#Local_News
Published 08 September 2025
▪️ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အဆိုပါ Sky Villa အဆောက်အအုံအား မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့ ဆောင်ရွက်ရာတွင် စက်တင်ဘာ ၈ ရက်နေ့တွင် အဆောင် (A)၊ မြေညီထပ်မှ မနက်၁၁ အချိန်၌ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်းသိရသည်။
▪️ ထို့ကြောင့် မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times