Naypyidaw—September 12, 2025: The Myanmar Armed Forces (Tatmadaw) has announced it has fully regained control of military headquarters, outposts, wards, and villages in and around Bhamo town, which were temporarily held by KIA , AA and PDF terrorist insurgents.
Following the recapture, the Tatmadaw's information team stated that the insurgents suffered heavy casualties and are retreating in disarray towards the northeast of Bhamo and to Momauk, where their main forces are located.
According to the statement, military naval vessels carrying reinforcement troops proceeded to Bhamo in August 2025. Despite various difficulties and blockades by the insurgents—which damaged two push boats along the way—the vessels successfully arrived. From August 4, 2025, seven military columns were formed to advance.
One of the columns marched from the Bhamo University area northeast of the town and captured a camp at Nampha village before continuing its advance toward Bhamo.
Another column advanced from the north of Bhamo, securing the Naung Kho and Min Hla wards. Meanwhile, three columns from the east captured four local military headquarters, one outpost, and the airport area, which had been temporarily held by the insurgents.
The advancing columns then launched a two-pronged counter-offensive, while two additional columns intensified their counter-attacks in the Pin Hsin Kone, Nyaung Pin, Khun Tha, and Thar Si wards, including the area known locally as Kachin Su.
From December 4, 2024, to September 11, 2025, there were 16 major battles and 490 skirmishes with the terrorist insurgents. During these engagements, the Tatmadaw seized 163 bodies, 178 assorted weapons, and related equipment.
The statement also reported, based on separate news sources, that the combined insurgent groups suffered approximately 4,616 deaths and 4,983 injuries in these battles due to the military's valiant counter-attacks. The Tatmadaw, for its part, also lost some officers and soldiers who made the ultimate sacrifice for the state and the armed forces.
The statement noted that due to their heavy casualties, many insurgents are surrendering to the Tatmadaw's columns with their weapons, ammunition, and other related items.
The Tatmadaw's columns will continue to clear the remaining terrorist insurgents from within Bhamo town, the statement concluded.
#ymg/knl
#Local_News
Published 12 September 2025
▪️ (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာ ဆက်စပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအပါအဝင် မြန်မာကိုယ်စားပြုပြခန်းပေါင်း ၁၂၀ ဖြင့်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေ၏ ပြောကြားမှုအရသိရသည်။
▪️ အဆိုပါတရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းကုန်စည်ပြပွဲသို့ အဆင့်အတန်းပြည့်မီစွာ ပါဝင်ခင်းကျင်းပြသနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို စက်တင်ဘာ ၁၁ ရက် က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပခဲ့သည်။
▪️ ယင်းကုန်စည်ပြခန်းဆောင်တွင် ပြခန်း ၁၂၀ ဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ စားသောက်ကုန်၊ ကော်ဖီ၊ အထည်အလိပ်၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပယင်းစသည့် ကျောက်မျက်လက်ဝတ်ရတနာများအပြင် မြန်မာနိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာ ဆက်စပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုပါ ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။
▪️ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ထုတ်ကုန်များ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ ဈေးကွက်ရရှိရေးအတွက် လိုက်ပါပြသမည့် ကုန်စည်လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ထို့အတူ ကုန်စည်ပြပွဲသို့ တက်ရောက်ကြသူများသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တက်ရောက်လာသူများနှင့် ရင်းနှီးမှုရရှိရေး၊ ဆက်သွယ်မှုရရှိရေးအတွက် သတင်းအချက်အလက်များ စုဆောင်းကာ Business Networking ကို တည်ဆောက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ဖိတ်ခေါ်ကြစေလိုကြောင်းနှင့် တရုတ်နိုင်ငံကသတ်မှတ်ထားသည့် ကုန်စည်ပြပွဲစည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကြရန် ပြောကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 12 September 2025
▪️ ဘရာဇီးလ်သမ္မတဟောင်း ဂျဲဘိုဆိုနာရိုဟာ စစ်အာဏာသိမ်းရန် အကွက်ချကြံစည်ခဲ့တယ်လို့ ပြစ်မှုထင်ရှားတဲ့အတွက် ထောင် ၂၇ နှစ်ကျသွားပါတယ်။
▪️ သမ္မတဟောင်းရဲ့အမှုကို တာဝန်ပေးအပ်ခံရတဲ့ တရားရုံးချုပ်မှ တရားသူကြီး ၅ ဦးအနက် ၄ ဦးက အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။
▪️ ၂၀၂၂ ရွေးကောက်ပွဲမှာ ပြိုင်ဘက် လူးဝစ်အင်နာစီယိုလူလာဒါဆေးဗားကို ရှုံးနိမ့်ပြီးနောက် အသက် ၇၀ အရွယ်သမ္မတဟောင်းဟာ အာဏာဆက်လက်ရယူလိုတာကြောင့် ပုန်ကန်ရန်ကြံစည်ခဲ့တဲ့အတွက် တရားစီရင်ခံရတာ ဖြစ်ပါတယ်။
▪️ စစ်တပ်ထံကနေ ထောက်ခံမှု အလုံအလောက်မရဘဲ ကြံစည်မှုပျက်စီးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီ ၈ ရက်မှာ ဘိုဆိုနာရိုထောက်ခံသူတွေက အစိုးရအဆောက်အအုံတွေမှာ သောင်းကျန်းခဲ့ကြပါတယ်။
▪️ စွပ်စွဲချက် ၅ ခုဖြစ်တဲ့ အာဏာသိမ်းရန် ကြံစည်ကြိုးပမ်းမှု၊ လက်နက်ကိုင် ရာဇဝတ်အဖွဲ့ဦးဆောင်မှု၊ ဒီမိုကရက်တစ် အုပ်ချုပ်ရေးဥပဒေ ချိုးဖောက်ရန်ကြိုးပမ်းမှု၊ အစိုးရအဆောက်အအုံများ ထိခိုက်စေခြင်းနဲ့ ပတ်သက်တဲ့ အမှုနှစ်ခု၊ စုစုပေါင်း ၅ မှုစလုံး အပြစ်ရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ သမ္မတဟောင်းကတော့ အပြစ်မရှိကြောင်းပဲ ပြောနေပြီး ဒီအမှုစွဲချက်တွေဟာ နိုင်ငံရေးလှုံ့ဆော်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ သူ့ရဲ့အမှုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အံ့အားသင့်ခဲ့ရပါတယ်။
Source: BBC
#World_Health
Published 12 September 2025
▪️ တရုတ်က လူသားပါပီလိုမာဗိုင်းရပ်စ်(HPV) အမျိုးအစားကွဲပေါင်း ၉ မျိုးကို ကာကွယ်နိုင်မယ့် ပြည်တွင်းထုတ်ကာကွယ်ဆေးကို ထုတ်လုပ်လိုက်ပါတယ်။
▪️ ပထမဆုံးကာကွယ်ဆေးကို အင်္ဂါနေ့က ရှာမင်မြို့မှာ စတင်ထိုးနှံကာ အသက် ၉ နှစ်မှ ၄၅ နှစ်ကြား အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးအစီအစဉ် တိုးချဲ့လိုက်ပါတယ်။
▪️ အသက် ၉ နှစ်မှ ၁၇ ကြားက ကာကွယ်ဆေး ၂ ကြိမ်ထိုးဖို့လိုပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားကတော့ ၃ ကြိမ်လိုအပ်တယ်လို့ ကျန်းမာရေးအာဏာပိုင်များ ပြောပါတယ်။
▪️ သားအိမ်ခေါင်းကင်ဆာက ကမ္ဘာတဝှမ်းက အမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာတွေထဲမှာ ပါဝင်ကာ HPV ကြောင့် နှစ်စဉ်ကင်ဆာဖြစ်ပွားသူ ၇ သိန်းခန့်ရှိကာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွဦးသူ ၅၃၀,၀၀၀ ခန့်ပါဝင်ပြီး ကျန်တာတွေက စအိုကင်ဆာ၊ မျိုးပွားအင်္ဂါကင်ဆာနဲ့ အခြားသောကင်ဆာတွေ ဖြစ်ပါတယ်။
▪️ ကာကွယ်ဆေးထိုးနှံခြင်းက အဓိကကာကွယ်ရေး လုပ်ငန်းစဉ်တစ်ခု ဖြစ်နေပါတယ်။
▪️ မှန်ကန်ထိရောက်စွာ ထိုးနှံပါက HPV ကာကွယ်ဆေးက ရောဂါဖြစ်ပွားခြင်းကနေ ၉၄ ရာခိုင်နှုန်းထိရောက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Xinhua.
#World_Health
Published 12 September 2025
▪️ အစားအစာ၊ ကင်ဆာဖြစ်နိုင်ခြေနဲ့ အသက်အန္တရာယ်တို့ကြား ဆက်စပ်မှုရှိကြောင်းကို လေ့လာချက်အများအပြားမှာ တွေ့ရှိရပါတယ်။
ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်နဲ့ ကင်ဆာအန္တရာယ်တို့ ဆက်စပ်ပုံကို သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ ပါဝင်စမ်းသပ်သူပေါင်း ၂.၇ သန်းနီးပါးရဲ့ အချက်အလက်တွေကို ဆန်းစစ်ရာမှာ ခန္ဓာကိုယ်ထဲ လိုင်ကိုပင်းဓာတ်များခြင်းက ကင်ဆာဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်း လျော့နည်းခြင်းနဲ့ ဆက်စပ်နေပါတယ်။
▪️ လိုင်ကိုပင်းဓာတ် ပိုစားပေးရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေနဲ့ အဆုတ်ကင်ဆာကြောင့် အသက်ဆုံးပါးနိုင်ခြေတို့ကို လျော့နည်းစေကြောင်း တွေ့ရှိရပါတယ်။
▪️ လိုင်ကိုပင်းဆိုတာက အသီးအနှံနဲ့ ဟင်းရွက်တွေမှာ အနီရောင်ဖြစ်စေတဲ့ဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးပါတယ်။
▪️ လေ့လာချက်တွေအရ လိုင်ကိုပင်းက အဆုတ်နဲ့ ဆီးကျိတ်တို့လို ကိုယ်တွင်းအင်္ဂါတွေအတွက် အထူးကာကွယ်နိုင်စွမ်းရှိပါတယ်။
▪️ ဒါပေမဲ့ ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တာကြောင့် စားသောက်ခြင်းဖြင့်သာ ရရှိနိုင်ပါတယ်။
▪️ လိုင်ကိုပင်းအဓိကပါဝင်တဲ့ အစားအစာက ခရမ်းချဉ်သီးဖြစ်ပြီး ချက်ပြုတ်လိုက်ရင် လိုင်ကိုပင်းစုပ်ယူနိုင်စွမ်း မြင့်မားစေတာကြောင့် အစိမ်းလိုက်မစားလည်း ရပါတယ်။
▪️ လိုင်ကိုပင်းက အဆီမှာပျော်ဝင်တာကြောင့် သံလွင်ဆီနဲ့ စားသုံးလို့ရပါတယ်။
▪️ ဒါ့အပြင် ဖရဲသီး၊ ဂရိပ်ဖရုသီး၊ မာလကာသီး၊ သင်္ဘောသီးတို့မှာလည်း တွေ့နိုင်ပါတယ်။
Source: The Jerusalem Post.
ထိုင်းဝန်ကြီးချုပ်သစ်အနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးမတည်ငြိမ်မှုတို့ကို ကျော်လွှားဖို့ ခက်ခဲတဲ့အနေအထား ရင်ဆိုင်နေရသလို ကွဲပြားနေကြတဲ့ အစိုးရကိုစည်းလုံးဖို့ ကြိုးစားနေရကြောင်း ကျွမ်းကျင်သူများပြောပါတယ်။
#Asia_Politics
Published 11 September 2025
#ထိုင်းဝန်ကြီးချုပ်သစ် #နိုင်ငံရေးမတည်ငြိမ်မှု_စီးပွားရေးမတည်ငြိမ်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 11 September 2025
၁။ ရန်ကုန်၌ ဆေးယဉ်ပါးတီဘီဖြစ်ပွားမှု၏ (၅၅) ရာခိုင်နှုန်းရှိနေဟုဆို
၂။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ (၂၂) သန်း ရောင်းချပေးမည်
၃။ လေပွေလှိုင်းနှစ်ခုအရှိန်ကြောင့် နိုင်ငံအနှံ့မုတ်သုံမိုးရွာသွန်းပြီး အထက်ပိုင်း၌ မိုးကြီးနိုင်
၄။ နိုင်ငံ၏ပြဿနာများစွာနှင့်ရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ်သစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ထိုင်းရောက် မြန်မာလုပ်သားများအနေနဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်CI လျှောက်ထားရာတွင် ဘတ် (၂၆၇၀) သာ ကုန်ကျမှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 11 September 2025
#ထိုင်း #CI
#YMG/SW #Yangon_Times
လေပွေလှိုင်းနှစ်ခုအရှိန်ကြောင့် လာမယ့် ၁ ပတ်အတွင်းမှာ နိုင်ငံအနှံမုတ်သုံမိုး အသင့်အတင့်ဆက်လက်ရွာနိုင်သလို မြန်မာနိုင်ငံအထက်ပိုင်းမှာလည်း မိုးကြီးနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်က ပြောကြားထားပါတယ်။
#Local_News
Published 11 September 2025
#လေပွေလှိုင်း #မိုးလေဝသပညာရှင်ဦးဝင်းနိုင်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ (၂၂) သန်း ရောင်းချပေးသွားမယ်လို့ ယမန်နေ့ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 11 September 2025
#စက်သုံးဆီလုပ်ငန်းရှင် #နိုင်ငံခြားငွေကြေးဈေးကွက်
#YMG/SW #Yangon_Times
ရန်ကုန်၌ ဆေးယဉ်ပါး တီဘီဖြစ်ပွားမှုရဲ့ (၅၅) ရာခိုင်နှုန်းရှိနေတယ်လို့
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ကသိရပါတယ်။
#Local_News
Published 11 September 2025
#ဆေးယဉ်ပါးတီဘီ #ရန်ကုန်
#YMG/NN #Yangon_Times
#Local_News
Published 11 September 2025
▪️ မြိတ်တက္ကသိုလ်နှင့် တရုတ်သဘာဝသယံဇာတဝန်ကြီးဌာန၊ Fourth Institute of Oceanography တို့အကြား Memorandum of Understanding Concerning Scientific Research and Technology Cooperation ကို တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ၉-၉-၂၀၂၅ ရက်နေ့၌ ကျင်းပသော China-ASEAN Countries Forum on Blue Economy Cooperation and Development (CAFBE) တွင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါChina-ASEAN Countries Forum on Blue Economy Cooperation and Development (CAFBE) သို့ မြန်မာ နိုင်ငံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း တက်ရောက်ခဲ့ပြီး တရုတ်သဘာဝသယံဇာတဒုတိယဝန်ကြီး Mr. Cun Shuxian၊ ကွမ်ရှီး ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Hu Fan၊ ကမ္ဘောဒီးယားနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး Mr. Choup Paris နှင့် တရုတ်နှင့် အာဆီယံနိုင်ငံများရှိ အဏ္ဏဝါသိပ္ပံဆိုင်ရာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် နန်နင်းမြို့အခြေစိုက် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်စုစုပေါင်း (၅၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ ဖိုရမ်၌ တရုတ်သဘာဝသယံဇာတဒုတိယဝန်ကြီး Mr. Cun Shuxian အပါအဝင် အဓိကဧည့်သည်တော်များက အဖွင့်အမှာစကားများ ပြောကြားစဉ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာကြား မဟာဗျူဟာနေရာတွင်တည်ရှိရာ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ များသို့ ဆက်သွယ်ပေးသည့် ဝင်ပေါက်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများတွင် အဏ္ဏဝါဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် ချမှတ်ခဲ့သော အာဆီယံအဏ္ဏဝါစီးပွားရေးမူဘောင်နှင့် ဒေသတွင်းဆက်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းစသည့် အရေးပါသည့် အခြေခံအဆောက်အဦများကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့ပြင် မိတ်ဖက်နိုင်ငံများနှင့်လည်း ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ အဏ္ဏဝါကာကွယ်ရေး၊ အရည်အချင်းမြှင့်တင်ခြင်းလုပ်ငန်းများ၌လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အဦနှင့် ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းအင်သစ်လုပ်ငန်း၊ မူဝါဒချမှတ်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လိုပြီး စမတ်ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ရေကြောင်း သွားလာမှုများတွင် တရုတ်နိုင်ငံမှ အတွေ့အကြုံများကို လေ့လာလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
▪️ ထို့နောက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကြရာတွင် မြန်မာနိုင်ငံ၊ မြိတ်တက္ကသိုလ်နှင့် တရုတ်သဘာဝသယံဇာတဝန်ကြီးဌာန၊ Fourth Institute of Oceanography တို့အကြား Memorandum of Understanding Concerning Scientific Research and Technology Cooperation ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 289 of 2056