#Breaking News
Published 4 December 2025
▪️ ယနေ့ ဒီဇင်ဘာလ၄ရက်မှ စတင်ကာ ပြည်တွင်းထုတ်ဓာတ်ဆီအမျိုးမျိုးအား ယခင်ရောင်းချနေသည့်ဈေးနှုန်းများထက် တစ်လီတာလျှင် ၂၀၀ ကျပ်အထိ လျှော့ချ၍ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
▪️ စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူလူထု၏သယံဇာတအား ပြည်သူလူထုထံသို့ ဆိုသည့် ဆောင်ပုဒ် နှင့်အညီပြည်တွင်း၌ကိုယ်တိုင်ချက်လုပ်သည့် Ron 68 ဓာတ်ဆီများကိုယခင်က ပုဂ္ဂလိကသို့ တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလမှစတင်၍ သုံးစွဲသူများထံသို့ တိုက်ရိုက်ရောင်းချသည့် စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ထို့အပြင် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုအပေါ် မူတည်၍ Ron 72 နှင့် Ron 77 ဓာတ်ဆီများကိုလည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
▪️ ယခုအခါ ရေနံစိမ်းကုန်ကြမ်းဈေးနှုန်းများ ကျဆင်းလာသည့်အတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယနေ့မှစတင်၍ ပြည်တွင်းထုတ်ဓာတ်ဆီအမျိုးမျိုးအား ယခင်ရောင်းချနေသည့်ဈေးနှုန်းများထက် တစ်လီတာလျှင် ၂၀၀ ကျပ်အထိ လျှော့ချ၍ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း ၊ ဆက်လက်၍လည်း ဌာနအနေဖြင့် အဆင့်မြင့် Ron ဓာတ်ဆီများ ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
#YMG/SW #Yangon_Times