#World_Health
Published 09 September 2025
▪️ သစ်သီးဝလံအားလုံးဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အမျှင်ဓာတ်များ၊ လိုအပ်တဲ့ ဗိုက်တာမင်ဓာတ်များ ပါဝင်တယ်လို့ သိထားကြပါတယ်။
▪️ ဒါပေမဲ့ ဂလူးကို့စ်မြင့်တက်စေတဲ့ အချို့သော အသီးတွေကတော့ ဆီးချိုသမားတွေ၊ ဆီးချိုဖြစ်နိုင်ခြေရှိသူတွေအတွက် အန္တရာယ်ပိုများစေနိုင်ပါတယ်။
▪️ ဒီအတွက် Benefic Nutrition စီအီးအို ဒေါက်တာ ယာရှာဝမ့်ကူမာက ရှောင်ရှားရမယ့် သစ်သီးတွေကို ဖော်ပြထားပါတယ်။
▪️ (၁) သရက်သီး
သရက်သီးတွေဟာ သဘာဝသကြားဓာတ်တွေဖြစ်တဲ့ ဂလူးကို့စ်နဲ့ ဖရပ်တို့စ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး သရက်သီးတစ်လုံးမှာ သကြား ၄၀ မှ ၄၅ ဂရမ် ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို ချက်ချင်းမြင့်တက်စေနိုင်ပါတယ်။
▪️ (၂) ငှက်ပျောသီးမှည့်
ငှက်ပျောသီးဟာ မှည့်သွားရင် ကစီဓာတ်တွေက သကြားအဖြစ် ပြောင်းလဲသွားကာ ပိုမိုချိုမြိန်လာသလို သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်ပါတယ်။
▪️ (၃) ချီကူ
ချီကူ ၁၀၀ ဂရမ်မှာ သကြား ၂၀ ဂရမ်ပါဝင်ပြီး သူ့ချည်းပဲစားလိုက်ရင် ဂလူးကို့စ်ပမာဏ ချက်ချင်းမြင့်တက်စေနိုင်ပါတယ်။
▪️ (၄) စပျစ်သီး
စပျစ်သီး ၁၀၀ ဂရမ်မှာ သကြား ၁၆ မှ ၁၈ ဂရမ်ပါဝင်ပြီး အနည်းငယ်လောက် စားလိုက်ရင်ပင် သွေးတွင်းသကြားဓာတ် ချက်ချင်းမြင့်တက်စေကာ အမျှင်ဓာတ်နည်းတာကြောင့် ဂလူးကို့စ်မထိန်းချုပ်နိုင်ပါဘူး။
▪️ (၅) နာနတ်သီး
နာနတ်သီးတစ်လုံးမှာ သကြားဓာတ် မြင့်မားစွာပါဝင်ပြီး စားပြီးတဲ့အခါ သကြားဓာတ် ရုတ်တရက်မြင့်တက်စေနိုင်သလို အများကြီးစားမိရင် ခန္ဓာကိုယ်က သကြားဓာတ်စုပ်ယူခြင်းကို ထိန်းဖို့မလွယ်ကူတော့ပါဘူး။
Source: Indian Express