#World_News
Published 08 September 2025
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အမေရိကန် ဂျော်ဂျီယာမှာ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတဲ့ ကိုရီးယားလုပ်သားတွေကို တောင်ကိုရီးယားက ပြန်ခေါ်ဖို့ လုပ်ဆောင်နေတယ်လို့ ကိုရီးယားသမ္မတရုံးအရာရှိက ပြောသွားပါတယ်။
▪️ ထရမ့်အစိုးရအဖွဲ့ကတော့ စီးပွားရေးလုပ်ငန်းတွေကို ထပ်မံဝင်ရောက်စစ်ဆေး ဖမ်းဆီးသွားဦးမယ်လို့ အသေအချာပြောထားပါတယ်။
▪️ ထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယားလုပ်သား ၃၀၀ ခန့်ကို လွှတ်ပေးဖို့ ညှိနှိုင်းမှုတွေ အဆုံးသတ်ပြီဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
▪️ နှစ်နိုင်ငံ လုပ်ငန်းစဉ်များ ပြီးဆုံးတာနဲ့ စီးလုံးငှားလေယာဉ်ဖြင့် ပြန်ခေါ်သွားမယ်လို့ ဖော်ပြထားပါတယ်။
▪️ ဝါရှင်တန်ရှိ တောင်ကိုရီးယား ကောင်စစ်ဝန်ချုပ် ချိုကီဂျောင်က ဗုဒ္ဓဟူးနေ့မှာ လေယာဉ်ပေါ် တင်ဆောင်သွားဖွယ်ရှိကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြထားပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူဝင်မှုကြီးကြပ်ရေးပေါ်လစီများ တင်းကြပ်သွားမယ်လို့ ဆိုထားကာ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမ္ပဏီများအနေနဲ့ လူဝင်မှုဥပဒေများကို လေးစားလိုက်နာကြဖို့ တောင်းဆိုထားပါတယ်။
▪️ ထရမ့်က လူဝင်မှုကိစ္စကို အစိုးရအဓိကထောက်တိုင်တစ်ရပ်အဖြစ် လုပ်ဆောင်နေပြီး နေရပ်ပြန်ပို့မှုအများအပြား ပြုလုပ်ထားပါတယ်။
Source: Reuters.