#Local_News
Published 27 November 2025
▪️ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ ပန်ဒါနီလေးများရောက်ရှိလာပြီး ပြသထားပြီဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)ကအသိပေးထားသည်။
▪️ အဆိုပါ တိရိစ္ဆာန်ဥယျာဉ်သို့ နိုဝင်ဘာ၂၆ရက်က ရောက်ရှိ၍ ပြသထားပြီဖြစ်ကာ လက်တလောတွင် ပန်ဒါနီလေးကောင်ကို ပြသထားကြောင်းသိရသည်။
▪️ "ဒီလို ချစ်မြတ်နိုးဖွယ်ကောင်းပြီး ရှားပါးမျိုးစိတ်ဖြစ်သည့် ပန်ဒါနီလေးများကို တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ )တွင်အခုပဲမြင်တွေ့နိုင်ပြီ " ဟုဆိုထားသည်။
▪️ အဆိုပါ ပန်ဒါနီလေးများသည် ဝိုင်းစက်၍ လှပသောမျက်ဝန်းလေးများ ၊ အနီရောင် နှင့် အညိုရောင်ရှိသည့် အမွှေးပွပွလေးများ ၊ တုတ်ခိုင်သည့် အမြှီးရှည်လေးများ ပိုင်ဆိုင်ထားကြောင်းသိရသည်။
▪️ ထို့အပြင် ချစ်စဖွယ်ဟန်ပန် အမူအယာလေးများကိုလည်း ပိုင်ဆိုင်ထား သောကြောင့် လာရောက်ကြည့်ရှုူ့ကြရန်လည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times