#World_Health
Published 08 September 2025
▪️ ခေါင်းကိုက်ခြင်းနဲ့ မျက်လုံးပြဿနာ ဆက်စပ်နေပုံကို လူတွေသတိမထားမိကြပါဘူး။
▪️ မျက်စိညောင်းကိုက်ရာကနေ အမြင်အာရုံပြဿနာ၊ မျက်လုံးတိမ်တို့ ဖြစ်နိုင်သလို ဦးခေါင်းမှာလည်း နာကျင်ကိုက်ခဲစေနိုင်ပါတယ်။
▪️ ခေါင်းကိုက်ခြင်းနဲ့ မျက်လုံးဆက်စပ်နေရတဲ့ အဓိကအကြောင်းအရင်းက အလင်းယိုင်ခြင်းအမှားအယွင်းဖြစ်ပါတယ်။
▪️ ဒီဂျစ်တယ်ပစ္စည်း ဖန်သားပြင်တွေ အကြည့်များလာခြင်းက မျက်လုံးကို သိသိသာသာ ဒဏ်ဖြစ်လာစေတယ်လို့ NIO Super Specialty ဆေးရုံမှ ဒေါက်တာ အဒီယာကယ်ကာက ပြောပါတယ်။
▪️ WHO ဖော်ပြချက်အရ ကမ္ဘာပေါ်မှာ အနည်းဆုံး လူ ၂.၂ ဘီလီယံလောက်ကာ အမြင်အာရုံချို့ယွင်းနေကြကာ ဒီထဲက တဝက်နီးပါးလောက်က ကာကွယ်လို့ရတဲ့ အခြေအနေ၊ မကုသတဲ့ အခြေအနေတွေဖြစ်ကြပါတယ်။
▪️ ကွန်ပျူတာနဲ့ ဒီဂျစ်တယ်ပစ္စည်းအသုံးပြုသူ ၆၀ ရာခိုင်နှုန်းကျော်လောက်ဟာ မျက်လုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ပုံမှန်ခံစားရတယ်လို့ စစ်တမ်းရရှိထားပါတယ်။
▪️ မျက်လုံးဆက်စပ် ခေါင်းကိုက်ဝေဒနာက မျက်မှန်တပ်လိုက်ရင်၊ ဖုန်း ကွန်ပျူတာကြည့်ချိန် လျှော့လိုက်ရင် သက်သာသွားတတ်ပါတယ်။
▪️ ကွန်ပျူတာသုံးခြင်း၊ စာအုပ်ဖတ်ခြင်း၊ ကားမောင်းခြင်းတို့ကို ကြာကြာလုပ်ရင် ပိုဆိုးလာတတ်ပြီး မျက်လုံးတဝိုက် အောင့်လာတတ်ပါတယ်။
▪️ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ ရုတ်တရက် မမြင်ခြင်းတို့ဆိုရင် ချက်ချင်းဆေးကုသမှု ခံယူဖို့လိုပါတယ်။
▪️ ပုံမှန်မျက်စိစစ်ဆေးခြင်းဖြင့် ခေါင်းကိုက်ခြင်းနဲ့ အမြင်အာရုံချို့ယွင်းခြင်းတို့မှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: India Today.