#World_News
Published 09 September 2025
▪️ ခင်ပွန်းဖြစ်သူရဲ့ ဆွေမျိုး ၄ ယောက်ကို အဆိပ်သင့်မှိုတွေနဲ့ အဆိပ်ခတ်ခဲ့တဲ့ သုံးလောင်းပြိုင် လူသတ်တရားခံ အယ်ရင်ပက်တာဆန်ကို ၃၃ နှစ်တာ လွတ်ငြိမ်းခွင့်မရှိဖြင့် ဩစတြေးလျ တရားသူကြီးတစ်ဦးက တသက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
▪️ ပက်တာဆန်ရဲ့ အမှုတွေထဲမှာ ယုံကြည်မှုအလွဲသုံးစားလုပ်ခြင်း ပါဝင်ကြောင်း တရားသူကြီး ခရစ္စတိုဖာဘီးလ်က ဗစ်တိုးရီးယားပြည်နယ် တရားရုံးချုပ်ကို ပြောပါတယ်။
▪️ ဒွန်ပက်တာဆန်၊ ဂေးလ်ပက်တာဆန်၊ ဂေးလ်ရဲ့ညီမ ဟယ်သာဝီလ်ကင်ဆန်တို့ကို အဆိပ်သင့်မှိုပါဝင်တဲ့ အမဲသား Wellington အစာသွတ်မုန့်တွေနဲ့ နေ့လယ်စာကျွေးပြီး လူသတ်ခဲ့မှုဖြင့် ဇူလိုင်လက အမှုစွဲခဲ့ပါတယ်။
▪️ ဆေးရုံတက်နေခဲ့ရတဲ့ ဟယ်သာရဲ့ ခင်ပွန်းဖြစ်သူကိုလည်း သတ်ရန်ကြိုးပမ်းခဲ့မှုဖြင့် စွပ်စွဲခံခဲ့ရပါတယ်။
▪️ ပက်တာဆန်နဲ့ ခပ်တန်းတန်းဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူ ဆိုင်မွန်ကို ၂၀၂၃ ဇူလိုင်က နေ့လယ်စာစားဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မလာခဲ့ဘူးလို့ သိရပါတယ်။
▪️ တရားသူကြီးဘီးလ်က "ထိခိုက်နစ်နာသူတွေဟာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဆွေမျိုးတော်စပ်ကြပါတယ်။ သူတို့ဟာ သင်နဲ့ သင့်ကလေးတွေအပေါ် ကောင်းစွာဆက်ဆံကြတယ်" လို့ ပြောသွားပါတယ်။
▪️ အသက် ၅၀ အရွယ်တရားခံကို လူ ၃ ဦး သတ်ဖြတ်မှု၊ တစ်ဦးအား ကြံစည်ကြိုးပမ်းမှုတို့ဖြင့် တသက်တစ်ကျွန်းချမှတ်ရန် ရှေ့နေတွေ သဘောတူခဲ့ကြပါတယ်။
▪️ ပက်တာဆန်ရဲ့ ခင်ပွန်းဖြစ်သူလည်း နေ့လယ်စာလာစားခဲ့ရင် သူ့ကိုလည်း သတ်ဖို့ကြံရွယ်ထားကြောင်း ဘီးလ်ကပြောပါတယ်။
▪️ ဒီအမှုကြောင့် ဗစ်တိုးရီးယားပြည်နယ်ကို စိတ်ဝင်စားမှု များလာကြပြီး အမှုကြားနာချက်ကို ရုပ်သံကနေ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။
Source: NPR