#Local_News
Published 09 September 2025
▪️ ယခုစက်တင်ဘာလအတွက် ကုန်သေတ္တာတင်သင်္ဘော (၅၉)စီး ကို ကနဦးပြေးဆွဲ ရန်လျာထားပြီး ထပ်မံ၍လည်း တိုးချဲ့ပြေးဆွဲပေးသွားရန်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MPA)က အသိပေးထားသည်။
▪️ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွက် ကုန်သေတ္တာတင် သင်္ဘောစာရင်း
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင်ရန် စသည့်အချက်များအရ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားကြောင်းသိရသည်။
▪️ စက်တင်ဘာလတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော (၅၉)စီး ပြေးဆွဲ သွားမည်ဖြစ်ပြီး ထပ်မံတိုးချဲ့ပြေးဆွဲမည့် စာရင်းများကိုလည်း အချိန်နှင့် တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times