင့်တက် #တရုတ်နိုင်ငံရွှေဆိုင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 October 2024
၁။ မန္တလေးနှင့်ပုဂံရှိဘုရားစေတီ၊ ပုထိုး(၂၆)ခုတွင် Pagoda Digital Directory ကြည့်ရူနိုင်ရန်စီစဉ်နေ
၂။ ဒညင်းကုန်းလက်ကားဈေးမှ နယ်စုံသို့ ဖရဲတန်ချိန်ထောင်ချီ၍ ပြန်လည်တင်ပို့နေ
၃။ ရွှေရည်ညွှန်းဈေး ကျပ် ၅၆သိန်းကျော်အထိဖြစ်လာ
၄။ ရွှေဈေးဆက်တိုက်မြင့်တက်နေသော်လည်း တရုတ်နိုင်ငံရွှေဆိုင်များတွင် အရောင်းအဝယ်ကောင်းနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားနိုင်တဲ့ ခွင့်ပြုချက် ရရှိပြီးပါက ၎င်းနိုင်ငံအတွင်းမှာ တစ်နှစ်နေထိုင်အလုပ်လုပ်ကိုင်နိုင်မယ်လို့ ထိုင်းနိုင်ငံဘန်ကောက်ရှိ မြန်မာသံရုံးကအသိပေးကြေညာ ထားပါတယ်။
#Local_News
Published 24 October 2024
#ထိုင်းနိုင်ငံ #ယာယီနေထိုင်
#YMG/NN #Yangon_Times
အခုနှစ်မှာ ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ပြန်လည်ကျင်းပဖို့ မသေချာသေးဘူးလို့ ပွဲတော်ကျင်းပရေးတာဝန်ရှိသူအချို့ထံမှ သိရပါတယ်။
#Local_News
Published 24 October 2024
#ပြင်ဦးလွင်တန်ဆောင်တိုင် #မီးပုံးပျံပွဲတော်
#YMG/tthl #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေရည်ညွှန်းဈေးကတော့ အခုရက်ပိုင်းအတွင်း ကျပ် ၅၆သိန်းကျော်အထိဖြစ်လာတယ်လို့ သိရပါတယ်။
#Local_News
Published 24 October 2024
#ရွှေရည်ညွှန်းဈေးမြင့်လာ #ရွှေလုပ်ငန်းရှင်များအသင်း
#YMG/NN #Yangon_Times
ရန်ကုန်မြို့ရှိ ဒညင်းကုန်း ဟင်းသီး၊ ဟင်းရွက်လက်ကားဈေးက နေ နယ်စုံကိုတစ်ရက်လျှင် ဖရဲတန်ချိန်ထောင်ချီပြီး ပြန်လည်တင်ပို့နေတယ်လို့ ဖရဲ ပွဲရုံတွေက သိရပါတယ်။
#Local_News
Published 24 October 2024
#ဒညင်းကုန်းလက်ကားဈေး #နယ်စုံဖရဲတင်ပို့
#YMG/NN #Yangon_Times
#Local_News
Published 24 October 2024
▪️ ဘီလူးငါးကောင်နှင့်ဆာဒူးကြီးဆေးများအား အနောက်တိုင်းဆေးရောနှောပြီး စံမညီတိုင်းရင်းဆေးဝါးများအဖြစ်သတ်မှတ်ပြီး အများပြည်သူအသုံးမပြုရန်ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးလိုက်ကြောင်း သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းတွေ့ရှိရသော ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအကြောသန်အားတိုးဆေးမှုန့်နှင့် ဆာဒူးကြီးအမှတ်တံဆိပ်အမျိုးသားအကြောသန် အားတိုးဆေးမှုန့်တို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီမဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်း သတ်မှတ်ချက် (၁၀) ချက် ပြည့်စုံမှန်ကန်မှုမရှိကြောင်း သိရသည်။
▪️ ထို့အပြင် ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေး Sildenafil ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေး ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
မန္တလေးနဲ့ပုဂံဒေသရှိတန်ခိုးကြီး ဘုရား၊ စေတီ၊ ပုထိုး(၂၆)ခုမှာ Touch Screen တွေကို အသုံးပြုပြီး Pagoda Digital Directory သမိုင်းအချက်အလက်နဲ့ဘုရားဖူးလမ်းညွှန်တွေကြည့်ရူနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 24 October 2024
#မန္တလေးနှင့်ပုဂံရှိဘုရားစေတီ #Pagoda_Digital_Directory
#YMG/tthl #Yangon_Times
#World_News
Published 24 October 2024
▪️ မြောက်ကိုရီးယား တပ်သား ၃ ထောင်ကို ရုရှားထံ စေလွှတ်ထားတဲ့ အထောက်အထား တွေ့ထားတယ်လို့ အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်လိုက်ပါတယ်။
▪️ ဒါဟာ ယူကရိန်းစစ်ပွဲမှာ နေရာချဖို့ ဖြစ်နိုင်ခြေရှိကာ တင်းမာမှု သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။
▪️ မြောက်ကိုရီးယားသာ ရုရှားနဲ့အတူ တိုက်ခိုက်ရန် ပြင်ဆင်လာပါက အတော်လေးစဉ်းစားစရာရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ရောမမြို့မှာ ပြောကြားခဲ့ကာ ယူကရိန်းကလည်း အလားတူ စွပ်စွဲလိုက်ပါတယ်။
▪️ ဒါပေမဲ့ ရုရှားမှာ မြောက်ကိုရီးယားတပ်သားတွေ ဘာလုပ်မှာလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။
▪️ မြောက်ကိုရီးယားမှ အနည်းဆုံးတပ်သား ၃ ထောင်ဟာ ရုရှားအရှေ့ပိုင်းရှိ စစ်အခြေစိုက်စခန်း ၃ ခုမှာ လေ့ကျင့်ရေးဆင်းနေတယ်လို့ အမေရိကန်က ယူဆထားကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။
▪️ အောက်တိုဘာလ အစောပိုင်းကနေ လဝက်လောက်မှာ မြောက်ကိုရီးယားစစ်သားတွေကို ဝန်ဆန်ဒေသကနေ ဗလာဒီဗိုစတော့ခ်သို့ သင်္ဘောဖြင့် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
▪️ ဒီတပ်သားတွေသာ ယူကရိန်းနဲ့ တိုက်ခိုက်ဖို့ဆိုရင် ယင်းတို့လည်း ပစ်မှတ်ဖြစ်လာမှာဖြစ်ပြီး ရုရှားတပ်သားတွေကို ခုခံတိုက်ခိုက်သလိုမျိုး မြောက်တွေကိုလည်း ခုခံတိုက်ခိုက်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
▪️ တောင်ကိုရီးယား လွှတ်တော်အမတ်များ ပြောကြားချက်အရ မြောက်ဟာ တပ်သားစုစုပေါင်း ၁ သောင်းခန့် စေလွှတ်သွားဖို့ ကတိပြုထားပြီး ဒီဇင်ဘာလောက်မှာ အပြီးသတ်မယ်လို့ သိရပါတယ်။
▪️ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ မြောက်ကိုရီးယားနိုင်ငံအတွင်း တပ်သားများ လေ့ကျင့်နေတဲ့ အရိပ်အယောင်များ မြင်တွေ့ခဲ့ရတယ်လို့ တောင်ကိုရီးယား လွှတ်တော်ထောက်လှမ်းရေး ကော်မတီအဖွဲ့ဝင် ပတ်ဆွန်ဝမ်က ပြောပါတယ်။
▪️ ဒါတွေကို ရုရှားအစိုးရနဲ့ မြောက်ကိုရီးယားသံတမန်တို့က ငြင်းဆိုလိုက်ပြီး အခြေအမြစ်မရှိတဲ့ ကောလာဟာလတွေလို့ ဆိုပါတယ်။
▪️ မြောက်ကနေ အထူးတပ်သားစစ်မှုထမ်း ၁၅၀၀ ခန့်ကိုလည်း ရုရှားသို့ သင်္ဘောဖြင့် စေလွှတ်ထားကာ ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ရန် နေရာချသွားဖွယ်ရှိတယ်လို့လည်း တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။
▪️ ယူကရိန်းသမ္မတ ဇယ်လန်စကီက ရုရှားစစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်လာတဲ့ အထောက်အထားကို တုန့်ပြန်ဆောင်ရွက်ရန် မဟာမိတ်များကို တောင်းဆိုလိုက်ပါတယ်။
▪️ နေတိုး(NATO) မဟာမိတ်များကလည်း ရုရှားမှာ မြောက်ကိုရီးယား တပ်စွဲတာကို အပြစ်တင်လိုက်ပါတယ်။
▪️ အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဌ မိုက်ခ်တာနာက ထုတ်ပြန်ရာမှာ မြောက်ကိုရီးယားတပ်တွေသာ ရုရှားကနေ ယူကရိန်းကို တိုက်ခိုက်ပါက ဂျိုးဘိုင်ဒင်က အမေရိကန်ထောက်ပံ့လက်နက်များဖြင့် ယူကရိန်းကို တုန့်ပြန်ပစ်ခတ်ခွင့် ပြုသွားမယ်လို့ ဆိုပါတယ်။
#Source: Reuters
#World_Science
Published 24 October 2024
▪️ နာဆာ(NASA)မှ ဒါဗင်ချီ(Davinci) အာကာသမစ်ရှင်ကို ၂၀၃၀ အစောပိုင်းမှာ လွှတ်တင်ရန် စီစဉ်ထားပါတယ်။
▪️ ကမ္ဘာဂြိုဟ်ဘေးနားမှာရှိတဲ့ ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်)မှာ သမုဒ္ဒရာတွေ တိုက်ကြီးတွေ ရှိခဲ့ဖူးခြင်းရှိမရှိ စူးစမ်းလေ့လာပြီး ဆန်းကျယ်မှုများကို ရှာဖွေရန် ရည်မှန်းထားတာ ဖြစ်ပါတယ်။
▪️ ထိုမစ်ရှင်မှာ အာကာသယာဉ်တစ်စီးနဲ့ စူးစမ်းရေးယာဉ်တစ်စီး ပါဝင်မှာဖြစ်ကာ ရှေးအချိန်တုန်းက တိုက်ကြီးတစ်ခုလို့ ယူဆရတဲ့ အယ်လ်ဖာရက်ဂျီယို တောင်တန်းဒေသကို ဦးစားပေး လေ့လာသွားမှာ ဖြစ်ပါတယ်။
▪️ ဆယ်စုနှစ် ၅ ခုအတွင်း ပထမဆုံးအနေနဲ့ ဒါဗင်ချီစူးစမ်းရေးယာဉ်ကနေ ဗီးနပ်စ်ဂြိုဟ် ထူထဲတိမ်တိုက်တွေအောက်ရှိ နယ်မြေဒေသများကို ပုံရိပ်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
▪️ ယခင်က ဗီးနပ်စ်ဂြိုဟ်ပေါ်မှာ အာကာသယာဉ်များ ပျက်စီ အရည်ပျော်ဖူးတဲ့ သမိုင်းရှိနေပြီး ဂြိုဟ်ရဲ့ပြင်းထန်တဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် ယခုလေ့လာမှုဟာလည်း အခက်အခဲတွေ တွေ့ရဦးမှာပါ။
▪️ ဒီအန္တရာယ်အတွက် ဒါဗင်ချီအဖွဲ့က ယခင်ဗီးနပ်စ်မစ်ရှင်တွေရဲ့ အချက်အလက်ဟောင်းတွေကို ပြန်စစ်ဆေးကာ ခေတ်မီဆန်းစစ်နည်းပညာများ အသုံးပြုနေပါတယ်။
▪️ ဒါတွေကို နှိုင်းယှဉ်တဲ့အခါ အချိန်နဲ့အမျှ ပြောင်းလဲလာတဲ့ ဂြိုဟ်အကြောင်းအရာတွေကို သိရှိနိုင်ပြီး မီးတောင်လှုပ်ရှားနိုင်ဖွယ် တွေ့ရှိချက်တွေကိုပါ သိရှိလာပါတယ်။
▪️ ဗီးနပ်စ်တိမ်တိုက်အောက် အမြင့် ၂၅ မိုင်လောက် ရောက်တာနဲ့ ဒါဗင်ချီစူးစမ်းရေးယာဉ်ကနေ အယ်လ်ဖာရက်ဂျီယိုကို စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။
▪️ လေထုအလင်းပျံ့ကျဲမှု အခက်အခဲကြောင့် သိပ္ပံပညာရှင်တွေက ပုံရိပ်တွေ ထင်ရှားပြတ်သားစေပြီး 3D မြေပုံတွက်ချက်ဖန်တီးနိုင်မယ့် ဉာဏ်ရည်တု အဆင့်မြင့်နည်းပညာများ ဖန်တီးနေပါတယ်။
▪️ အယ်လ်ဖာရက်ဂျီယိုမှ မျက်နှာသွင်ပြင်၊ ကျောက်တုံးအမျိုးအစားတွေကို ဆန်းစစ်ပြီးတော့ ကမ္ဘာပေါ်ရှိ တောင်တန်းများ မီးတောင်များ ဖြစ်ပေါ်ပုံဖြစ်စဉ်များနဲ့ ဆင်တူလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
▪️ အဆိုပါမစ်ရှင်ကနေ ဗီးနပ်စ်ဂြိုဟ်ရဲ့ ဘူမိသမိုင်းကြောင်းတွေ ကမ္ဘာ့ဆင့်ကဲပြောင်းလဲပုံနဲ့ ကွဲပြားပုံတွေကို ပုံဖော်သွားနိုင်ရန် သေချာနေပါတယ်။
#Source: India Today
#World_Health
Published 24 October 2024
▪️ တစ်နေ့တာမှာ ကြာကြာမတ်တပ်ရပ်ခြင်းက အချိန်ကြာမြင့်စွာ ထိုင်ခြင်းရဲ့ ဆိုးကျိုးတွေကို သက်သာစေမယ်လို့ လူအများယုံကြည်နေကြပါတယ်။
▪️ ရုံးအလုပ်တွေမှာ မတ်တပ်ရပ်လုပ်ရတဲ့ စားပွဲတွေ လူကြိုက်များလာတာ တွေ့ရပါတယ်။
▪️ ဒါပေမဲ့ ကြာမြင့်စွာ မတ်တပ်ရခြင်းက ထင်ထားသလို မဟုတ်ပါဘူး။
▪️ ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းကြောင့် ထိုင်ချိန်ကို လျှော့ချပေးပေမယ့် နှလုံးကျန်းမာရေး တိုးတက်စေတာမျိုးတော့ မဟုတ်ဘူးလို့ ဆစ်ဒနီတက္ကသိုလ်မှ သုတေသန တွေ့ရှိထားပါတယ်။
▪️ အချိန်ကြာရှည်စွာ မတ်တပ်ရပ်ပါက သွေးကြောထုံးခြင်း၊ သွေးခဲခြင်း စတဲ့ သွေးလည်ပတ်မှုပြဿနာများ ဖြစ်စေနိုင်ပါတယ်။
▪️ တစ်နေ့ကို ၁၀ ကျော်ကြာအောင် ထိုင်ခြင်းဖြင့် နှလုံးရောဂါနဲ့ သွေးလည်ပတ်မှု ပြဿနာများ ဖြစ်နိုင်ခြေများစေပေမယ့် မတ်တပ်ရပ်ခြင်းဖြင့် နှလုံးကျန်းမာရေး မတိုးတက်စေဘူးလို့ တွေ့ရှိထားပါတယ်။
▪️ ယူကေမှ လူပေါင်း ၈၃၀၀၀ ကျော်ကို တိုင်းတာစက်များ ဝတ်ဆင်စေပြီး နှလုံးကျန်းမာရေးနဲ့ မတ်တပ်ရပ် အလေ့အထတို့ကို ၇ နှစ်မှ ၈ နှစ်ကြာအောင် စောင့်ကြည့်လေ့လာခဲ့ပါတယ်။
▪️ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံကြောင့် ကျန်းမာရေးထိခိုက်ခြင်းကို ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းဖြင့် မဖြေရှင်းနိုင်ဘူးလို့ ဒေါက်တာ မက်သရူးအာမက်ဒီက ပြောပါတယ်။
▪️ ကျန်းမာသန်စွမ်းဖို့အတွက်ဆိုရင် တစ်နေ့တာမှာ ပုံမှန်လှုပ်ရှားမှု ပြုလုပ်ဖို့လည်း လိုအပ်ပါသေးတယ်။
▪️ လူတွေအနေနဲ့ နည်းနည်းချင်းစီ ပြောင်းလဲပြီး လှုပ်ရှားမှုပြုလုပ်သွားဖို့ ပရော်ဖက်ဆာ အီမန်နျူယယ်စတာမာတာကစ်က အကြံပေးပါတယ်။
▪️ အချိန်မှန် အနားယူခြင်း၊ လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်းတို့ကစလို့ လှုပ်ရှားမှုတွေ ပြုလုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။
▪️ ဒီနောက်မှာ လေ့ကျင့်ခန်းတွေကို နည်းနည်းစီ ပြုလုပ်သွားခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒါကြောင့် နှလုံးနဲ့ သွေးလည်ပတ်မှု ကောင်းမွန်စေရန် မတ်တပ်ရပ်ခြင်းအပြင် ပုံမှန်လှုပ်ရှားလေ့ကျင့်မှုများ ပြုလုပ်ဖို့ကလည်း အရေးပါပါတယ်။
#Source: India Today
Page 297 of 1732