#World_Science
Published 13 September 2025
▪️ ငါးသတ္တဝါတွေဟာ အသံမထွက်ကြဘဲ စက်ရုပ်လိုမျိုး အလွန်ရိုးရှင်းတဲ့စိတ်သာ ရှိတယ်လို့ ထင်ထားကြကြောင်း ဘရာဇီးလ် တောင်နှင့်အရှေံတောင်ပါရာ ဖက်ဒရယ်တက္ကသိုလ်မှ အာရုံကြောသိပ္ပံပညာရှင် ကိုင်ရိုမက်ဆီမီနိုက ပြောပါတယ်။
▪️ ဒါပေမဲ့ သူကတော့ ဒီသတ္တဝါတွေမှာ အတွင်းစိတ်ကနေ အပြုအမူများစွာ ပြုလုပ်နိုင်တယ်လို့ ယူဆလာပါတယ်။
▪️ ယခင်သုတေသနမှာ ငါးတွေ ကြောက်ရွံ့ခြင်း၊ နေရခက်ခြင်းတို့ကနေ မကောင်းတဲ့ခံစားမှုတွေအပေါ် လေ့လာခဲ့ကြတယ်လို့ ပေါ်တူဂီ ပေါ်တိုတက္ကသိုလ်မှ အပြုအမူဇီဝကမ္မပညာရှင် မာတာဆောရက်စ်က ဆိုပါတယ်။
▪️ ငါးတွေဟာ သာယာမှုကို ခံစားတတ်ပြီး ရှာဖွေတတ်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
▪️ သုတေသီတွေက သန္တာကျောက်တန်း ငါးမျိုးစိတ် ၂ မျိုးကို စမ်းသပ်ရာမှာ တစ်ကောင်က အခြားတစ်ကောင်ပေါ်က သွေးစုပ်ကပ်ပါးကောင်များကို စားပစ်ကာ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ပုံစံ မြင်တွေ့ရပါတယ်။
▪️ ဒီလိုမျိုး သန့်ရှင်းပေးစဉ်မှာ သူတို့ရဲ့ ဖိစီးမှုဟော်မုန်းကော်တီဆောက ကျဆင်းသွားပြီး သာယာတဲ့ခံစားမှုမျိုး ဖြစ်လာပါတယ်။
▪️ သန့်ရှင်းပေးဖို့ ခက်ခဲရင်တောင်မှ ကျေနပ်မှုဟော်မုန်း ဒိုပါမင်းကြောင့် ကူညီသန့်ရှင်းပေးလိုစိတ် ဆက်ရှိနေပါတယ်။
▪️ ဒီလေ့လာချက်ကနေ ငါးအပါအဝင် တိရိစ္ဆာန်တွေရဲ့ သာယာမှုတွေ၊ စိတ်ခံစားချက်တွေရဲ့ အရေးပါပုံကို ဖော်ပြနေပါတယ်။
Source: NPR.
၁၂ စက်တင်ဘာ ၂၀၂၅
အသက် ၂၂ နှစ်အရွယ် တေလာ ရော်ဘင်ဆင် (Tyler Robinson) ကို အမေရိကန် ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီ ကတ်ခ် (Charlie Kirk)အား သေနတ်ဖြင့် ပစ်သတ်သည်ဟု သံသယရှိသူအဖြစ် ဖော်ထုတ်ဖမ်းဆီးမိခဲ့သည်။
ရော်ဘင်ဆင်သည် ဒေသခံတစ်ဦးဖြစ်ပြီး တက္ကသိုလ်ကျောင်းသားမဟုတ်ပါ
◾️ချာလီ ကတ်ခ်အကြောင်း
ကွန်ဆာဗေးတစ် မီဒီယာပုဂ္ဂိုလ်နှင့် သမ္မတ ဒေါ်နယ်လ် ထရန့်မ်၏ မဟာမိတ်ဖြစ်သူ ကတ်ခ် (အသက် ၃၁ နှစ်) သည် ယူတား ဗယ်လီ တက္ကသိုလ် (Utah Valley University) တွင် လူ ၃,၀၀၀ ခန့်ရှေ့၌ မိန့်ခွန်းပြောနေစဉ် ဗုဒ္ဓဟူးနေ့တွင် လည်ပင်းကို သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး မကြာမီ သေဆုံးခဲ့သည်။
◾️သံသယရှိသူအား ဖမ်းဆီးရမိခြင်း
နှစ်ရက်ကြာ ဖက်ဒရယ်ရှာဖွေမှုအပြီးတွင် ရော်ဘင်ဆင်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ရော်ဘင်ဆင်၏ မိသားစုဝင်တစ်ဦးက သူငယ်ချင်းတစ်ဦးကို ဆက်သွယ်ခဲ့ပြီး ထိုသူငယ်ချင်းက အာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးသူများသည် စောင့်ကြည့်ကင်မရာ မှတ်တမ်းများမှ ရော်ဘင်ဆင်ကို ဖော်ထုတ်ခဲ့ပြီး မိသားစုဝင်များက သူသည် Dodge Challenger ကားကို မောင်းကြောင်း အတည်ပြုခဲ့သည် ။ သူ၏အခန်းဖော်ကလည်း ရိုင်ဖယ်သေနတ်အကြောင်းပြောထားသည့် Discord မက်ဆေ့ချ်များကို မျှဝေခဲ့သည် ။
◾️ဒေါ်နယ်လ် ထရန့်မ်၏ မှတ်ချက်များ:
သမ္မတ ထရန့်မ်ကိုယ်တိုင်က သံသယရှိသူကို ဖမ်းဆီးမိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။ ကတ်ခ်ကို သတ်ခဲ့သူအား သေဒဏ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး ကတ်ခ်ကို "အကောင်း ဆုံးပုဂ္ဂိုလ်"၊ "တော်တဲ့သူ"၊ "သားတစ်ယောက်လို" ဟု ချီးကျူးခဲ့သည်။
◾️တွေ့ရှိရသော သက်သေအထောက်အထားများ
ရာဇဝတ်သားသည် တက္ကသိုလ်ခေါင်မိုးပေါ်မှ ထွက်ပြေးပြီး ကားပါကင်ဘက်သို့ ဆင်းကာ အနီးနားရှိ သစ်တောထဲသို့ ဝင်ရောက်ခဲ့ကြောင်း စောင့်ကြည့်ကင်မရာ မှတ်တမ်းများအရ သိရသည်။
သစ်တောထဲမှ အသုံးပြုသည်ဟု ယူဆရသော "အားအကောင်းဆုံး၊ bolt-action ရိုင်ဖယ်သေနတ်" (Mauser .30-06 bolt-action rifle) တစ်လက်ကို ပြန်လည်တွေ့ရှိခဲ့သည်။
ကျည်ခွံများပေါ်တွင် ထူးဆန်းသော စာတမ်းများ ရေးထိုးထားသည်ကိုလည်း တွေ့ရသည်။
◾️နောက်ဆက်တွဲအခြေအနေများ
ရော်ဘင်ဆင်ကို ယူတားခရိုင် (Utah County) ထောင်တွင် ထိန်းသိမ်းထားပြီး ပြင်းထန်သောလူသတ်မှု အပါအဝင် ကနဦးစွဲချက်များ တင်ထားသည်။
အုပ်ချုပ်ရေးမှူး ကော့ခ် (Cox) နှင့် ထရန့်မ်တို့က သေဒဏ်ပေးရန် တောင်းဆိုမည်ဟု ကတိပြုထားသည်။ ရော်ဘင်ဆင်သည် ဖက်ဒရယ်စွဲချက်များလည်း ရင်ဆိုင်ရဖွယ်ရှိသည်။
◾️ဖြစ်ရပ်၏ အကျိုးဆက်များ
ကတ်ခ်၏ သေဆုံးမှုသည် အမေရိကန်သမိုင်းတွင် အရေးကြီးသော အလှည့်အပြောင်း (watershed) တစ်ခုကို ကိုယ်စားပြုသည်ဟု အုပ်ချုပ်ရေးမှူး ကော့ခ်က ပြောကြားခဲ့သည် ။ ကတ်ခ်၏ သေဆုံးမှုကြောင့် အမေရိကန်ရှိ ကွန်ဆာဗေးတစ်များအကြား ဒေါသလှိုင်းများ ဖြစ်ပေါ်လာခဲ့ပြီး တချို့ ထရန့်မ်ကို ထောက်ခံသူများက ၎င်းသည် လက်ဝဲယိမ်းနိုင်ငံရေး၏ ရန်လိုမှု၏ အထွတ်အထိပ်ဖြစ်သည်ဟု စွပ်စွဲခဲ့သည် ။
Source: News wires
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ကမ္ဘာတဝှမ်းနိုင်ငံများ ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကိုဖြေရှင်းရာမှာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများကြား စည်းလုံးညီညွတ်မှုရှိကြောင်း အလေးထားပြောသွားပါတယ်။
#World_Business
Published 12 September 2025
#မလေးရှားဝန်ကြီးချုပ် #နိုင်ငံရေးနဲ့စီးပွားရေး
#YMG #Yangon_Times #Yangon_Media_Group
ကျီနန်၊ စက်တင်ဘာ ၁၂ (ဆင်ဟွာ) — တရုတ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်ကုန်အထိ မှတ်ပုံတင်ထားသော စွမ်းအင်သစ်သုံး ဘတ်စ်ကား စုစုပေါင်း ၅၄၄,၀၀၀ ခန့်ရှိလာပြီး နိုင်ငံတစ်ဝန်း မြို့ပြဘတ်စ်ကားအားလုံး၏ ၈၂.၇ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သယ်ယူပို့ဆောင်ရေးအရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။
အရှေ့ပိုင်း ရှန်တုန်းပြည်နယ်၊ ကျီနန်မြို့တွင် ကျင်းပသည့် အစိမ်းရောင်သယ်ယူပို့ဆောင်ရေးမြှင့်တင်ရေး အခမ်းအနား၌ သယ်ယူပို့ဆောင်ရေးဒုတိယဝန်ကြီး လီယန်က အထက်ပါအတိုင်း မှတ်ချက်ပြု ခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်ကုန်အထိ မြို့ပြဘတ်စ်ကားပြေးဆွဲသည့် စုစုပေါင်းလမ်းကြောင်းအရှည်သည် ကီလိုမီတာ ၁.၇၅ သန်းအထိရှိပြီး မြို့ပြရထားလမ်း ပြေးဆွဲနိုင်သည့် စုစုပေါင်းအရှည်သည် ကီလိုမီတာ ၁၁,၀၀၀ ခန့်အထိ ရှိလာရာ ကမ္ဘာပေါ်တွင် ပထမနေရာ၌ ရပ်တည်နေကြောင်း လီယန်က ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးတွင် လူသန်း ၂၀၀ ကျော်သည် နေ့စဉ် အစိမ်းရောင်ခရီးသွားလာမှုနည်းလမ်းကို ရွေးချယ်အသုံးပြုကြကြောင်း လီယန်က ပြောကြားခဲ့သည်။ ယင်းတို့အနက် လူသန်း ၁၀၀ သည် ရထားလမ်းဖြင့် သွားလာကြပြီး လူသန်း ၁၀၀ က မြို့ပြဘတ်စ်ကားများကို အသုံးပြုကြကာ ၂၄ သန်းသောသူတို့သည် စက်ဘီးမျှဝေစီးနင်းခြင်းကို ရွေးချယ်ကြကြောင်း လီယန်က ပြောကြားခဲ့သည်။
လီယန်သည် ဒေသဆိုင်ရာအာဏာပိုင်များကို မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ ပိုမိုတိုးတက်စေရန်နှင့် အစိမ်းရောင် ခရီးသွားလာမှုအတွက် ပိုမိုသင့်လျော်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် တိုက်တွန်းခဲ့သည်။ ■
Source Xinhua
#Daily_News
Published 12 September 2025
၁။ ပြည်တွင်းအပြင် ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ (၂၀)ဝန်းကျင်ကို ဖိတ်ကြားမည်
၂။ ငါးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၁၂၉)သန်းကျော်ဝင်ရောက်ထား
၃။ မြိတ်တွင် (၂၀) မဂ္ဂါဝပ်ထုတ်လုပ်မည့် ဆိုလာစီမံကိန်းတည်ဆောက်မည်
၄။ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများစည်းလုံးညီညွတ်ရန် မလေးရှားဝန်ကြီးချုပ်တိုက်တွန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလ မှ ဩဂုတ်လကုန်အထိ ၅ လတာကာလအတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၈၅၉ သန်းရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 12 September 2025
#ငါး
#YMG/SW #Yangon_Times
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင်ဓာတ်အား (၂၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ဆိုလာစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်တည်ဆောက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 12 September 2025
#မြိတ် #ဆိုလာစီမံကိန်း
#YMG/PP #Yangon_Times
#Local_News
Published 12 September 2025
▪️ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခဲ့ သူ DJ Violet ဖမ်းဆီးခံရကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး ၎င်း DJ တီးခတ်ခဲ့သည့် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ COVER Entertainment ကလပ်ကို လည်း စက်တင်ဘာ ၁၁ ရက်တွင် ပိတ်သိမ်းအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ပြီးခဲ့သည့် ရက်ပိုင်းက DJ Violet ၏ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJဖြင့် Remix ပြုလုပ် တီးခတ်ခဲ့သည့် ရုပ်သံဖိုင်များ လူမူကွန်ရက်တွင် ပြန့်နှံလာခဲ့ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို ကလပ်၌ DJ တီးခတ်မိသည့်အတွက် DJ Violet က စက်တင်ဘာ ၁ဝ ရက်တွင် လူမှုကွန်ရက်မှတဆင့် တောင်းပန်ခဲ့ကာ စက်တင်ဘာ ၁၁ ရက်တွင်လည်း သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ထံတွင် ဝန်ချတောင်းပန်ခဲ့ကြောင်း သိရသည်။
▪️ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းသည် စတူဒီယိုခေတ်ဦးတွင် အဆိုတော် မဂျစ်က သီဆိုခဲ့သည့် သီချင်းဖြစ် ပြီး စိုးပိုင်နှင့် ပိုးအိစံတို့ ပြန်လည်သီဆိုအောင်မြင်ခဲ့သည့် သီချင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ငါးလတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၁၂၉)သန်းကျော်ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 12 September 2025
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
#YMG/NN #Yangon_Times
လာမယ့် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ပြည်တွင်းကရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေအပြင် ပြည်ပကရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ (၂၀ )ဝန်းကျင်ကိုပါ ဖိတ်ကြားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောပါတယ်။
#Local_News
Published 12 September 2025
#ပြည်ပရွေးကောက်ပွဲ #ပြည်ထောင်စုရွေးကောက်ပွဲ
#YMG/NN #Yangon_Times
#Local_News
Published 12 September 2025
▪️ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဆိုင်ရာသတင်းထုတ်ပြန်ရေးအစီအစဉ်ကို ယမာန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံ၌ ကျင်းပကြောင်းသိရသည်။
▪️ အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဆိုင်ရာသတင်းထုတ်ပြန်ရေးအစီအစဉ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဦးအောင်လွင်ဦးနှင့် ဦးမြင့်သိန်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၂) နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံးတာဝန်ရှိသူများ၊ ပြည်တွင်းမီဒီယာနှင့် ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာအဖွဲ့အစည်းများမှ သတင်းသမားများ တက်ရောက်ကြပြီးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံရေးပါတီဆိုင်ရာများ၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံး ပြုခြင်းဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ သတင်းမီဒီယာများ သတင်းရယူခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
▪️ ထို့နောက်တက်ရောက်လာကြသည့် သတင်းမီဒီယာများကသိရှိလိုသည်များကို မေးမြန်းကြရာမေးမြန်းချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိဂုံးချုပ်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
▪️ အဆိုပါအခမ်းအနားတွင် ပြည်တွင်းမီဒီယာအဖွဲ့အစည်း ၃၀ နှင့် ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာအဖွဲ့အစည်း ရှစ်ဖွဲ့တို့မှ သတင်းသမား စုစုပေါင်း ၇၈ ဦး တက်ရောက်သတင်းရယူခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
စက်တင်ဘာ ၁၂၊၂၀၂၅ (နေပြည်တော်)
▪️ KIAနှင့် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးခဲ့သည့် ဗန်းမော်မြို့ အနီးဝန်းကျင်ရှိ တပ်ဌာနချုပ် နေရာများ၊ ရပ်ကွက်၊ကျေးရွာ နှင့် စခန်းကုန်း နေရာအသီးသီး တိုအား မြန်မာ့တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
▪️ ယင်းကဲ့သို့ ထိန်းချုပ်နိုင်ခဲ့သည့် အလျောက်အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဗန်းမော်မြို့၏ အရှေ့မြောက်ဘက်နှင့် ပင်မတပ်များရှိရာ မိုးမောက်မြို့ဘက်သို့ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးလျက်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း အင်အားဖြည့်စစ်ကြောင်းများ လိုက်ပါလာသည့်တပ်မတော် ရေယာဉ် များဖြင့် ဗန်းမော်မြို့သို့ ချီတက်ခဲ့ရာတွင်လမ်းခရီးတစ်လျှောက်တွန်းသင်္ဘော ၂ စီး ပျက်စီးဆုံးရှုံးရသည်အထိ အခက်အခဲမျိုးစုံအကြမ်းဖက်သောင်းကျန်းသူတို့၏ ဖြတ်တောက်ပိတ်ဆို့မှု မျိုးစုံတို့ ကြားမှအောင်မြင်စွာရောက်ရှိ ဆိုက်ကပ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့မှစ၍စစ်ကြောင်း ၇ ကြောင်းဖြင့် စုဖွဲ့ချီတက်ခဲ့တယ်လို့သိရပါတယ်။
▪️ ဗန်းမော်မြို့အရှေ့မြောက် ဘက်ရှိ ဗန်းမော်တက္ကသိုလ်နေရာမှတဆင့် နမ့်ဖားကျေးရွာရှိစခန်းအားစစ်ကြောင်းတစ်ကြောင်းဖြင့် ချီတက်သိမ်းပိုက်ခဲ့ပြီးနောက်ယင်းစစ်ကြောင်းသည်ဗန်းမော်မြို့သို့ ဆက်လက်ဦးတည်ချီတက်ခဲ့ပါတယ်။
▪️ ဗန်းမော်မြို့ မြောက်ဘက်ရှိနောင်ခိုရပ်ကွက်၊ မင်းလှရပ်ကွက်တို့အား အခြားစစ်ကြောင်းတစ်ကြောင်းဖြင့် ချီတက်၍လည်းကောင်း၊ ဗန်းမော်မြို့ မြောက်ဘက်ရှိ အကြမ်းဖက်သမားများ ခေတ္တစိုးမိုးထားသည့် နယ်မြေခံတပ်ဌာနချုပ် ၄ ခု၊ တပ်စခန်းတစ်ခုနှင့် လေဆိပ်နေရာတို့အားအရှေ့ဘက် မှစစ်ကြောင်း ၃ ကြောင်းနှင့် နမ်းဖားစခန်းအား သိမ်းပိုက်ခဲ့ပါတယ်။
▪️ အဲဒီနောက်ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကြောင်း ၁ ကြောင်း တို့မှနှစ်ဖက်ညှပ်၍ လည်းကောင်း၊ပင်စင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက် နှင့် သာစည်ရပ်ကွက်အတွင်းရှိ ဒေသအခေါ် ကချင်စုနေရာတို့အား စစ်ကြောင်းနှစ်ကြောင်းဖြင့်လည်းကောင်း တန်ပြန်တိုက်စစ်များ အရှိန်အဟုန်မြှင့်၍ အဆင့်ဆင့်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
▪️ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့ မှုပေါင်း၄၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းပိုက်ရရှိခဲ့သည်။
▪️ အဆိုပါ တိုက်ပွဲများတွင် တပ်မတော်၏ ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် သေဆုံးသူ ၄၆၁၆ ဦးခန့်နှင့် ဒဏ်ရာရရှိသူ ၄၉၈၃ ဦးခန့်ရှိခဲ့ကြောင်းသီးခြားသတင်း ရင်းမြစ်များအရသိရှိရပြီး တပ်မတော်ဘက်မှ အရာရှိ/စစ်သည် အချို့ နိုင်ငံတော်နှင့်တပ်မတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပါတယ်။
▪️ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်အထိအခိုက်အကျအဆုံး များပြားလာသည့်အတွက် လက်နက် ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တပ်မတော်စစ်ကြောင်းများထံသို့ အလင်းဝင်ရောက်လျက်ရှိ နေကြောင်းသိရပါတယ်။
▪️ တပ်မတော်စစ်ကြောင်းများအနေဖြင့် ဗန်းမော်မြို့အတွင်းကျန်ရှိနေသည့် အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား ဆက်လက်နယ်မြေရှင်းလင်းသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#YMG/KNL #Yangon_Times
Page 288 of 2056