အခုနှစ် ရှစ်လတာအတွင်း ကန်ဒေါ်လာသန်းပေါင်း (၃၅၀) ကျော်
တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲ တန်ချိန်တစ်သန်းကျော်အထိ တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 06 September 2025
#ဆန်နှင့်ဆန်ကွဲ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 06 September 2025
▪️ မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၁၅၃၀၀၀ ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ယမာန်နေ့က ကျင်းပသည့် လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကပြောကြားခဲ့သည်။
▪️ ထိုသို့ပြောကြားရာတွင်ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၃၆၀၀ ကျော်၊ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဆက်စပ်ရေကြီး ရေလျှံမှုများကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၂၂၀၀၀ ကျော်ဆုံးရှုးခဲ့ကြောင်း၊ ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံပြုပြင်ခြင်းနှင့် Rotor Pole များ ပြုပြင်ခြင်းအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ ငွေမှငွေကျပ်သန်းပေါင်း ၄၀၀၀၀ ကျော် ကျခံဆောင်ရွက်ပေးခဲ့ကြောင်း၊ လတ်တလောကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် လျှပ်စစ်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၁၅၃၀၀၀ ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၃၄၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ဘေးဒဏ်ခံနိုင်ရည်ရှိသော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်သကဲ့သို စွမ်းအင်ထုတ်လုပ်သိုလှောင်မှု နည်းစနစ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လွှတ်၊ ဖြန့်ဖြူးမှုများတွင်လည်း ခေတ်မီနည်းပညာများနှင့် ဆောင်ရွက်ထားနိုင်မှသာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထိုနောက် ဒုတိယဝန်ကြီးက စကားဝိုင်းဆွေးနွေးပွဲတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန်စီမံထားရှိမှုများ၊ ဆောင်ရွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
▪️ ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတိုမှ ဘာသာရပ်ဆိုင်ရာပညာရှင်များက ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာ ကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဆွေးနွေးပွဲကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတိုပူးပေါင်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲရွာခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးရဲ့ အကူအညီနဲ့ ဒို့အိမ်က စီမံဆောင်ရွက်နေတဲ့ The Women in Construction and Community Centre Restoration စီမံကိန်းအရ ရန်ကုန်၊ သန်လျင်မြို့မှာ တည်ရှိတဲ့ အမွေအနှစ်အဆောက်အအုံတစ်ခုကို ဆောက်လုပ်ရေးကျွမ်းကျင် အမျိုးသမီးလုပ်သားများ၊ ပညာရှင်များနဲ့အတူ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 06 September 2025
#ဂျာမနီ #ရန်ကုန်_သန်လျင်မြို့
#YMG/SW #Yangon_Times
#World_News
Published 06 September 2025
▪️ အမေရိကန် ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ဒိုင်းစက်ရုံတစ်ခုကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နိုင်ငံခြားသား အလုပ်သမားများ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်မယ်ဆိုရင် သင့်လျော်သောခွင့်ပြုချက် ရှိဖို့လိုအပ်တဲ့ ဥပဒေများကို ထရမ့်အစိုးရအဖွဲ့က ပြဌာန်းသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ စီမံကိန်းလုပ်ငန်းများအတွက် ခေါ်ဆောင်လာတဲ့ နိုင်ငံခြားသား လုပ်သားတိုင်းဟာ အမေရိကန်သို့ တရားဝင် ဝင်ရောက်လာရမှာဖြစ်ပြီး သင့်လျော်တဲ့ လုပ်ငန်းခွင့်ပြုချက်များ ရှိရမယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အက်ဘီဂေးလ်ဂျက်ဆင်က ပြောပါတယ်။
▪️ သမ္မတထရမ့်ဟာ ပြည်ထောင်စုလူဝင်မှုဥပဒေတွေကို ကြပ်မတ်လုပ်ဆောင်နေသလို အမေရိကန်ကို ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်စေရန် လုပ်ဆောင်သွားမယ်လို့ ကတိပြုထားကြောင်း ဆိုပါတယ်။
▪️ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဂျော်ဂျီယာမှ ဟွန်ဒိုင်းလျှပ်စစ်ကားစက်ရုံကို ဝင်ရောက်စီးနင်းရာမှာ လူ ၅၀၀ နီးပါး ဖမ်းဆီးခဲ့ပါတယ်။
▪️ အဓိကအားဖြင့် တရားမဝင် အလုပ်လုပ်နေသူတွေ၊ ဗီဇာသက်တမ်းလွန်သူတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
▪️ ထိုထဲကမှ ၄၇၅ ဦးခန့်ဟာ တောင်ကိုရီးယားနိုင်ငံသားများဖြစ်ပြီး ကားဘက်ထရီစက်ရုံတည်ဆောက်တဲ့ နေရာနဲ့ ဆက်နွယ်တယ်လို့ သတင်းရရှိထားပါတယ်။
▪️ ဟွန်ဒိုင်းနဲ့ KIA လျှပ်စစ်ကားများအတွက် ဘက်ထရီများထုတ်လုပ်မယ့် စက်ရုံဆောက်လုပ်ရေးနေရာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကာ အမေရိကန်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာတွေကို မြင်နေရဆဲဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 06 September 2025
▪️ စမ်းသပ်နေဆဲ ကင်ဆာကာကွယ်ဆေးတစ်မျိုးဟာ အချို့သောကင်ဆာတွေ ပြန်ဖြစ်မလာအောင် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ UCLA ကျန်းမာရေးဂျွန်ဆန် ကင်ဆာဌာနရဲ့ ပထမအဆင့် စမ်းသပ်ချက်မှာ ပန်ကရိယနဲ့ အူမကြီးကင်ဆာ ကုသမှုခံယူနေသူ ၂၅ ဦးနဲ့ ကာကွယ်ဆေး စမ်းသပ်ခဲ့ပါတယ်။
▪️ လူနာတွေက ကင်ဆာအကျိတ်တွေကို ခွဲစိတ်ဖယ်ရှားထားကာ ကင်ဆာပြန်ဖြစ်နိုင်တဲ့ ရောဂါအကြွင်းအကျန်လက္ခဏာတွေ မြင်တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
▪️ အူမကြီးနဲ့ ပန်ကရိယကင်ဆာတို့ဖြစ်စေတဲ့ KRAS မျိုးဗီဇပစ္စည်း ဆင့်ကဲပြောင်းလဲခြင်းကို ကာကွယ်ဆေးက ပစ်မှတ်ထားပြီး လင့်နေရာတွေမှာ ကိုယ်ခံအားတုံ့ပြန်မှု လှုံ့ဆော်ပေးပါတယ်။
▪️ ၂၅ ယောက်မှာ ၂၁ ယောက်က KRAS သီးသန့်တီဆဲလ်တွေ ထုတ်လုပ်ပြီး ကိုယ်ခံအားပိုအားကောင်းစေကာ ကင်ဆာပြန်မဖြစ်ချိန် ပိုကြာတာတွေ့ရပါတယ်။
▪️ ဒီထဲက ကိုယ်ခံအားတုံ့ပြန်မှု အကောင်းဆုံးလူနာတွေဟာ ကာကွယ်ဆေးထိုးပြီးနောက် လပေါင်း ၂၀ နီးပါး ကင်ဆာမရှိဘဲ နေနိုင်ခဲ့ကြပါတယ်။
▪️ သူ့ရဲ့အားသာချက်က အများအပြားထုတ်လုပ်နိုင်ကာ တစ်ဦးချင်းစီအတွက် သီးသန့်ကာကွယ်ဆေး လုပ်ပေးစရာမလိုပါဘူး။
▪️ သီးသန့်ကာကွယ်ဆေးတွေလို အကုန်အကျ ရှုပ်ထွေးမှုမများဘဲ ပိုမိုကြာရှည်ခံတဲ့ ကိုယ်ခံအားတုံ့ပြန်မှု ရရှိစေမှာ ဖြစ်ပါတယ်။
▪️ ဒီလေ့လာချက်ကို MD Anderson ကင်ဆာဌာနနဲ့ Memorial Sloan Kettering ကင်ဆာဌာနတို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
▪️ ပန်ကရိယလိုမျိုး အကျိတ်တွေဟာ ကုသရခက်ခဲတယ်လို့ Fox News ဆေးပညာဆန်းစစ်သူ ဒေါက်တာ မတ်ဆီဂယ်က ပြောသွားပါတယ်။
Source: New York Post.
#World_Health
Published 06 September 2025
▪️ လူသားတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေဆီကနေ အချို့သောရောဂါတွေ ကူးစက်နိုင်ကာ ဒါတွေကို တိရိစ္ဆာန်မှကူးသောရောဂါများလို့ ခေါ်ပါတယ်။
သူတို့မှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးကောင်တွေ၊ မှိုတွေသယ်ဆောင်ပြီး လူတွေဆီ ကူးစက်နိုင်ပါတယ်။
▪️ ဒါတွေကို ပုံမှန်ဆေးစစ်ဆေးခြင်း၊ သန့်ရှင်းစွာထားခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်သဖြင့် ဒီရောဂါတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ပွေး - ခွေးတွေကြောင်တွေမှာ ဒီမှိုရောဂါကို သယ်ဆောင်နိုင်ပြီး တိုက်ရိုက်ထိတွေ့ခြင်းကနေ ကူးစက်နိုင်ကာ ပုံမှန်ရေချိုးသန့်စင်ပေးသင့်ပါတယ်။
▪️ (၂) Toxoplasmosis - ကြောင်အညစ်အကြေးတွေမှာ တွေ့ရတတ်ပြီး ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ခံအားနည်းသူတွေမှာ အန္တရာယ်များနိုင်ကာ စွန့်ပစ်တဲ့အခါ သေချာကိုင်တွယ်ဆေးကြောသင့်ပါတယ်။
▪️ (၃) ကြောင်ကုတ်ရောဂါ - Bartonella henselae ဘက်တီးရီးယားကူးစက်ထားတဲ့ ကြောင်တွေ ကုတ်ခြစ်ကိုက်မိရာကနေ ကူးစက်တတ်တာကြောင့် ကြမ်းတမ်းစွာ ဆော့ကစားခြင်း မပြုလုပ်သင့်ပါဘူး။
▪️ (၄) Salmonellosis - ငှက်တွေ၊ ရောဂါပိုးရှိတဲ့ အစားအစာတွေကို အစိမ်းလိုက် ကိုင်တွယ်ရာကနေ ဆယ်မွန်နဲလားဘက်တီးရီးယား ကူးစက်နိုင်ပြီး ကိုင်တွယ်ပြီးတိုင်း လက်ဆေးသင့်ပါတယ်။
▪️ (၅) Leptospirosis - ရောဂါကူးစက်နေတဲ့ ခွေး၊ တိရိစ္ဆာန်များရဲ့ ကျင်ငယ်ကနေ ကူးစက်တတ်ပြီး မိမိရဲ့အိမ်မွေးတွေကို ကာကွယ်ဆေးထိုးခြင်း၊ လမ်းဘေးရေအိုင်များမှ ခပ်ခွာခွာသွားခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
▪️ (၆) Campylobacteriosis - ဝမ်းလျှောနေတဲ့ အိမ်မွေးတွေကို ကိုင်တွယ်ရာကနေ ကူးစက်တတ်ပြီး လူတွေမှာလည်း ဝမ်းလျှောဝမ်းပျက်စေနိုင်တာကြောင့် ကိုင်တွယ်ပြီးတိုင်း သေချာဆေးကြောသင့်ပါတယ်။
▪️ (၇) ခွေးရူးပြန်ရောဂါ - ဒီရောဂါရှိတဲ့ တိရိစ္ဆာန် ကိုက်ခံရရင် ကူးစက်နိုင်ပြီး အာရုံကြောစနစ်ကို ထိခိုက်ကာ အသက်အန္တရာယ် ဖြစ်စေပါတယ်။
▪️ (၈) သံကောင်များ - အိမ်မွေးတွေရဲ့ အူတွေထဲမှာ နေထိုင်ကာ အညစ်အကြေးတွေ ထိမိရာကနေ လူသားတွေဆီ ကူးစက်နိုင်တာကြောင့် ပုံမှန်သန်ချပေးသင့်ပါတယ်။
Source: DoctorNDTV
ဗုဒ္ဓဟူးနေ့က ပေကျင်းမှာကျင်းပတဲ့ စစ်ရေးပြပွဲကြီးမှာ တရုတ်ကမောင်းသူမဲ့စစ်လက်နက်တွေကို မိတ်ဆက်ခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ အနာဂတ်ဦးစားပေး တိုက်ခိုက်ရေးစိတ်ကူးစိတ်သန်းတွေကို ပြသခဲ့ပါတယ်။
#Asia_Military
Published 05 September 2025
#မောင်းသူမဲ့စစ်လက်နက်စွမ်းရည် #တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 05 September 2025
၁။ အင်းလေးဖောင်တော်ဦးဘုရား(၆)ရက်နေ့မှ စတင်ကာပြန်လည်ဖွင့်လှစ်မည်
၂။ မျိုးသုဉ်းရန်အလွန်နီးကပ်နေသော Indochinese Leopardမျိုးစိတ် ကျားသစ်တစ်ကောင်ပေါက်ဖွား
၃။ (95)မှအပ ကျန်စက်သုံးဆီဈေးနှုန်းအားလုံးမြင့်တက်
၄။ စစ်ရေးပြပွဲ၌ကြည်းရေလေသုံးမျိုးစလုံး၏မောင်းသူမဲ့စစ်လက်နက်စွမ်းရည်များအား တရုတ်ပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေး အတက်ကြမ်းနေတာကြောင့် အခုတစ်ပတ်အတွင်း ရည်ညွှန်းဈေးနဲ့ပြင်ပပေါက်ဈေးတွေဆက်လက်မြင့်တက်လာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 05 September 2025
#ကမ္ဘာ့ရွှေဈေးအတက်ကြမ်း #ရွှေ
#YMG/NN #Yangon_Times
အခုတစ်ပတ်အတွက်စက်သုံးဆီ ရည်ညွှန်းဈေးတွေမှာ 95 မှအပ ကျန်စက်သုံးဆီဈေးနှုန်း အားလုံးမြင့်တက်နေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 05 September 2025
#စက်သုံးဆီဈေးနှုန်း
#YMG/NN #Yangon_Times
အရေးတကြီးထိန်းသိမ်းသင့်ပြီး မျိုးသုဉ်းဖို့ အလွန်နီးကပ်နေတဲ့မျိုးစိတ်တစ်ခုထဲမှာပါဝင်တဲ့ Indochinese Leopardမျိုးစိတ်မှ ကျားသစ်တစ်ကောင် ပေါက်ဖွားခဲ့တယ်လို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ သိရပါတယ်။
#Local_News
Published 05 September 2025
#ကျားသစ် #တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)
#YMG/SW #Yangon_Times
အင်းလေးဖောင်တော်ဦးဘုရားပြုပြင်မှုပြီးစီးသွားပြီဖြစ်တာကြောင့် ယခုလ(၆)ရက်မှစတင်ကာ ပြန်လည်ဖူးမျှော်ကြည်ညိုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 05 September 2025
#အင်းလေးဖောင်တော်ဦး
#YMG/SW #Yangon_Times
Page 295 of 2056