#World_Science
Published 14 September 2025
▪️ လေဖြတ်သူတွေ စကားပြောနိုင်ဖို့ ခန္ဓာကိုယ်ထဲ ထည့်သွင်းတပ်ဆင်ရတဲ့ ကိရိယာတွေဟာ သူတို့ရဲ့ အတွင်းသံများကိုလည်း နားထောင်နိုင်ပါတယ်။
ဦးနှောက်-ကွန်ပျူတာကြားခံပစ္စည်း (BCI)ဟာ လေဖြတ်သူတွေအနေနဲ့ ပိုမိုလျင်မြန်ထိရောက်စွာ စကားလုံးတွေ ထွက်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ BCI တွေဟာ သေးငယ်တဲ့ အီလက်ထရုတ်တွေသုံးပြီး စကားလုံးတွေကို ကုဒ်ဖော်နိုင်ကာ စကားပြောရာမှာ ကြွက်သားထိန်းချုပ်ပေးတဲ့ ဦးနှောက်ထဲက motor cortex လှုပ်ရှားမှုကို စောင့်ကြည့်ပေးပါတယ်။
▪️ အခုထက်ထိတော့ အဲဒီလိုကိရိယာတွေဟာ အကြောသေလေဖြတ်သူရဲ့ စကားတွေကို ပုံဖော်ဖို့ကြိုးစားချိန်မှာ ပေါ်လာတဲ့ အချက်ပြမှုကို မှီခိုနေရပါတယ်။
▪️ ဒီလိုကနေ အကြောသေသူအတွက် စိတ်ထဲကနေ ရပ်တန့်ပြီး အပိုတွေမပြောမိအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပေမယ့် စကားတစ်လုံးပြောဖို့ အချိန်ယူနေရပါတယ်။
▪️ စတန်းဖို့တက္ကသိုလ်မှ သုတေသီ အယ်ရင်ကန့်ဇ်နဲ့ အဖွဲ့က BCI အသုံးပြုနေတဲ့ လူ ၄ ယောက်ဆီမှ ဦးနှောက်အချက်ပြမှုများကို လေ့လာခဲ့ကြပါတယ်။
▪️ ထိုအခါမှာ စကားလုံးတွေ ကုဒ်ဖော်ရာမှာ ၇၄ ရာခိုင်နှုန်း တိကျမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
▪️ စိတ်ထဲက စကားတွေကို ပုံဖော်ရာမှာ ပိုမိုလွယ်ကူမြန်ဆန်ခဲ့ပါတယ်။
BCI အသုံးပြုသူရဲ့ အတွင်းစိတ်ထဲက ကိုယ်ရေးအတွေးတွေကို ကာကွယ်ဖို့အတွက်လည်း ကြိုးစားကြပါတယ်။
▪️ BCI တွေက အသုံးပြုသူတွေရဲ့ အတွင်းစိတ်တွေကို မရည်ရွယ်ဘဲ ပုံဖော်သွားမှာကို စိုးရိမ်ရပါတယ်။
Source: NPR.
#World_Health
Published 14 September 2025
▪️ သုတေသနလေ့လာချက်တွေအရ ခံတွင်းကျန်းမာရေးပြဿနာတွေက နှလုံးရောဂါလက္ခဏာတွေ ဖြစ်နိုင်ကြောင်း တွေ့ရှိလာကြပါတယ်။
▪️ သွားဖုံးရောဂါပိုးဝင်ရာကနေ ရောင်ရမ်းပြီး သွေးကြောတွေထဲထိရောက်ရှိကာ နှလုံးသွေးကြောတွေပါ ထိခိုက်လာနိုင်ပါတယ်။
▪️ ဒါကြောင့် နှလုံးပြဿနာကို ဖော်ညွှန်းနေတဲ့ ခံတွင်းကျန်းမာရေးပြဿနာများကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) သွားဖုံးရောဂါ - သွားဖုံးရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားက သွေးထဲရောက်ရှိကာ စုပြုံလာနိုင်ပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ (၂) ခံတွင်းအနံ့ဆိုးနေခြင်း - ခံတွင်းအနံ့ကို ရေရှည်ဆိုးရွားနေစေတဲ့ ဆာလ်ဖာထုတ်လုပ် ဘက်တီးရီးယားတွေက နှလုံးမှာလည်း ရောင်ရမ်းစေနိုင်ပါတယ်။
▪️ (၃) သွားချည့်နဲ့ခြင်း - အပြင်ပိုင်းထိခိုက်မှုမရှိဘဲ သွားယိုင်နဲ့တာမျိုးက နှလုံးပြဿနာ ဖြစ်နိုင်ပါတယ်။
▪️ (၄) သွားဖုံးသွေးယိုခြင်း - သွားတိုက်စဉ်၊ သွားကြားထိုးစဉ် သွားဖုံးသွေးယိုတတ်တာက သွားဖုံးရောင်ရောဂါ ဖြစ်နိုင်ပြီး သွေးကြောကျဉ်းခြင်း ဖြစ်စေနိုင်ပါတယ်။
▪️ (၅) ပါးစပ်အနာပေါက်ခြင်း - ပါးစပ်ထဲမှာ ပြည်တည်နာဖြစ်တာက ရောဂါပိုးမထိန်းနိုင်တာဖြစ်ပြီး သွေးကြောထဲထိ ရောက်တဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။
▪️ (၆) ပါးစပ်ခြောက်သွေ့ခြင်း - တံတွေးက အန္တရာယ်ပြုပိုးမွှားတွေကနေ ကာကွယ်ပေးသဖြင့် ခံတွင်းအမြဲခြောက်နေပါက သွားပိုးစားခြင်း၊ သွားဖုံးရောဂါတို့ ဖြစ်နိုင်ကာ ဘက်တီးရီးယား မညီမျှမှုကနေ နှလုံးကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။
▪️ (၇) သွားဖုံးပါးခြင်း - သွားအမြစ်တွေ ပေါ်လာတဲ့သဘောဖြစ်ပြီး တစ်ရှူးပျက်စီးလာကာ နှလုံးရောဂါအထိ သက်ရောက်စေနိုင်ပါတယ်။
▪️ (၈) မေးရိုးကိုက်ခဲခြင်း - မေးရိုးဘယ်ဘက်ခြမ်းမှာ နာကျင်တာက သွားပြဿနာထင်ရပေမယ့် တကယ်တမ်းက နှလုံးသို့ သွေးမရောက်ခြင်းလက္ခဏာ ဖြစ်နိုင်ပါတယ်။
▪️ (၉) သွားရောဂါပိုးဝင်ခြင်း - သွားမှာ ရောဂါဖြစ်တာကို မကုသဘဲထားပါက သွေးထဲအထိရောက်ရှိကာ နှလုံးနံရံများ ရောင်ရမ်းလာနိုင်ပါတယ်။
▪️ (၁၀) လျှာအသွင်အရောင်ပြောင်းခြင်း - လျှာပြာနှမ်းအရောင်မရှိခြင်းက သွေးလည်ပတ်မှုမကောင်းတဲ့ လက္ခဏာဖြစ်ကာ ရင်ဘတ်မအီမသာဖြစ်ပါက နှလုံးအားနည်းလို့ အောက်ဆီဂျင်သွေးလျော့နည်းတဲ့ သဘောဖြစ်ပါတယ်။
Source: DoctorNDTV.
တရုတ်ပြည်ကွမ်ကျိုးရှိ ဓာတ်အားပေးစခန်းခွဲတွေမှာ လူသားပုံသဏ္ဍာန် AI စက်ရုပ်တွေက ကြည့်ရှုစစ်ဆေးရေးတာဝန်များကို လူသားတွေဆီကနေ လွှပြောင်းလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
#Asia_Technology
Published 13 September 2025
#တရုတ်နိုင်ငံကွမ်ကျိုး # လူသားပုံသဏ္ဍာန်AIစက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကြိုတင်မဲပေးနိုင်ဖို့အတွက် ပုံစံ(၁၅)လက်ခံမယ့်ရက်ကို ထပ်တိုးလိုက်တယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။
#Local_News
Published 13 September 2025
#ထိုင်းနိုင်ငံ #ထိုင်းရောက်မြန်မာ
#YMG/SW #Yangon_Times
မိုးစပါးပေါ်ချိန်မှာ တောင်သူလယ်သမားများထံကနေ တိုးမြှင့်ဝယ်ယူပေးဖို့ ဆွေးနွေးခဲ့တယ်လို့အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကသိရပါတယ်။
#Local_News
Published 13 September 2025
#စပါး #တောင်သူလယ်သမား
#YMG/NN #Yangon_Times
#Local_News
Published 13 September 2025
▪️ ကိုဗစ်ကာလမှစတင်ကာ ရပ်နားထားသည့် "Safe Food from Safe Farm (စနေ၊ တနင်္ဂနွေဈေး)ကို ယနေ့ပြန်လည်ဖွင့်လှစ် လိုက်ပြီရာ အပတ်စဥ် စနေ၊ တနင်္ဂနွေတိုင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)မှ သိရသည်။
▪️ အဆိုပါ Safe Food from Safe Farm (စနေ၊ တနင်္ဂနွေဈေး) ကို ယခင် နေရာ ဖြစ်သည့် ရန်ကုန်မြို့ရှိ မြေပဒေဿာကျွန်း၊ ကန်တော်ကြီးတွင် ပင်ပြန်လည် ဖွင့်လှစ်ခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။
▪️ ပြန်လည်ဖွင့်လှစ်လိုက်သည့်ဈေးတွင် ဩဂဲနစ်၊ GAP နှင့် သဘာဝနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် လတ်လတ်ဆတ်ဆတ် သစ်သီးဝလံများ၊ ဟင်းသီးဟင်း ရွက်များ၊ ထုတ်ကုန်များစုံလင်စွာ ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာမယ့်အောက်တိုဘာ (၂၉) ရက်ကနေ နိုဝင်ဘာ (၅ )ရက်အထိ (၈) ရက်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းကထုတ်ပြန်ထားပါတယ်။
#Local_News
Published 13 September 2025
#တောင်ကြီးတန်ဆောင်တိုင် # မီးပုံးပျံပွဲတော်
#YMG/SW #Yangon_Times
#Daily_News
Published 13 September 2025
၁။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို (၈)ရက်ကြာကျင်းပမည်
၂။ စပါးပေါ်ချိန်တွင် တောင်သူလယ်သမားများထံမှ တိုးမြှင့်ဝယ်ယူပေးရန် ဆွေးနွေး
၃။ ထိုင်းရောက်မြန်မာများ ကြိုတင်မဲပေးရန်ပုံစံ(၁၅)လက်ခံမည့် ရက်ထပ်တိုး
၄။ တရုတ်နိုင်ငံကွမ်ကျိုးဓာတ်အားပေးစခန်းများ၌ AIစနစ်သုံးလူသားပုံစံစက်ရုပ်များဖြင့် စစ်ဆေးကြည့်ရှုခြင်းတာဝန်စတင်ပြုလုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 September 2025
▪️ ပြန်ပို့ခဲ့ရသည့်သီးနှံများအား နောက်ကြောင်းပြန်စစ်ဆေးခြင်းစနစ်တစ်ခု တည်ထောင်စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်ကပြောသည်။
▪️ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင်ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမာန်နေ့က တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ဒုတိယဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းတွင် မြေဩဇာအလွန်အကျွံသုံးစွဲခြင်း၊ ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ဓာတ်ကြွင်းပမာဏမြင့်မားခြင်းကြောင့် နိုင်ငံတကာမှ ငြင်းပယ်ခံရခြင်း၊ ပြည်တွင်းဈေးကွက်မတည်ငြိမ်ခြင်း ပြဿနာများကိုရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးသည်မှ ထုပ်ပိုး၊ သိုလှောင်မှုလုပ်ငန်းစဉ်များတွင် ဓာတုဓာတ်ကြွင်း အန္တရာယ်လျှော့ချရေးလမ်းညွှန်ချက်များ၊ သတ်မှတ်ချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ခြင်း၊ ပြန်ပို့ခဲ့ရသည့်သီးနှံများအား နောက်ကြောင်းပြန်စစ်ဆေးခြင်းစနစ်တစ်ခု တည်ထောင်စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အတူ မြေယာပြုပြင်ဆောင်ရွက်မှုအမှားများကို တောင်သူများပိုမိုသိရှိနားလည်ပြီး ပြင်ဆင်လုပ်ကိုင်နိုင်စေရေး ပညာပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
▪️ ထို့နောက် နေပြည်တော်ကောင်စီဝင်က ပြည်ပပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာအရေးပါမှုနှင့် တောင်သူများ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေနွေးပြောကြားသည်။
▪️ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်ပခြင်း ရည်ရွယ်ချက်၊ တရုတ်နိုင်ငံနယ်စပ်ရှိ တစ်သျူးငှက်ပျောများအား ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကြောင့် ငြင်းပယ်ခံရသည့်အကြောင်းရင်း၊ ဓာတ်ကြွင်းပါရသည့်အကြောင်းရင်းများ ဆန်းစစ်လေ့လာတွေ့ရှိမှုနှင့် ဓာတ်ကြွင်းအန္တရာယ်လျှော့ချရေး သတိထားလိုက်နာရမည့်အချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်က စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်ရှိ လုပ်ငန်းအဆင့်တိုင်း၌ ပိုးသတ်ဆေးလျှော့ချသုံးစွဲရေးဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
▪️ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာပေးဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာပညာရှင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 September 2025
▪️ နေပြည်တော်နှင့်မိုင် ၄,၀၀၀ ကျော်အကွာ၌အင်အားရစ်(ခ်)တာ စကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခဲ့ကြောင်း သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉) နာရီ၊ (၀၈) မိနစ်၊ (၀၀) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၀၆၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Near East coast of Kamchatka, Russia)တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့လှုပ်ခတ်ရာတွင် ပြည်ပ (Near East coast of Kamchatka, Russia) မြောက်လတ္တီတွဒ် (၅၃.၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၆၀.၁၃) ဒီဂရီ၊ အနက် (၆၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၇.၄) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 13 September 2025
▪️ နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပိုလန်က ယင်းတို့ရဲ့ လေပိုင်နက်ကို ချိုးဖောက်လာတဲ့ ဒရုန်းတွေကို ပစ်ချခဲ့ပြီးနောက် ဥရောပအရှေ့ဘက်ခြမ်းမှာ ကာကွယ်ရေးတိုးမြှင့်ရန် စီစဉ်နေကြောင်း နေတိုးက သောကြာနေ့မှာ ကြေညာသွားပါတယ်။
▪️ ဒါဟာ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း နေတိုးအဖွဲ့ဝင်တစ်ခုကနေ ဒီလိုလုပ်ဆောင်ချက်မျိုး ပထမဆုံးတွေ့ရတာ ဖြစ်ပါတယ်။
▪️ လေပိုင်နက်ကျူးကျော်မှုများကို အမေရိကန်က သတိထားစောင့်ကြည့်ရမယ်လို့ သတ်မှတ်လိုက်ပြီး နေတိုးနယ်မြေများကို တစ်လက်မမကျန် ကာကွယ်သွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
▪️ ဒရုန်းကျူးကျော်မှုက ပိုလန်နဲ့ နေတိုးတို့ရဲ့ တုံ့ပြန်မှုစွမ်းရည်တွေကို ရုရှားစမ်းသပ်တဲ့သဘောလို့ မြင်နေပါတယ်။
▪️ အမေရိကန်ဘက်က စည်းလုံးညီညွတ်မှုပြသတဲ့အနေနဲ့ တစ်ခုခုဆောင်ရွက်ဖို့ ပိုလန်က မျှော်လင့်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
▪️ ရုရှားက နိုင်ငံတကာဥပဒေတွေနဲ့ ကုလပဋိညဉ်တို့ကို ချိုးဖောက်ရာကျတယ်လို့ အနောက်တိုင်းမဟာမိတ်တွေ စွပ်စွဲနေကြပါတယ်။
▪️ ရုရှားကတော့ အဲဒီအချိန်မှာ ယူကရိန်းကို တိုက်ခိုက်နေတာဖြစ်ပြီး ပိုလန်ကို ထိခိုက်စေလိုခြင်းမရှိဘူးလို့ ဆိုပါတယ်။
▪️ ဒရုန်းရဲ့ အဝေးဆုံးအကွာအဝေးက ၇၀၀ ကီလိုမီတာ မကျော်တာကြောင့် ပိုလန်နယ်မြေထဲ ရောက်ဖို့မဖြစ်နိုင်ဘူးလို့ ရုရှားဆိုင်ရာ ကုလသံအမတ် ဗက်ဆလီနီဘန်ဇီယာက ပြောသွားပါတယ်။
▪️ နေတိုးအတွင်းရေးမှူးချုပ် မတ်ရူတာက ဒီလိုကျူးကျော်မှုတွေဟာ လက်သင့်ခံစရာ မရှိဘူးလို့ ပြောပါတယ်။
Source: Reuters
#World_Health
Published 13 September 2025
▪️ လက်ရှိကမ္ဘာပေါ်မှာ အသက် ၁၁၆ နှစ်ဖြင့် တရားဝင်အသက်အကြီးဆုံးသူက အီသယ်ကေတာဟမ်ဖြစ်ပါတယ်။
▪️ သူ့ကို ၁၉၀၉ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတင်များနဲ့ LongevityQuest အဖွဲ့အစည်းကနေ အသက်ရှင်သန်နေတဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ် ပြုခဲ့ပါတယ်။
▪️ ငယ်စဉ်က ခက်ခဲတဲ့ဘဝမှာ အထီးကျန်စွာ နေထိုင်ခဲ့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကို အားထားခဲ့ပါတယ်။
▪️ အသက် ၁၁၀ မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြီး အသက်ရှင်ကျန်ရာကနေ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။
▪️ သက်ရှည်ကျန်းမာခြင်းနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်ကို မေးမြန်းခဲ့ရာမှာ ဘယ်တော့မှ အငြင်းမပွားဘဲ နားထောင်ပေးပြီး ကိုယ်လုပ်ချင်တာလုပ်တယ်လို့ ပြောပြပါတယ်။
▪️ အရာရာတိုင်းကို ဟုတ်တယ်လို့ ပြောပြီး အကောင်းမြင်စိတ်ထားကာ အရာအားလုံး အသင့်အတင့်တော့ သိထားရမယ်လို့ ပြောပြသွားပါတယ်။
▪️ ဘဝမှာ သဘောထားကွဲလွဲတာတွေက ဖြစ်တတ်ပြီး မသာယာမှုတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။
▪️ ကေတာဟမ်ရဲ့ သဘောထားက စကားများခြင်း၊ မကောင်းတဲ့အရာများမှ ရှောင်ရှားတဲ့သဘော ဖြစ်ပါတယ်။
▪️ ဘဝမှာ အကောင်းမြင်နေထိုင်နိုင်ဖို့အတွက် စာဖတ်ခြင်း၊ ကျေးဇူးတင်တတ်ခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်း၊ တရားထိုင်ခြင်း၊ လူမှုပေါင်းသင်းဆက်ဆံခြင်းတို့ ပြုလုပ်သင့်ပါတယ်။
Source: Indian Express.
Page 287 of 2056