#Local_News
Published 04 December 2025
▪️ မန္တလေးမြို့ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်၌ ယနေ့မနက်အစောပိုင်း၌ မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ ၄ ရက်နေ့၊ မနက်၇နာရီ ၄၁ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၅၈လမ်း၊ ၁၀၁ လမ်းနှင့် ၄၃ လမ်းကြား ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုထွက်ခွာ ငြိမ်းသတ်ခဲ့ရာ
၇ နာရီ၅၇ မိနစ်၌ အချိန်မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ၃ မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်း ၊မီးလောင်မှုဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times