#World_Health
Published 08 September 2025
▪️ ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမော သောက်သုံးတာဟာ မွေးလာတဲ့ကလေးမှာ အော်တစ်ဇင်၊ ADHD အပါအဝင် အာရုံကြောဖွံ့ဖြိုးမှုချို့ယွင်းမှုများ ဖြစ်နိုင်ခြေများစေပါတယ်။
▪️ အမေရိကန်မှ သုတေသီတွေက နိုင်ငံအသီးသီးမှ လူပေါင်းတစ်သိန်းကျော်ဖြင့် စမ်းသပ်လေ့လာခဲ့ကြပါတယ်။
▪️ ထိုအခါမှာ ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမော ထိတွေ့ခြင်းနဲ့ အော်တစ်ဇင်၊ ADHD တို့ဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှုရှိနေတာကို တွေ့ရကြောင်း အစ်ခန်ဆေးတက္ကသိုလ်မှ ကျန်းမာရေးသိပ္ပံ တွဲဖက်ပရော်ဖက်ဆာ ဒစ်ဒီယာပရာဒါက ပြောပါတယ်။
▪️ ပါရာစီတမောနဲ့ အဆိုပါချို့ယွင်းမှုများကြား ဆက်နွယ်နိုင်မှုကို ရှင်းပြထားပါတယ်။
▪️ ပါရာစီတမောက အချင်းအပိုင်းအခြားကို ဖြတ်သန်းကာ ဓာတ်တိုးဖိစီးခြင်း၊ ဟော်မုန်းထိခိုက်ခြင်း၊ မျိုးဗီဇထူးခြားလက္ခဏာများ ဖြစ်လာစေနိုင်တယ်လို့ သုတေသီများ ရှင်းပြထားပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ အော်တစ်ဇင်နဲ့ ADHD အဖြစ်များလာသဖြင့် ယခုလို လေ့လာတွေ့ရှိချက်က အများပြည်သူကျန်းမာရေးအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
▪️ ဒီတွေ့ရှိချက်များအရ ပါရာစီတမောဟာ ကလေးတွေမှာ အာရုံကြောဖွံ့ဖြိုးမှုချို့ယွင်းခြင်း ဖြစ်စေတာကို မပြထားဘဲ ဆက်စပ်မှုကိုသာ ဖော်ပြတာ ဖြစ်ပါတယ်။
▪️ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ပါရာစီတမော သုံးရမယ်ဆိုရင် ပညာရှင်များကြပ်မတ်မှုဖြင့်သာ သုံးစွဲရန်နဲ့ တွေ့ရှိချက်များ အတည်ပြုနိုင်ရန် နောက်ထပ်လေ့လာချက်များ ပြုလုပ်ဖို့ တောင်းဆိုနေကြပါတယ်။
Source: Indian Express.