#World_News▪️ ကူမင်းမြို့၊ စက်တင်ဘာလ ၈ ရက်(ရှင်ဟွာ) - တရုတ်နှင့် နိုင်ငံတကာမှ ဧည့်သည်များသည် တောင်ကမ္ဘာအတွင်း AI ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးရန်အတွက် ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် စုဝေးခဲ့ကြသည်။
▪️ AI သည် စက်မှုလုပ်ငန်းကဏ္ဍအမျိုးမျိုးနှင့် လျင်မြန်စွာပေါင်းစည်းလျက်ရှိပြီး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအသစ်များကိုလည်း ထုတ်လုပ်ပေးနေသည်။
▪️ "AI သည် စက်မှုလုပ်ငန်း မျက်နှာစာများကို အလျင်အမြန် ပြန်လည်ပုံဖော်နေပြီး၊ ၀န်ဆောင်မှုလုပ်ငန်း စွမ်းဆောင်ရည်များကို မြှင့်တင်ကာ အရင်းအမြစ်ခွဲဝေသုံးစွဲမှုကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနေပါတယ်။
▪️ AI ကို တာဝန်ယူမှုရှိရှိ အသုံးပြုခြင်းဖြင့် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ပြီး ဒီဂျစ်တယ်ကွာဟမှုကို လျှော့ချကာ ပညာရပ်နှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ တောင်-တောင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်" ဟု ဆီယာ ရာလီယွန်နိုင်ငံ စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျွိုနသန်တိုင်တပ်စ်ဝီလျံ ကပြောသည်။
▪️ "AI နှင့် မီဒီယာပေါင်းစည်းမှုသည် မလွဲမသွေဖြစ်လာရမည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး AI သည် သတင်းမီဒီယာနှင့် ဇာတ်ကြောင်းပြောခြင်းအတတ်ပညာများကို ပြန်လည်ပုံဖော်နေပြီဖြစ်ပါတယ်။
▪️ ဒါပေမယ့်တောင်ကမ္ဘာမှာရှိတဲ့ သတင်းအဖွဲ့အစည်းများစွာဟာအခြေခံအဆောက်အအုံများ၊တည်ငြိမ်တဲ့ အင်တာနက်၊ လုံလောက်တဲ့ ကွန်ပျူတာတွက်ချက်မှုစွမ်းအား၊ လုံခြုံသော Cloud ဝန်ဆောင်မှုများ ချို့တဲ့နေဆဲဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ Narrative Think Tank ၏ ဥက္ကဋ္ဌ ဦးကိုကို ကပြောသည်။
▪️ ၎င်းက ဤပြဿနာအတွက် ဖြေရှင်းချက်မှာ တောင်-တောင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင်လုပ်ရန်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးကြောင်း၊ တရုတ်ကုမ္ပဏီများသည် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများနှင့် AI စောင့်ကြည့်ရေးစနစ်များကို အဓိကပံ့ပိုးဆောင်ရွက်နေသူများသာမကဘဲ ဘာသာစကားနည်းပညာနှင့် ပြည်တွင်းဒေတာအရင်းအမြစ်များ ချဲ့ထွင်ရာတွင်လည်း အလားအလာရှိသော မိတ်ဖက်များဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသည်။
▪️ "မကြာသေးမီနှစ်များအတွင်း တောင်ကမ္ဘာသည် ကမ္ဘာလုံးဆိုင်ရာစစီးကြောင်းအတွင်း စုပေါင်းတက်ကြွမှု ကို ရရှိခဲ့ပါတယ်။
▪️ ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံနှင့် တောင်ကမ္ဘာ၏ သဘာဝအလျောက် အဖွဲ့ဝင်တစ်ဦး အနေဖြင့် တရုတ်နိုင်ငံသည် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ၊ အစီအစဉ်များနှင့် လုပ်ဆောင်ချက်များမှတစ်ဆင့် တောင်ကမ္ဘာ၏ အကျိုးစီးပွားကို မြှင့်တင်ပေးလျက်ရှိပြီး အားလုံးပါဝင်သည့် စီးပွားရေးကမ္ဘာလုံးဆိုင်ရာမူဝါဒကို ထောက်ခံကာ၊ အမြဲတမ်း ပွင့်လင်းမှုကို ပြသနေပြီး တက်ကြွသောလုပ်ဆောင်ချက်များဖြင့် တောင်ကမ္ဘာသို့ ကြီးထွားမှုစွမ်းအား ယူဆောင်လာပေးနေပါတယ်" ဟု စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ၀န်ကြီးဌာန၊ အမျိုးသား AI စံသတ်မှတ်ရေး အထွေထွေအုပ်စု ကျွမ်းကျင်ပညာရှင်ကော်မတီ၀င်၊ ရှန်ဟိုင်း AI စက်မှုလုပ်ငန်း သုတေသနတက္ကသိုလ်ဌာနမှူး ကျူကျိုယင် Zhu Zhaoying က ပြောသည်။
▪️ ၎င်းက နည်းပညာပူးပေါင်းသုတေသနပြုခြင်း၊ ဒေတာမျှဝေခြင်းနှင့် စွမ်းရည်များအတူတကွ တည်ဆောက်ခြင်းစသည့် လုပ်ဆောင်ချက်များမှတစ်ဆင့် တောင်ကမ္ဘာသည် ဘာသာစကားစုံ မော်ဒယ်များနှင့် ကုန်ကျစရိတ်သက်သာသော ကွန်ပျူတာတွက်ချက်မှုစွမ်းအား စသည့် သော့ချက်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်ပြီး AI ၏ အမှီအခိုကင်းသည့် ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ကို မြှင့်တင်နိုင်ကြောင်း ယုံကြည်ကြောင်းလည်းပြောသည်။
▪️ ဖိုရမ်အတွင်း ဆင်ဟွာသတင်းဌာနက AIGC-Safe ဟုခေါ်သော ကျယ်ပြန့်ပြည့်စုံသော အကြောင်းအရာများနှင့် ပုံစံများလုံခြုံရေးဆိုင်ရာ စုပေါင်းဝန်ဆောင်မှုပလက်ဖောင်း "ကြီးမားသော ပုံစံ လုံခြုံမှု စောင့်ကြပ်ရေး " "Large Model Security Guard" ကို စတင်မိတ်ဆက်ခဲ့သည်။
▪️ ဤပလက်ဖောင်းသည် ဒီဂျစ်တယ်ပြောင်းလဲမှုအတွက် ခိုင်မာသော အုတ်မြစ်ကို ပံ့ပိုးပေးနိင်ရေးအတွက် AI ဖြင့် AI ကို ကာကွယ်ခြင်း၊ ကြီးမားသော မိုဒယ်လ်များဖြင့် ကြီးမားသော မိုဒယ်လ်များကို တိုက်ခိုက်ခြင်း" ဟူသော အတွေးအမြင်ကို လက်ကိုင်ထားပြီး နည်းပညာဆန်းသစ်တီထွင်မှုကို ဆက်လက်အားကောင်းစေကာ အသုံးချနယ်ပယ်များ ချဲ့ထွင်ပေးမည်ဖြစ်သည်။
▪️ ၂၀၂၅ ကမ္ဘာ့တောင်ပိုင်း မီဒီယာနှင့် ပညာရှင်အဖွဲ့များ အဆင့်မြင့်ဖိုရမ်ကို စက်တင်ဘာလ ၅ ရက်မှ ၉ ရက် အထိ ယူနန်ပြည်နယ်တွင် ကျင်းပခဲ့ပြီး ရှင်ဟွာသတင်းဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့က ပူးပေါင်းအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။
ရင်းမြစ်အကိုးအကား - xinhuanet.com