#World_Health
Published 26 August 2026

■ ကိုယ်အလေးချိန် လျှော့ချခြင်းနဲ့ပတ်သက်ရင် နာရီအပိုင်းအခြားအလိုက် အစာဖြတ်ခြင်းနည်းလမ်းက လူပြောအများဆုံး နည်းလမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။

■ ညစာနဲ့ နောက်နေ့နံနက်စာ စားချိန်ကြား ၁၂ နာရီခြားပေးခြင်း (၁၂း၁၂ စည်းမျဉ်း)က ကိုယ်အလေးချိန် ရေရှည်ထိန်းသိမ်းရန် လွယ်ကူစနစ်ကျတဲ့ နည်းလမ်းဖြစ်ပါတယ်။

■ ၁၆:၈ ၊ ၁၄:၁၀ အစာဖြတ်ခြင်း နည်းလမ်းတွေကတော့ တင်းကျပ်လွန်းကာ ၁၂:၁၂ နည်းလမ်းကတော့ အစာကို တားဆီးတာထက် အစာအိမ်နဲ့ အစာခြေစနစ် အနားပေးခြင်းကို ပိုမိုဦးစားပေးပါတယ်။

■ တစ်ညလုံး အစားမစားဘဲနေခြင်းက အစာခြေပြီးနောက် အင်ဆူလင်ပမာဏလျော့ကျစေပြီး ခန္ဓာကိုယ်မှ သိုလှောင်ထားတဲ့ စွမ်းအင်များကို ပြန်လည်ထုတ်သုံးရန်အချိန်ရရှိစေပါတယ်။

■ အစားစားချိန်ကို ခန္ဓာကိုယ်ရဲ့ နေ့ညလည်ပတ်စက်ဝန်းနဲ့ ကိုက်ညီအောင် ပြုမူနေထိုင်ခြင်းက ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်နဲ့ စွမ်းအင်အသုံးချမှု ဇီဝဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေပါတယ်။

■ ညစာစားချိန်ကို အတိအကျသတ်မှတ်လိုက်ခြင်းကြောင့် ညဘက်မှာကယ်လိုရီများတဲ့ မုန့်တွေကို မလိုအပ်ဘဲစားမိခြင်းကနေသဘာဝအတိုင်းတားဆီးပေးပါတယ်။

■ ဒီစည်းမျဉ်းက နေ့စဉ်လူနေမှုဘဝနဲ့ အဆင်ပြေစေတာကြောင့် အခြားသော အစာဖြတ်ခြင်းနည်းတွေထက် ရေရှည်ပုံမှန်လုပ်ဆောင်ရန် လွယ်ကူစေပါတယ်။

■ အစားအစာ အာဟာရစားသုံးမှုကလည်း အရေးကြီးဆဲဖြစ်ပြီး ဟင်းရွက်၊ အဆီနည်းတဲ့အသား၊ ရေဓာတ်ပြည့်ဝမှု စတာတွေလည်း လိုအပ်ပါတယ်။

■ လူအများစုအတွက် ဒီနည်းလမ်းက ဘေးကင်းပေမယ့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ ဆီးချိုလိုမျိုး ရောဂါရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ စတင်ကျင့်ကြံသင့်ပါတယ်။

Source: Indian Express