၉ စက်တင်ဘာ ၂၀၂၅
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောင်ဒဏ် တစ်နှစ် ပြန်လည်ကျခံဖို့ ထိုင်းတရား ရုံးချုပ်က ယနေ့ စက်တင်ဘာ ၉ရက် က ဆုံးဖြတ်လိုက်ပါတယ်။
သက်ဆင်ဟာ ပြီးခဲ့တဲ့ ၆ လအတွင်း ရဲဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာကြောင့် အကျဉ်းချခံရတဲ့ ရက်တွေကို ပြီးမြောက်ခဲ့တယ်လို့ မယူဆကြောင်း တရားရုံးချုပ်ရဲ့ နိုင်ငံရေး ရာထူးများ လက်ရှိ ထမ်းဆောင်သူများဆိုင်ရာ ပြစ်မှုဆိုင်ရာဌာနက ကောက်ချက်ချပါတယ်။
"ရဲဆေးရုံမှာ နေထိုင်ခဲ့တဲ့ အချိန်ကာလကို ထောင်ဒဏ်ကျခံခဲ့ရတဲ့ ရက်အဖြစ် သတ်မှတ်လို့မရပါဘူး" ဟု တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
"ထို့ကြောင့် တရားခံဟာ တော်ဝင်အမိန့်အရ ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ်ကို ကျခံရမှာဖြစ်ပါတယ်" ဟုလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်အပြီးတွင် သက်ဆင်က တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း လူမှုမီဒီယာပေါ်တွင် ရေးသားဖော်ပြခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ်ရှိတဲ့ သက်ဆင်ဟာ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ ၁၅ နှစ်ကျော်ကြာ ကိုယ်တိုင် ပြည်နှင်ဒဏ်ခံယူပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ရောက်ရောက်ချင်းမှာပဲ အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု သုံးခုအတွက် ၈ နှစ်ထောင်ဒဏ် ကျခံဖို့ အကျဉ်းချခံခဲ့ရပြီး နောက်ပိုင်းမှာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် ၁ နှစ်အထိ လျှော့ချခံခဲ့ရပါတယ်။
သူဟာ ၂၄ နာရီပင် ထောင်ထဲမှာ မနေရဘဲ အရေးကြီး ကျန်းမာရေးအခြေအနေ အကြောင်းပြချက်ဖြင့် သူ့ကို ဘန်ကောက်အကျဉ်းထောင်ကနေ ရဲဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့ပါတယ်။
Source Xinhua
#Local_News
Published 09 September 2025
▪️ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေသည့် စစ်တောင်းမြစ်ရေသည် နောက်တစ်ရက်အတွင်းထပ်မံမြင့်တက်လာနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
▪️ စစ်တောင်းမြစ်ရေ တောင်ငူမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ(၅)ရက်မှ (၈)ရက်အထိ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ရောက်ရှိခဲ့ရာမှ ယနေ့တွင် စိုးရိမ်ရေမှတ်ကို ပြန်လည်ကျော်လွန်လာခဲ့ခြင်းဖြစ်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ စက်တင်ဘာ(၉)ရက် ၊ နံနက်ပိုင်းအချိန်တိုင်းတာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ပေဝက်ခန့်ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၃)လက်မ ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေ နိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန်လည်း အသိပေးနှိုးဆော်ထားသည်။
#YMG/SW #Yangon_Times
တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များဝင်ရောက်ခြင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းလာခြင်းတွေကြောင့် တိုင်းနှင့်ပြည်နယ်ခုနှစ်မှာ ၂၄ နာရီ မှ ၄၈ နာရီအတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
#Local_News
Published 09 September 2025
#တိုင်ဖွန်းမုန်တိုင်း #ပင်လယ်အော်တောင်ပိုင်း
#YMG/SW #Yangon_Times
#Local_News
Published 09 September 2025
▪️ ယခုစက်တင်ဘာလအတွက် ကုန်သေတ္တာတင်သင်္ဘော (၅၉)စီး ကို ကနဦးပြေးဆွဲ ရန်လျာထားပြီး ထပ်မံ၍လည်း တိုးချဲ့ပြေးဆွဲပေးသွားရန်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MPA)က အသိပေးထားသည်။
▪️ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွက် ကုန်သေတ္တာတင် သင်္ဘောစာရင်း
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင်ရန် စသည့်အချက်များအရ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားကြောင်းသိရသည်။
▪️ စက်တင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၉)စီး ပြေးဆွဲ သွားမည်ဖြစ်ပြီး ထပ်မံတိုးချဲ့ပြေးဆွဲမည့် စာရင်းများကိုလည်း အချိန်နှင့် တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published 09 September 2025
▪️ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက် ကျန်းမာရေးဌာနနှင့်ဌာနခွဲ ၂၄ ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီးကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေ ကြောင်းသိရသည်။
▪️ ထို့အပြင် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့် အသက် ၁၅ နှစ်အောက်ကလေးများကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပြန်လည်အားဖြည့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည် ။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများရှိ ကျောင်းပေါင်း ၇၆ ကျောင်းနှင့်ကျောင်းသားပေါင်း ၁၂,၁၇၈ ဦးကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်နှင့်ကျေးလက်ကျန်းမာရေးဌာနများမှာ ဒေသခံ တိုင်းရင်းသားပြည်သူ စုစုပေါင်း ၂၄၁၉ ဦးကို လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည် ။
▪️ ထို့အတူ ဇူလိုင်လ ၂၅ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ ကလေး စုစုပေါင်း ၁၂၀၉၇ ဦးကို လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးနိုင်ခဲ့သည့် အပြင် ဇူလိုင်လ ၂၀ ရက်မှစ၍ နောင်ချိုမြို့ “မြနန်းတော်ဝင်” မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
▪️ အလားတူ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကိုလည်း သြဂုတ်လ ၂ ရက်မှာပြန်လည်ဖွင့်လှစ်ခဲ့ရာ ဇူလိုင်လ ၂၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ပြင်ပလူနာ ၃,၄၅၀ နှင့် အတွင်းလူနာ ၃၇၈ ဦးတို့ကို လိုအပ်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည် ။
#YMG/NN #Yangon_Times
#Local_News
Published ၀9 September 2025
▪️ ယနေ့ကျင်းပမည့်၂၀၂၆ အာရှဖလားခြေစစ်ပွဲ ယူ ၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(B)မြန်မာအသင်းနှင့် အာဖဂန်နစ္စတန် အသင်းခြေစစ်ပွဲစဉ်ကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ၂၀၂၆ အာရှဖလားခြေစစ်ပွဲ ယူ ၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်များကို စက်တင်ဘာလ ၃ရက် မှ ၉ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပလျှက်ရှိရာ ယနေ့ညနေ ၄နာရီတွင် မြန်မာ့လက်ရွေးစင်ယူ၂၃ အမျိုးသားဘောလုံးအသင်းနှင့်အာဖဂန်နစ္စတန် အသင်းတို့ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။
▪️ ထိုပွဲစဉ်အား ညနေ ၃နာရီ ၄၅မိနစ်မှ စတင်ကာ MRTV HD Channel,MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(live)ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြည်တွင်းမှာ ဆန်စက်ပေါင်း ၈,၀၀၀ ကျော်ကနေပြည်ပတင်ပို့ဖို့နဲ့ပြည်တွင်းစားသုံးဖို့ပါ ကြိတ်ခွဲထုတ်လုပ်လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 09 September 2025
#ဆန်စက် #မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
လတ်တလော ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းမှာ ကန်ထရိုက်တိုက်ခန်း တွေအရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Local_News
Published 09 September 2025
#ရန်ကုန်အိမ်ခြံမြေဈေးကွက် #ကန်ထရိုက်တိုက်ခန်း
#YMG/SW #Yangon_Times
#World_News
Published 09 September 2025
▪️ ခင်ပွန်းဖြစ်သူရဲ့ ဆွေမျိုး ၄ ယောက်ကို အဆိပ်သင့်မှိုတွေနဲ့ အဆိပ်ခတ်ခဲ့တဲ့ သုံးလောင်းပြိုင် လူသတ်တရားခံ အယ်ရင်ပက်တာဆန်ကို ၃၃ နှစ်တာ လွတ်ငြိမ်းခွင့်မရှိဖြင့် ဩစတြေးလျ တရားသူကြီးတစ်ဦးက တသက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
▪️ ပက်တာဆန်ရဲ့ အမှုတွေထဲမှာ ယုံကြည်မှုအလွဲသုံးစားလုပ်ခြင်း ပါဝင်ကြောင်း တရားသူကြီး ခရစ္စတိုဖာဘီးလ်က ဗစ်တိုးရီးယားပြည်နယ် တရားရုံးချုပ်ကို ပြောပါတယ်။
▪️ ဒွန်ပက်တာဆန်၊ ဂေးလ်ပက်တာဆန်၊ ဂေးလ်ရဲ့ညီမ ဟယ်သာဝီလ်ကင်ဆန်တို့ကို အဆိပ်သင့်မှိုပါဝင်တဲ့ အမဲသား Wellington အစာသွတ်မုန့်တွေနဲ့ နေ့လယ်စာကျွေးပြီး လူသတ်ခဲ့မှုဖြင့် ဇူလိုင်လက အမှုစွဲခဲ့ပါတယ်။
▪️ ဆေးရုံတက်နေခဲ့ရတဲ့ ဟယ်သာရဲ့ ခင်ပွန်းဖြစ်သူကိုလည်း သတ်ရန်ကြိုးပမ်းခဲ့မှုဖြင့် စွပ်စွဲခံခဲ့ရပါတယ်။
▪️ ပက်တာဆန်နဲ့ ခပ်တန်းတန်းဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူ ဆိုင်မွန်ကို ၂၀၂၃ ဇူလိုင်က နေ့လယ်စာစားဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မလာခဲ့ဘူးလို့ သိရပါတယ်။
▪️ တရားသူကြီးဘီးလ်က "ထိခိုက်နစ်နာသူတွေဟာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဆွေမျိုးတော်စပ်ကြပါတယ်။ သူတို့ဟာ သင်နဲ့ သင့်ကလေးတွေအပေါ် ကောင်းစွာဆက်ဆံကြတယ်" လို့ ပြောသွားပါတယ်။
▪️ အသက် ၅၀ အရွယ်တရားခံကို လူ ၃ ဦး သတ်ဖြတ်မှု၊ တစ်ဦးအား ကြံစည်ကြိုးပမ်းမှုတို့ဖြင့် တသက်တစ်ကျွန်းချမှတ်ရန် ရှေ့နေတွေ သဘောတူခဲ့ကြပါတယ်။
▪️ ပက်တာဆန်ရဲ့ ခင်ပွန်းဖြစ်သူလည်း နေ့လယ်စာလာစားခဲ့ရင် သူ့ကိုလည်း သတ်ဖို့ကြံရွယ်ထားကြောင်း ဘီးလ်ကပြောပါတယ်။
▪️ ဒီအမှုကြောင့် ဗစ်တိုးရီးယားပြည်နယ်ကို စိတ်ဝင်စားမှု များလာကြပြီး အမှုကြားနာချက်ကို ရုပ်သံကနေ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။
Source: NPR
#World_Science
Published 09 September 2025
▪️ AI အသုံးပြုပြီး ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေကို စစ်ဆေးကြည့်ရှုတဲ့နေရာမှာ ဆရာဝန်တွေရဲ့ကဏ္ဍ လျော့နည်းလာမှာ စိုးရိမ်နေရတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ဒါနဲ့ပတ်သက်ပြီး ပညာရှင်တွေ ဖော်ပြထားတာ ရှိပါတယ်။
▪️ - အစီအစဉ်တင်ဆက်သူ မယ်ရီလူးဝစ်ကယ်လီ
AI အယ်ဂိုရစ်သမ်တွေက ရောဂါစစ်ဆေးရှာဖွေရေးတွေမှာ အကူအညီဖြစ်စေပေမယ့် ဆရာဝန်တွေ AI ကို မှီခိုလွန်းအားကြီးလာမှာကို စိုးရိမ်ရပါတယ်။
▪️ - NPR သိပ္ပံကဏ္ဍအယ်ဒီတာ ဘရမ်ဖီယယ် AI က ဆေးပညာလောကထဲ လျင်မြန်စွာ ဝင်ရောက်လာကာ ဆရာဝန်တွေအနေနဲ့ အမီလိုက်နေရပါတယ်။
▪️ ပိုလန်မှ ဆေးရုံဆေးခန်း အတော်များများဟာ အူမကြီးပြွန်ထည့်ခွဲစိတ်ရာမှာ AI စနစ်ဖြင့် အနာတွေရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။
▪️ ဒါပေမဲ့ AI ကို အသုံးမပြုတဲ့အခါမှာ ဆရာဝန်တွေအနေနဲ့ အနာတွေရှာဖွေရာမှာ အခြေအနေပိုဆိုးလာတာ တွေ့ရပါတယ်။
▪️ - အစာအိမ်အူလမ်းကြောင်းအထူးကု မာဆင်ရိုမန်ရှစ်
ကျွန်တော်တို့ ဆရာဝန်တွေဟာ စာအုပ်တွေ ဆရာတွေဆီကနေ ဆေးပညာသင်ယူခဲ့ရပြီး AI အသုံးပြုပုံတော့ မသင်ခဲ့ရပါဘူး။
▪️ AI စနစ်တွေရှိပေမယ့် တကယ်အသုံးဝင်မယ့် အချက်အလက်တွေ မရှိပါဘူး။
▪️ AI နဲ့ဆိုရင် ဆရာဝန်တွေက အလိုအလျောက်ပြလာမယ့် အရိပ်အယောင်ကိုသာ စောင့်မျှော်နေကြပါတယ်။
Source: NPR
#World_Health
Published 09 September 2025
▪️ သစ်သီးဝလံအားလုံးဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အမျှင်ဓာတ်များ၊ လိုအပ်တဲ့ ဗိုက်တာမင်ဓာတ်များ ပါဝင်တယ်လို့ သိထားကြပါတယ်။
▪️ ဒါပေမဲ့ ဂလူးကို့စ်မြင့်တက်စေတဲ့ အချို့သော အသီးတွေကတော့ ဆီးချိုသမားတွေ၊ ဆီးချိုဖြစ်နိုင်ခြေရှိသူတွေအတွက် အန္တရာယ်ပိုများစေနိုင်ပါတယ်။
▪️ ဒီအတွက် Benefic Nutrition စီအီးအို ဒေါက်တာ ယာရှာဝမ့်ကူမာက ရှောင်ရှားရမယ့် သစ်သီးတွေကို ဖော်ပြထားပါတယ်။
▪️ (၁) သရက်သီး
သရက်သီးတွေဟာ သဘာဝသကြားဓာတ်တွေဖြစ်တဲ့ ဂလူးကို့စ်နဲ့ ဖရပ်တို့စ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး သရက်သီးတစ်လုံးမှာ သကြား ၄၀ မှ ၄၅ ဂရမ် ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို ချက်ချင်းမြင့်တက်စေနိုင်ပါတယ်။
▪️ (၂) ငှက်ပျောသီးမှည့်
ငှက်ပျောသီးဟာ မှည့်သွားရင် ကစီဓာတ်တွေက သကြားအဖြစ် ပြောင်းလဲသွားကာ ပိုမိုချိုမြိန်လာသလို သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်ပါတယ်။
▪️ (၃) ချီကူ
ချီကူ ၁၀၀ ဂရမ်မှာ သကြား ၂၀ ဂရမ်ပါဝင်ပြီး သူ့ချည်းပဲစားလိုက်ရင် ဂလူးကို့စ်ပမာဏ ချက်ချင်းမြင့်တက်စေနိုင်ပါတယ်။
▪️ (၄) စပျစ်သီး
စပျစ်သီး ၁၀၀ ဂရမ်မှာ သကြား ၁၆ မှ ၁၈ ဂရမ်ပါဝင်ပြီး အနည်းငယ်လောက် စားလိုက်ရင်ပင် သွေးတွင်းသကြားဓာတ် ချက်ချင်းမြင့်တက်စေကာ အမျှင်ဓာတ်နည်းတာကြောင့် ဂလူးကို့စ်မထိန်းချုပ်နိုင်ပါဘူး။
▪️ (၅) နာနတ်သီး
နာနတ်သီးတစ်လုံးမှာ သကြားဓာတ် မြင့်မားစွာပါဝင်ပြီး စားပြီးတဲ့အခါ သကြားဓာတ် ရုတ်တရက်မြင့်တက်စေနိုင်သလို အများကြီးစားမိရင် ခန္ဓာကိုယ်က သကြားဓာတ်စုပ်ယူခြင်းကို ထိန်းဖို့မလွယ်ကူတော့ပါဘူး။
Source: Indian Express
၈ စက်တင်ဘာ ၂၀၂၅
PDF အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲ ကြီးအလွန် အားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသောဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကိုမျှော်မှန်းပြီး ဥပဒေဘောင် အတွင် းပြန်လည်ဝင်ရောက်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ယနေ့ စက်တင်ဘာ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်၍ ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။
ဖိတ်ခေါ်ချက်အပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြပေးအပ်ပါတယ်။
ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်
PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေ ခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်နိုင် ရေး ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်အရ နိုင်ငံတော်၏စေတနာအမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သော PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အဖွဲ့ဝင် များအား မိဘများထံအပ်နှံပြီးဖြစ်သည်။
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည် မဲစာရင်းမှားယွင်းမှုများအတွက် အောက်ပါ တို့ကိုဆောင်ရွက်ပေးရန် မေတ္တာရပ်ခံတောင်းဆိုမှုများအပေါ် ငြင်းပယ်ခဲ့ပြီးပြဿနာဖြစ်ပွားနေသည့် ရွေးကောက်ပွဲရလဒ်ဖြင့်ပင် လွှတ်တော်ခေါ်ယူရန် အတင်းအဓမ္မကြိုးပမ်းခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းမှုပင်ဖြစ်သည်-
(က) မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖြေရှင်းပေးရန်
တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်း၊
( ခ ) ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးအားခေါ်ယူ၍ ဖြေရှင်းဆောင်ရွက်
ပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ခြင်း၊
( ဂ ) နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်တို့က နည်းလမ်းရှာဆောင်ရွက်ပေးရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့ခြင်း၊
(ဃ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ တွေ့ဆုံ
ဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိခြင်း။
ထိုသို့လုပ်ဆောင်မှုများသည် မဲမသမာမှုများရှိခဲ့၍သာ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းမရှိသည်ကို ပေါ်လွင်စေခဲ့သည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းမှုတွင်ထိုစဉ်က နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်ပတ်သက်မှုရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်ထား သည့် တာဝန်အရမဟုတ်သည့် ပုဂ္ဂလိကပြစ်မှုကျူးလွန်မှုများရှိခဲ့၍ အရေးယူခံရသည့်အချိန်လည်းဖြစ်ခဲ့ သည်။ ထိုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသမ္မတက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။
တပ်မတော်အနေဖြင့် မဲမသမာမှုများကို စိစစ်ဖော်ထုတ်၍ လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကိုဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ခဲ့သည်ကို ပြည်တွင်းပြည်ပက အထင်အမြင်လွဲမှားအောင် တပ်မတော်က ဒီမိုကရေစီကို နောက်ပြန်ဆွဲသယောင် ဝါဒမှိုင်းတိုက်ကာ၎င်းတို့သာ ရွေးကောက်ခံ အစိုးရအဖြစ်ပုံဖော်လျက် CRPH, NUG တို့ကို တရားမဝင်ဖွဲ့စည်းခဲ့ကြပြီးပြည်သူလူထုနှင့် လူငယ် လူရွယ်များကို လွဲမှားသည့် မျှော်လင့်ချက်များပေးကာ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ ခဲ့သည်။ . CRPH, NUG တို့သည် PDF အမည်ခံအဖွဲ့များကိုဖွဲ့စည်းကာ လက်နက်၊ခဲယမ်းရရှိရေးအတွက် အချို့ သော EAO များ လက်အောက်သို့ သွတ်သွင်းခဲ့ပြီး အချို့ သော EAO များ၏ အကြမ်းဖက် လုပ်ရပ် များလုပ်ဆောင်ခြင်း၊ နယ်မြေကျူးကျော်ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးပြုစေကာ PDF တို့၏ ဘဝများကို စတေးခဲ့သည်။
ယခုအခါ နိုင်ငံတော်အစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် အချို့ သော အကြမ်းဖက် EAO တို့သည် ရပ်တည်ရန် ခက်ခဲလာကြပြီး PDF အမည်ခံတို့သည်လည်း ပိုမို အတိဒုက္ခရောက်လာကြရသည်။ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ် သည်ကို အမှန်အတိုင်းရှုမြင်ကြရန် အချိန်တန်ပြီဖြစ်သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများအပြင် PDF များသည်ပင် လိုလားကြပြီးရည်မှန်းချက်ချင်း တူညီကြ သည်။ ဒီမိုကရေစီမျက်နှာဖုံးတပ်ပြီး နိုင်ငံတော်အာဏာကိုမက်မောကြသည့် CRPH, NUG တို့၏ လိုလား ချက်မှာ ၎င်းတို့သာရွေးကောက်ခံအစိုးရဆိုသည့်ရပ်တည်မှု မပျောက်ဆုံးရေးအတွက်အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်နေခြင်းဖြစ်သည်။ ၎င်းတို့၏နှောင့်ယှက်မှုများကြောင့်သာဒီမိုကရေစီ ခရီးလမ်းနှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်သည်။
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲကြီးအလွန် အားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသောဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကိုမျှော်မှန်းကာ နိုင်ငံတော် အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန် ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်ပါကြောင်း ထပ်မံ ဖိတ်ခေါ်အပ်ပါသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့
Page 292 of 2056