#Local_News
Published 11 September 2025
▪️ ၂၀၂၅ ခုနှစ် စီချွမ်း တောင်အာရှနှင့် အရှေ့တောင်အာရှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ၁၀-၉-၂၀၂၅ ရက်တွင် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ရှိ Jin Jaing Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါညီလာခံသို့မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါညီလာခံကို စီချွမ်းပြည်နယ်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် အဆင့်မြင့်ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ထောင်ရန်၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ သမားရိုးကျကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဒီဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ ထုတ်လုပ်မှုနှင့်ထောက်ပံ့ရေးကွင်းဆက်များ အပြန်အလှန်ချိတ်ဆက်နိုင်သည့် ဒေသဆိုင်ရာစီးပွားရေးအသွင်သို့ မြှင့်တင်ဖော်ဆောင်ရေးအတွက် အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ညီလာခံသို့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်စီချွမ်းပြည်နယ်ကော်မတီဒုတိယဥက္ကဌ Mr. Lin Shucheng နှင့် စီချွမ်းပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် သီရိလင်္ကာနိုင်ငံ၊
စက်မှုနှင့် စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Chathuranga Abeysinghe၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ် စားလှယ်များ၊ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 September 2025
▪️ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ပုသိမ်အကျဉ်းထောင်၊ ပုသိမ်မြို့ရှိရဲစခန်း အချုပ်ခန်းများနှင့် စက်တော်ရာဘိုးဘွားရိပ်သာများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်နှင့် ဦးသန်းဝင်းတို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ပုသိမ်အကျဉ်းထောင်၊ စက်တော်ရာဘိုးဘွားရိပ်သာနှင့် ပုသိမ်မြို့ရှိရဲစခန်း အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်အကျဉ်းထောင်အတွင်း ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သည့် နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေ အနေ၊ ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ ယုံကြည်ရာကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခြင်းနှင့် တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
▪️ ထို့ပြင် အကျဉ်းသား အကျဉ်း သူများအား အကျဉ်းထောင် ဝန်ထမ်းများနှင့် အကျဉ်းသား အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိတို့ကိုမေးမြန်းကာ ထောင်ဝင်စာလာရောက်တွေ့ဆုံသည့် အကျဉ်းသားမိသားစုဝင် ၂၈ ဦးနှင့်တွေ့ဆုံ၍ အကျဉ်းသားနှင့်တွေ့ဆုံရာတွင် အခက်အခဲ ရှိ၊ မရှိ အကျဉ်းသားအတွက် ပစ္စည်းပေးပို့ရာတွင် အဆင်ပြေမှု ရှိ၊ မရှိ စသည်တို့ကို တွေ့ဆုံမေးမြန်းပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူ ၁၅ ဦးကိုလည်း သီးခြားတွေ့ဆုံ မေးမြန်း မှတ်တမ်းတင်ခဲ့သည်။
▪️ ထို့နောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူ များ၏ အိပ်ဆောင်များ၊ အကျဉ်းထောင် ဆေးရုံဆောင်၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့် နေရာ၊ စားဖိုကြီး၊ ထမင်းစားဆောင်၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်းအပြင် မိလ္လာများ သန့်ရှင်းမှုရှိ၊ မရှိနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများ လှူဒါန်းခဲ့သည်။
▪️ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် စက်တော်ရာဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး အခြေခံလူ့အခွင့်အရေးဖြစ်သော လွတ်လပ်မှု၊ မျှတမှု ရှိ၊ မရှိနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုကိုအခြေခံ၍ စောင့်ရှောက်ထားခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။
▪️ ထိုသို့ စစ်ဆေးစဉ် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအခြေအနေ၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေနှင့် အသက် ၈၅ နှစ် ပြည့်ပြီးသော သက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးရရှိရေး၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေနှင့် ဘိုးဘွားများ၏ ကာယသုခ၊ စိတ္တသုခပြည့်ဝစေပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးရရှိရေး စီစဉ်ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ရိပ်သာ၌ လက်ခံ စောင့်ရှောက်ထားသော အဘိုးအဘွားစုစုပေါင်း ၄၁ ဦးကို နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားခဲ့သည်။
▪️ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်မြို့မရဲစခန်းအချုပ်ခန်းနှင့် နယ်မြေရဲစခန်း အချုပ်ခန်းတို့အား ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် ရမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်း နှိပ်စက်မှု ရှိ၊ မရှိ အခြေအနေ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန် ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 September 2025
▪️ တိုင်းပြည်အသွင်ကူးပြောင်းရေးကဏ္ဍများတွင် တတ်စွမ်းနိုင်သော ကိုယ်စွမ်းဥာဏ်စွမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖျက်သိမ်းခံရသည့်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က အသိပေးထုတ်ပြန်ထားသည်။
▪️ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ကို သတ်မှတ်ပါတီဝင်ဦးရေမပြည့်မှီသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကိုပယ်ဖျ-က်၍ နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းခဲ့ကြောင်း စက်တင်ဘာ ၉ ရက်က ကြေညာချက်အမှတ် ၉၅ /၂၀၂၅ ဖြင့် ထုတ်ပြန်ခဲ့သည်။
▪️ အဆိုပါကဲ့ သို့ ဖျ-က်သိမ်းခံခဲ့ရမှုနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအခင်းအကျင်းတွင်ဆက်လက်ပါဝင်ရန် အခွင့်အရေးဆုံးရှူံးခဲ့ရ၍ NDF ပါတီမှ ယမာန်နေ့ စက်တင်ဘာ ၁၀ ရက်တွင် NDF ပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများအား အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။
▪️ ယင်းထုတ်ပြန်ချက်၌ ယခု ကျင်းပမည့်ရွေးကောက်ပွဲအား ဆက်လက်ပါဝင်ခွင့်ရရန် ကြိုးပမ်းလျှက်ရှိကာ နိုင်ငံရေးနည်းလမ်းအား မမှိတ်မသုန် ဆက်လက်ကိုင်စွဲ၍ တိုင်းပြည်အသွင်ကူးပြောင်းရေးကဏ္ဍများတွင် တတ်စွမ်းနိုင်သော ကိုယ်စွမ်းဥာဏ်စွမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ NDF ပါတီဝင်များအနေဖြင့်လည်း တစ်ဦးခြင်းဆန္ဒဖြင့် နိုင်ငံသားအခွင့်အရေးအရ၊ ဒီမိုကရေစီအခွင့်အရေးအရ တစ်သီးပုဂ္ဂလ(သို့)နိုင် ငံရေးယုံကြည်ချက်တူညီသော နိုင်ငံရေးပါတီများမှ ပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းထားသည်။
▪️ အဆိုပါ NDF ပါတီသည် UEC ၏သတ်မှတ်ရက်ဖြစ်သော စက်တင်ဘာ ၇ ရက်အမှီ ပါတီဝင်ဦးရေ (၈၈,၈၂၀)ဦးနှင့် မြို့နယ်ရုံးခန်း(၁၁၇)ရုံးအားပေးပို့တင်ပြခဲ့ကြောင်းလည်း သိရသည် ။
#YMG/NN #Yangon_Times
#World_Health
Published 11 September 2025
▪️ အိပ်စက်စဉ်မှာ ခန္ဓာကိုယ်က ပြုပြင်ရေးလုပ်ငန်းစဉ်တွေ ပြုလုပ်ပေးပြီး အရေပြားဆီ သွေးလည်ပတ်မှုကောင်းစေပါတယ်။
▪️ ရိုးရှင်းစွာ အိပ်ရေးဝအောင်အိပ်စက်ရင် ရရှိလာမယ့် အရေပြားထိန်းသိမ်းမှု အကျိုးကျေးဇူးများကို ဖော်ပြသွားပါမယ်။
▪️ (၁) အိပ်ပျော်စဉ်မှာ အရေပြားကို တင်းရင်းချောမွေ့စေတဲ့ ကော်လာဂျင်ပရိုတိန်းကို ထုတ်လုပ်ပေးပြီး အရေးကြောင်းဖြစ်ခြင်းကို လျှော့ချပေးပါတယ်။
▪️ (၂) ညအိပ်တဲ့အခါ အရေပြားဆဲလ်သေတွေနေရာမှာ အသစ်တွေနဲ့ အစားထိုးပေးပြီး အရေပြားသစ်လွင်စေပါတယ်။
▪️ (၃) အိပ်ရေးပျက်တဲ့အခါ သွေးကြောတွေ ကျယ်စေပြီး မျက်ကွင်းညိုခြင်း ဖောင်းအစ်ခြင်းတို့ဖြစ်စေကာ လုံလောက်စွာ အိပ်စက်ရင်တော့ သွေးလည်ပတ်မှုကောင်းစေပြီး ကြည်လင်စေပါတယ်။
▪️ (၄) အိပ်နေစဉ်မှာ အရေပြားဆီ သွေးရောက်ရှိမှုများစေပြီး အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပံ့ပိုးပေးတာကြောင့် အသားအရေဝင်းပစေပါတယ်။
▪️ (၅) ဖိစီးမှုဟော်မုန်းနဲ့ အခြားဟော်မုန်းများကို ထိန်းချုပ်ပေးသဖြင့် ရောင်ရမ်းခြင်းများ လျှော့ချကာ အရေပြားအတွက် အကျိုးဖြစ်စေပါတယ်။
▪️ (၆) ရောင်ရမ်းခြင်းဖြစ်စေတဲ့ ဆိုင်တိုကိုင်းတွေကို ဖိနှိပ်ပေးသဖြင့် အရေပြားပြန်လည်သက်သာစေကာ အရေပြားပြဿနာများမှ ကာကွယ်ပေးပါတယ်။
▪️ (၇) အရေပြားမှ အကာအကွယ်လွှာ အားကောင်းစေပြီး စိုထိုင်းဆထိန်းသိမ်းပေးသဖြင့် ဘက်တီးရီးယား၊ အမှုန်အမွှားများမှ ကာကွယ်ပေးပါတယ်။
▪️ (၈) အလှကုန်ပစ္စည်းများရဲ့ အာနိသင်များကို ပိုမိုစုပ်ယူစေသဖြင့် အသားထဲ ပိုမိုရောက်ရှိစေပါတယ်။
▪️ (၉) ဓာတ်တိုးဖိစီးမှုများ ဖြစ်ခြင်းကို လျှော့ချပေးကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို သက်သာစေပြီး အရေပြားပြုပြင်ပေးပါတယ်။
▪️ (၁၀) အိပ်နေစဉ်မှာ ရေဓာတ်ထိန်းညှိပေးပြီး အရေပြားစိုထိုင်းဆညီမျှစေကာ ချောမွေ့နူးညံ့စေပါတယ်။
Source: DoctorNDTV Ti
#World_News
Published 11 September 2025
▪️ အမေရိကန် ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ဒိုင်းဆောက်လုပ်ရေးနေရာတစ်ခုကို လူဝင်မှုကြီးကြပ်ရေးက ဝင်ရောက်စီးနင်းရာမှာ ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကိုရီးယားလုပ်သားများကို အမေရိကန်မှ လက်ထပ်မခတ်ဘဲ အလျင်အမြန်ထွက်ခွာခွင့်ပြုရန် တောင်ကိုရီးယားက အမေရိကန်ကို စက်တင်ဘာ ၁၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
▪️ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ အိမ်ဖြူတော်အစည်းအဝေးမှာ တောင်းဆိုမှု ပြုခဲ့တာဖြစ်ပါတယ်။
▪️ ဂျော်ဂျီယာမှာ ဒေါ်လာ ၄.၃ ဘီလီယံတန်ဖိုးရှိတဲ့ ဟွန်ဒိုင်းမော်တာနှင့် LG Energy Solution နေရာမှာ တောင်ကိုရီးယားလုပ်သား ၃၀၀ ခန့်နဲ့ အခြားလုပ်သား ၁၇၅ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
▪️ ကြာသပတေးနေ့အစောပိုင်းမှာ တောင်ကိုရီးယားလုပ်သားတွေက ထိန်းသိမ်းရေးစခန်းကနေ ဘတ်စ်ကားဖြင့် ထွက်ခွာပြီး မွန်းလွဲပိုင်း စီးလုံးငှားလေယာဉ်ဖြင့် အမေရိကန်ကနေ ပျံသန်းမှာဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြထားပါတယ်။
▪️ အနာဂတ်မှာ ဒီလိုမျိုးပြဿနာမျိုးမဖြစ်အောင် ဗီဇာအသစ်ကိစ္စပြုလုပ်ဖို့ နှစ်နိုင်ငံဆွေးနွေးသွားရန် ချိုဟွန်းက အဆိုပြုထားပါတယ်။
▪️ အမေရိကန်ပြည်မကြီးလုံခြုံရေးအဖွဲ့ရဲ့ ဝင်ရောက်စီးနင်းမှုက သမိုင်းမှာ အကြီးမားဆုံးလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။
▪️ အမေရိကန်လူဝင်မှု အာဏာပိုင်များက သာမန်အားဖြင့် နေရပ်ပြန်ပို့လေကြောင်းခရီးစဉ်အတွင်း လက်ထိပ်ခတ်လေ့ရှိကာ အခြားနိုင်ငံများမှ ဝေဖန်ထားကြပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားလုပ်သားများအနေဖြင့် လူဝင်မှုဥပဒေများကို အလေးထားကာ တရားဝင်လာရောက်ကြဖို့ တိုက်တွန်းနေပါတယ်။
Source: CNA
#World_Health
Published 11 September 2025
▪️ မနက်အိပ်ရာနိုးလို့ အရေးတကြီးအပေါ့သွားချင်တဲ့ အလေ့အထဟာ သာမန်အားဖြင့် ပုံမှန်ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပညာရှင် ဒီပီကာရှာမာက ပြောပါတယ်။
▪️ အိပ်ခါနီးမှာ ရေတစ်ခွက်သောက်တယ်ဆိုရင် နာရီဝက်အတွင်း ကျောက်ကပ်တွေက စစ်ထုတ်ပြီဖြစ်ပြီး ၅-၆ နာရီအကြာမှာ ဆီးအိမ်ပြည့်နေပါပြီ။
▪️ ဒါကြောင့် အိပ်ရာနိုးတာနဲ့ အပေါ့သွားချင်လာတာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
▪️ ညဘက်မှာ တစ်ကြိမ်တစ်ခါလောက်နိုးပြီး အပေါ့သွားချင်တာကလည်း ပုံမှန်ပဲဖြစ်တယ်လို့ ဆိုပါတယ်။
▪️ မနက်ပိုင်း ရေများများသောက်ခြင်း၊ မအိပ်ခင် ရေတစ်ခွက်သောက်ခြင်းတို့အစား တစ်နေကုန် နည်းနည်းစီသောက်ခြင်းက အိပ်စက်မှုကို မထိခိုက်ဘဲ ရေဓာတ်ပြည့်ဝနေစေမယ်လို့ ပြောပါတယ်။
▪️ ခဏခဏနိုးလို့ အိပ်ရေးပျက်ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။
▪️ ဆီးအိမ်ဟာ ပူစီဖောင်းတစ်ခုလိုဖြစ်ပြီး အရည်တွေပြည့်လာတဲ့အခါ ရှင်းထုတ်ရမယ်လို့ ဦးနှောက်ကို သတင်းပေးပို့ကာ အောင့်ထားမယ်လို့ ဆုံးဖြတ်လိုက်ရင် ဆီးအိမ်ချဲ့ထွင်လာပါတယ်။
▪️ ဒါပေမဲ့ အချိန်ကြာမြင့်စွာ အောင့်ထားရင်တော့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ကာ ဆီးလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ရောဂါကူးစက်မှုတွေ ဖြစ်လာနိုင်ကြောင်း နယူးဒေလီမှ မီးယပ်သားဖွားဆရာဝန် ရှိုဘာဂူ့ပ်တာက ပြောသွားပါတယ်။
▪️ ဆီးသွားချင်စိတ်ကို အောင့်ထားရင် သဘာဝလုပ်ငန်းစဉ်တွေ အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေမှာ မညီမျှမှုတွေ ဖြစ်လာနိုင်တယ်လို့ Jindal Naturecure တက္ကသိုလ်မှ အရာရှိချုပ် ဒေါက်တာ ဘာဘီနာအန်အမ်က ဆိုပါတယ်။
▪️ ဒါ့အပြင် ဆီးအိမ်ဟာ ကြွက်သားတစ်ခုဖြစ်ကာ ဆီးသွားချင်စိတ်ကို လစ်လျူရှုလိုက်ရင် ကြွက်သားအားနည်းစေပြီး ဆီးလွှတ်ထုတ်မှု ထိန်းချုပ်ခြင်းမှာ ခက်ခဲလာနိုင်ပါတယ်။
Source: Indian Express.
ဆီးရီးယားဟာ ၁၄ နှစ်ကျော်အတွင်း ပထမဆုံးအနေဖြင့် ရေနံစိမ်းတင်ပို့မှုများ ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။
BeServ Energy နဲ့ သဘောတူညီချက်ရယူကာ တာတပ်စ်ဆိပ်ကမ်းကနေ ရေနံစိမ်းစည်ပိုင်း ၆ သိန်းတင်ပို့မှု စတင်ထွက်ခွာကြောင်း ဆီးရီးယားစွမ်းအင်ဝန်ကြီးဌာနက အင်္ဂါနေ့မှာကြေညာခဲ့ပါတယ်။
#World_Business
Published 10 September 2025
#ဆီးရီးယားရေနံစိမ်း #တာတပ်စ်ဆိပ်ကမ်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 10 September 2025
၁။ ပြင်ပရွှေဈေး သုံးရက်အတွင်း ကျပ်တစ်သိန်းကျော်ထပ်မံ မြင့်တက်လာ
၂။ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာများကို တိုင်းဒေသကြီးအချို့၌
Pilot Project အဖြစ်စတင်ဖြန့်ဖြူးပေးနေ
၃။ အင်းလေးဖောင်တော်ဦးဘုရား ညောင်ရွှေမြို့၌ သုံးရက်ကြာအပူဇော်ခံမည်
၄။ ဆီးရီးယားရေနံစိမ်းများတင်ပို့မှုပြန်လည်စတင်ကာ နိုင်ငံတကာစီးပွားရေးကဏ္ဍသိုပြန်လည်ဝင်ရောက်နိုင်ရန်ခန့်မှန်း ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်းပြီး မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှကူညီဆောင်ရွက်တဲ့ စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို ယခုလ ၇ ရက်၊ နံနက်ပိုင်းက အဆိုပါဈေးရုံ တည်ဆောက်မဲ့ မြေနေရာမှာကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 10 September 2025
#မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ #စစ်ကိုင်းမြို့_ရွှေမင်းဝံဈေး
#YMG/SW #Yangon_Times
ရန်ကုန်မန္တလေးအမြန်လမ်း၉၈မိုင်နဂါးညီနောင် ကျောင်းတိုက်မှာ
နဂါးညီနောင် ကမ္ဘာလုံးကပ်ကျော်ဆုတောင်းပြည့်စေတီတော်မြတ်
ကြီး ဌာပနာပိတ်ပွဲကို တပေါင်းလပြည့်ကျော်(၁)ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 10 September 2025
#နဂါးညီနောင် #ရန်ကုန်မန္တလေးအမြန်လမ်း
#YMG/NN #Yangon_Times
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်ကြီး ဒေသစာရီကြွချီအပူဇော်ခံရာတွင် ညောင်ရွှေမြို့၌ သုံးရက်ကြာအပူဇော်ခံသွားမယ်လို့သိရပါတယ်။
#Local_News
Published 10 September 2025
#အင်းလေးဖောင်တော်ဦးဘုရား # ညောင်ရွှေမြို့
#YMG/SW #Yangon_Times
ကုလသမဂ္ဂ၊၉ စက်တင်ဘာ (ဆင်ဟွာ)- ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ ၈၀ ကြိမ်မြောက် အစည်းအဝေးကို အထွေထွေညီလာခံ ဥက္ကဋ္ဌသစ်ဖြစ်သူ Annalena Baerbock က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၈၀ ကြိမ်မြောက် UNGA အစည်းအဝေး၏ ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်စွာ အတူလက်တွဲကြပါစို့- ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လူ့အခွင့်အရေးအတွက် နှစ် ၈၀ နှင့် အနာဂတ်” ဖြစ်သည်။
"၈၀ ကြိမ်မြောက် အထွေထွေညီလာခံ အစည်းအဝေးဟာ သာမန်အစည်းအဝေးမဟုတ်ပါဘူး" ဟု Baerbock က ပြောကြားခဲ့သည်။
"နှစ် ၈၀၊ပျမ်းမျှလူ့သက်တမ်းထက် ပိုရှည်ပါတယ်။ ပုံမှန်ဆိုရင် ဒါက ပျော်ပွဲရွှင်ပွဲလုပ်ဖို့ အချိန်ဖြစ်ပေမယ့် ကျွန်မတို့ တကယ်ပဲ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ စိတ်ပါနေသလား" ဟု UNGA ဥက္ကဋ္ဌသစ်က မေးခွန်းထုတ်ခဲ့သည်။
ဂါဇာရှိ မိဘများသည် ၎င်းတို့၏ကလေးများ ငတ်မွတ်နေသည်ကို ကြည့်နေကြရကြောင်း၊ အာဖဂန်မိန်းကလေးများ ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရကြောင်း၊ ဒါဖါရှိ အမျိုးသမီးများသည် ၎င်းတို့၏သမီးများ အဓမ္မပြုကျင့်ခံရခြင်းမှ ကာကွယ်ရန် ဝှက်ထားကြရကြောင်း၊ ပစိဖိတ်ကျွန်းသား များသည် ပင်လယ်ရေမြင့်တက်လာမှုနှင့် ၎င်းတို့၏နေအိမ်များကို လှိုင်းများရိုက်ခတ်နေသည်ကို ကြည့်နေကြရကြောင်း၊ လူဦးရေ သန်း ၈၀၈ သန်းသည် ဆက်လက်၍ ဆိုးရွားသော ဆင်းရဲမွဲတေမှုအောက်တွင် ပိတ်မိနေကြကြောင်း သူမက ပြောကြားခဲ့သည်။
"ပျော်ပွဲရွှင်ပွဲလုပ်မယ့်အစား ကျွန်မတို့ကို ငရဲကနေကယ်တင်ဖို့ ဖန်တီးခဲ့တဲ့ ကုလသမဂ္ဂ ဘယ်မှာလဲလို့ မေးကောင်းမေးနိုင်ပါတယ်" ဟု Baerbock က မေးခွန်းထုတ်ခဲ့သည်။
သို့သော်လည်း ကမ္ဘာကြီးသည် ကုလသမဂ္ဂကို လိုအပ်နေပြီး ၎င်းသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းကို စုစည်းနိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကာ စစ်မှန်သော ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေကြောင်း သူမက ထောက်ပြခဲ့သည်။
"ဒါဟာ နောင်အနှစ် ၈၀ - ကျွန်မတို့ ကလေးတွေရဲ့ဘဝအချိန်တွေအတွက် လိုအပ်တဲ့ ကုလသမဂ္ဂကို လိုက်လျောညီထွေဖြစ်အောင်၊ ပြောင်းလဲအောင် တည်ဆောက်ရမယ့်နှစ်ပါ" ဟု UNGA ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ "ဒီအဖွဲ့အစည်း ဘာကြောင့် အရေးပါနေသေးလဲဆိုတာကို လူဦးရေ သန်း ၈၀၀၀ ကို ပြသဖို့ အချိန်ပါပဲ" ဟုလည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က လွန်ခဲ့သော ဆယ်စုနှစ် ၈ ခု အကြာ တွင် ကုလသမဂ္ဂကို တည်ထောင်သူများသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင် စုဝေးခဲ့ကြပြီး "ကွဲပြားခြားနားသောအရာတစ်ခု" - စစ်ပွဲကဲ့သို့သော ဘေးအန္တရာယ် များကို တားဆီးနိုင်ရုံသာမက လူသားမျိုးနွယ်ကို ကြာရှည်စွာ ဒုက္ခပေးနေသော ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု၊ နာမကျန်းမှုနှင့် မညီမျှမှုတို့ကဲ့သို့သော အခြားပြဿနာဟောင်းများအတွက် ဖြေရှင်းချက်များ ကို ဖော်ဆောင်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြေရှင်းရေးအဖွဲ့ကို စိတ်ကူးခဲ့ကြကြောင်း ပြောကြားခဲ့ သည်။
ကမ္ဘာအတွက်ကမ္ဘာကတည်ဆောက်ထားသည့် ကုလသမဂ္ဂပဋိညာဉ်၏ တန်ဖိုးများနှင့် အခြေခံမူများ အပေါ် အခြေခံထားသော ဤကြိုးပမ်းအားထုတ်မှုများသည် ဤညီလာခံနှင့်ပတ်သက်၍ အဓိကဖြစ် ကြောင်း Guterres က ပြောကြားခဲ့သည်။
"ကုလသမဂ္ဂက နေရာပေးတယ်။ ပဋိညာဉ်က ကိရိယာတွေ ပေးတယ်" ဟု ကုလသမဂ္ဂအကြီးအကဲက အလေးပေးပြောကြားခဲ့ပြီး၊ ပြီးခဲ့သည့် စက်တင်ဘာလတွင် ချမှတ်ခဲ့သည့် Pact for the Future သည် နိုင်ငံစုံစနစ်နှင့် ဤအဖွဲ့အစည်း၏ ပထမဆုံးနေ့မှစ၍ သတ်မှတ်ခဲ့သော တန်ဖိုးများအတွက် တွန်းအား ပေးခဲ့ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
ကုလသမဂ္ဂပဋိညာဉ်သည် "မိမိဘာသာ အကောင်အထည်ဖော်နိုင်ခြင်းမရှိ" ဟု Guterres က ထောက်ပြ ခဲ့ပြီး၊ ၎င်းကို ဒီဇိုင်းထုတ်ထားသည့်ပုံစံအရ နိုင်ငံများအနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကို ကျော်လွန်ကြည့်ရှုရန်နှင့် အချင်းချင်းအပေါ် ယုံကြည်မှုနှင့် ယုံကြည်ကိုးစားမှုကို ပြန်လည်တည်ဆောက် ရန် လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုမှတစ်ဆင့် နိုင်ငံတကာအသိုက်အဝန်း သည် လုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြောင်းလည်း သူကပြောသည်။
"ပြီးတော့ ကမ္ဘာ့ပြဿနာအားလုံးကို ဒီနေရာမှာ ဖြေရှင်းလို့မရပေမယ့် လူသားမျိုးနွယ်ကို ပိုမို ကောင်းမွန်ပြီး၊ ပိုမိုမျှတတဲ့၊ ပိုမိုငြိမ်းချမ်းပြီး တန်းတူညီမျှတဲ့ကမ္ဘာဆီကို နောက်ဆုံးမှာ ပိုမိုနီးကပ်လာစေ မယ့်အဖြေတွေရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ စည်းလုံးနိုင်တယ်ဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ အဆင့်မြင့်အစည်းအဝေး သီတင်းပတ်ကို ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်များသည် အထွေထွေငြင်းခုံဆွေးနွေးပွဲနှင့် ကုလသမဂ္ဂ၏ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်အခိုက်အတန့်အစီအစဉ်၊ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ၏ နှစ် ၃၀ ပြည့် အဆင့်မြင့်အစည်းအဝေး၊ ရာသီဥတု ညီလာခံနှင့် AI အုပ်ချုပ်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲစတင်သည့် အဆင့်မြင့် အစည်းအဝေး အပါ အဝင် ညီလာခံများစွာကို တက်ရောက်စုဝေးကြမည်ဖြစ်သည်။
အင်္ဂါနေ့နံနက်ပိုင်းတွင် ၇၉ ကြိမ်မြောက် UNGA အစည်းအဝေးပြီးဆုံးချိန်တွင် Baerbock သည် ၈၀ ကြိမ်မြောက် အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
Source: Xinhua
Page 290 of 2056