#World_Science
Published 09 September 2025
▪️ AI အသုံးပြုပြီး ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေကို စစ်ဆေးကြည့်ရှုတဲ့နေရာမှာ ဆရာဝန်တွေရဲ့ကဏ္ဍ လျော့နည်းလာမှာ စိုးရိမ်နေရတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ဒါနဲ့ပတ်သက်ပြီး ပညာရှင်တွေ ဖော်ပြထားတာ ရှိပါတယ်။
▪️ - အစီအစဉ်တင်ဆက်သူ မယ်ရီလူးဝစ်ကယ်လီ
AI အယ်ဂိုရစ်သမ်တွေက ရောဂါစစ်ဆေးရှာဖွေရေးတွေမှာ အကူအညီဖြစ်စေပေမယ့် ဆရာဝန်တွေ AI ကို မှီခိုလွန်းအားကြီးလာမှာကို စိုးရိမ်ရပါတယ်။
▪️ - NPR သိပ္ပံကဏ္ဍအယ်ဒီတာ ဘရမ်ဖီယယ် AI က ဆေးပညာလောကထဲ လျင်မြန်စွာ ဝင်ရောက်လာကာ ဆရာဝန်တွေအနေနဲ့ အမီလိုက်နေရပါတယ်။
▪️ ပိုလန်မှ ဆေးရုံဆေးခန်း အတော်များများဟာ အူမကြီးပြွန်ထည့်ခွဲစိတ်ရာမှာ AI စနစ်ဖြင့် အနာတွေရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။
▪️ ဒါပေမဲ့ AI ကို အသုံးမပြုတဲ့အခါမှာ ဆရာဝန်တွေအနေနဲ့ အနာတွေရှာဖွေရာမှာ အခြေအနေပိုဆိုးလာတာ တွေ့ရပါတယ်။
▪️ - အစာအိမ်အူလမ်းကြောင်းအထူးကု မာဆင်ရိုမန်ရှစ်
ကျွန်တော်တို့ ဆရာဝန်တွေဟာ စာအုပ်တွေ ဆရာတွေဆီကနေ ဆေးပညာသင်ယူခဲ့ရပြီး AI အသုံးပြုပုံတော့ မသင်ခဲ့ရပါဘူး။
▪️ AI စနစ်တွေရှိပေမယ့် တကယ်အသုံးဝင်မယ့် အချက်အလက်တွေ မရှိပါဘူး။
▪️ AI နဲ့ဆိုရင် ဆရာဝန်တွေက အလိုအလျောက်ပြလာမယ့် အရိပ်အယောင်ကိုသာ စောင့်မျှော်နေကြပါတယ်။
Source: NPR