#Local_News
Published ၀9 September 2025

▪️ ယနေ့ကျင်းပမည့်၂၀၂၆ အာရှဖလားခြေစစ်ပွဲ ယူ ၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(B)မြန်မာအသင်းနှင့် အာဖဂန်နစ္စတန် အသင်းခြေစစ်ပွဲစဉ်ကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်‌ကြောင်းသိရသည်။

▪️ ၂၀၂၆ အာရှဖလားခြေစစ်ပွဲ ယူ ၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်များကို စက်တင်ဘာလ ၃ရက် မှ ၉ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပလျှက်ရှိရာ ယနေ့ညနေ ၄နာရီတွင် မြန်မာ့လက်ရွေးစင်ယူ၂၃ အမျိုးသားဘောလုံးအသင်းနှင့်အာဖဂန်နစ္စတန် အသင်းတို့ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။

▪️ ထိုပွဲစဉ်အား ညနေ ၃နာရီ ၄၅မိနစ်မှ စတင်ကာ MRTV HD Channel,MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(live)ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times