#World_Health
Published 28 August 2024
▪️ ကော်ဖီမှာ သကြား၊ နို့ဆီဘာမှ မထည့်တဲ့ ဘလက်ခ်ကော်ဖီဟာ လူကြိုက်များသလို ကယ်လိုရီနည်းပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းပြီး နှလုံးရောဂါ၊ ဆီးချိုစတဲ့ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။
▪️ ဒါပေမဲ့ အလွန်အကျွံ သောက်သုံးရင်တော့ သွေးပေါင်ချိန် များနိုင်ကာ စိတ်လှုပ်ရှားခြင်း၊ အိပ်မပျော်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
ဘလက်ကော်ဖီ နေ့စဉ်သောက်သုံးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့..
(၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း
▪️ ကလိုရိုဂျန်နစ်အက်ဆစ်လို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။
(၂) ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက် တိုးတက်ခြင်း
▪️ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသဖြင့် အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်ပိုင်း၊ နိုးကြားမှုတို့ မြှင့်တင်ပေးကာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတို့ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
(၃) ကိုယ်အလေးချိန် လျော့ကျရန်ထောက်ကူခြင်း
▪️ ဘလက်ကော်ဖီက ကယ်လိုရီနည်းပြီး ဇီဝကမ္မဖြစ်စဉ် မြန်စေတာကြောင့် အဆီလောင်ကျွမ်းကာ ကိုယ်အလေးချိန် ထိန်းနိုင်ပါတယ်။
(၄) ဆီးချိုဖြစ်နိုင်ခြေ နည်းစေခြင်း
▪️ ပုံမှန်သောက်သုံးပါက အင်ဆူလင် အလုပ်လုပ်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
(၅) အသည်းကျန်းမာရေး ကောင်းစေခြင်း
▪️ အသည်းအဆီဖုံးခြင်းမှ ကာကွယ်ပေးကာ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာတို့ ဖြစ်နိုင်ခြေလည်း လျှော့ချပေးပါတယ်။
ဘလက်ကော်ဖီကို ကျန်းမာရေးနဲ့မညီစွာ သောက်သုံးမိပါက ဘေးအန္တရာယ်အနေနဲ့..
(၁) အစာအိမ်အက်ဆစ်လျှံတက်ခြင်း
▪️ အစာရေမျိုအောက်ပိုင်း ကြွက်သားလျော့စေကာ အက်ဆစ်လျှံတက်နိုင်ပြီး ရင်ပူခြင်း၊ အစာရေမျို လျှံတက်ခြင်းရောဂါတို့ ဖြစ်စေနိုင်ပါတယ်။
(၂) ကဖင်းဓာတ်စွဲလမ်းခြင်း
▪️ ကဖင်းဓာတ် ပုံမှန်သောက်ပါက စွဲလမ်းလာနိုင်ပြီး မသောက်ဖြစ်ပါက ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
(၃) အိပ်စက်မှုပြဿနာ
▪️ ကဖင်းဓာတ်က အာနိသင်ပြချိန် ၆ နာရီခန့်ကြာမြင့်တာကြောင့် ညနေပိုင်းလောက် ကော်ဖီသောက်မယ်ဆိုရင် အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။
(၄) အရိုးကျန်းမာရေးပြဿနာ
▪️ ကော်ဖီအသောက်များပါက ကယ်လ်စီယံ လျော့နည်းနိုင်ပြီး အရိုးပွရောဂါ၊ အရိုးပြဿနာများ ဖြစ်နိုင်ပါတယ်။
(၅) သွေးပေါင်ချိန်တိုးခြင်း
▪️ သွေးပေါင်ချိန် ခဏတာ မြင့်တက်နိုင်ပြီး နှလုံးရောဂါအခံ ရှိသူတွေမှာ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်ပါတယ်။
#Source: DoctorNDTV
#World_Health
Published 28 August 2024
▪️ သုတေသနအသစ်အရ အသက်ကြီးလာတာနဲ့အမျှ အယ်လ်ကိုဟော မသောက်ခြင်းဖြင့် ကျန်းမာရေးအကျိုးရှိစေတယ်လို့ သိရပါတယ်။
▪️ ဗြိတိန်ပြည်ထောင်စုမှာ ၁၂ နှစ်ကြာအောင် လေ့လာမှုပြုလုပ်ရာ အသက် ၆၀ နဲ့အထက် လူပေါင်း ၁၃၅၀၀၀ ကို စောင့်ကြည့်ခဲ့ကြပြီး အနည်းငယ်မျှ သောက်သုံးရင်တောင် ကင်ဆာကြောင့် သေဆုံးမှုနှုန်း မြင့်မားတာကို တွေ့ရှိရပါတယ်။
▪️ ယခင်လေ့လာချက်တွေမှာတော့ ဝိုင်နီ အနည်းငယ်သောက်သုံးရင် နှလုံးအတွက် ကောင်းမွန်တယ်လို့ ယူဆထားကြပါတယ်။
▪️ ယခုလေ့လာချက်မှာတော့ ကျန်းမာရေးနဲ့ လူမှုစီးပွားရေး ဘယ်လိုအနေအထားပဲဖြစ်ဖြစ် အနည်းငယ်မျှ သောက်သုံးသူနဲ့ အတော်အသင့် သောက်သုံးသူတွေမှာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ လျော့ကျသွားခြင်း မရှိပါဘူး။
▪️ အယ်လ်ကိုဟောက ကျန်းမာရေးအတွက် ကောင်းဖို့နေနေသာသာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေတယ်လို့ အော်တိုနိုမာဒီမက်ဒရစ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေး လက်ထောက်ပရော်ဖက်ဆာ ရိုဆယ်ရီယိုအော်တိုလာက ဆိုပါတယ်။
▪️ လေ့လာချက်အရ အမျိုးသားများ တစ်နေ့ကို ၄၀ ဂရမ်အထက်၊ အမျိုးသမီးများ ၂၀ ဂရမ်အထက် အများအပြား သောက်သူများဟာ သေဆုံးနိုင်ခြေ ပိုများပါတယ်။
▪️ နောက်ထပ် လေ့လာချက်တစ်ခုမှာ တစ်နေ့ကို အရက်ဘီယာတစ်ခွက် သောက်သုံးရုံမျှဖြင့် လူ့သက်တမ်းကို ၂ လခွဲတိုစေနိုင်တယ်လို့ ဆိုပါတယ်။
▪️ အရက်ရှောင်ရှားခြင်း၊ လျှော့သောက်ခြင်းဖြင့် ခံတွင်းနဲ့ လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေ အတော်လေး လျှော့ချနိုင်ပါတယ်။
▪️ ဝိုင်နဲ့ စားသောက်စရာများ တွဲဖက်သောက်စားခြင်းက အသက်အန္တရာယ် လျှော့ချနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ WHO ဖော်ပြချက်အရ အယ်လ်ကိုဟောဟာ ကင်ဆာဖြစ်စေတဲ့ အရာဖြစ်ပြီး အယ်လ်ကိုဟော သောက်ခြင်းဖြင့် ကင်ဆာရောဂါ အများအပြား ဖြစ်နိုင်ခြေများစေတယ်လို့ ဖော်ပြထားပါတယ်။
#Source: New York Post
အရည်အသွေးမြင့် ရုပ်ပုံဒီဇိုင်းတွေနဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်းပါဝင်တဲ့ တရုတ်ပြည်ထုတ် Black Myth အနက်ရောင် ဒဏ္ဏာရီ ဝူခုန်းဂိမ်းဟာ ကမ္ဘာတဝှမ်းမှာ အရောင်းရဆုံးဖြစ်နေပြီး အခုဆိုရင် အမေရိကန်ဈေးကွက်မှာလည်း ရေပန်းစားနေပါတယ်။
#World_Entertainment
Published 27 August 2024
#ဝူခုန်းဂိမ်းထွက် #အရောင်းရဆုံးဂိမ်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 27 August 2024
၁။ မျောက်ကျောက်ရောဂါသံသယလူနာတွေ့ပါက ဝေဘာဂီဆေးရုံသို့ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်ပေးရန်ပြင်ဆင်ထား
၂။ (LPG) ၊ (CNG)နှင့် စက်ဆုံးဆီအရောင်းဆိုင်များ၏ သိုလှောင်မှုဂါလန်များကို တိုးမြှင့်သတ်မှတ်
၃။ ရန်ကုန်တိုင်းမှာ မိုးတိမ်တောင်ဖြစ်ထွန်းပြီး ဒေသ (၃)ခုတွင် မိုးပိုမည်
၄။ ဝူခုန်းဂိမ်းထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပင် အရောင်းရဆုံးဂိမ်းဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 August 2024
▪️ နယ်ချဲ့မှ အိန္ဒိယတွင်မထားရဲ၍ မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်တွင် ထောင်သွင်းအကျဉ်းချခံခဲ့ရသော အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှု၏ ပထမဦးဆုံးခေါင်းဆောင် ‘လောက်မန်ယာထိလပ်’အကြောင်း စာအုပ်အပါအဝင် စာရေးဆရာဟိန်းလတ်၏ စာအုပ်သစ်နှစ်အုပ်ကို သြဂုတ်လ(၂၅)ရက်၊ ရန်ကုန် ဝန်ကြီးများရုံး Lantern House၌မိတ်ဆက်ထုတ်ဝေခဲ့ကြောင်း သိရသည်။
▪️ ဗြိတိသျှကိုတော်လှန်၍ မန္တလေးထောင်တွင်အကျဉ်းကျခဲ့သည့် အဆိုပါ အိန္ဒိယခေါင်းဆောင် ‘လောက်မန်ယာထိလပ်’ အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။
▪️ စာရေးဆရာဟိန်းလတ်၏‘မြန်မာပြောသော မြန်မာစကား’စာအုပ်နဲ့ အိန္ဒိခေါင်းဆောင်‘လောက်မန်ယာထိလပ်’စာအုပ်တို့ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
▪️ အိန္ဒိယခေါင်းဆောင်‘လောက်မန်ယာထိလပ်’ဟာဆိုရင် ဗြိတိသျှနယ်ချဲ့လက်အောက်မှလွတ်မြောက် ရေးအတွက် စတင်တော်လှန်လှုပ်ရှားခဲ့သူဖြစ်သည် ဟုဆိုသည်။
▪️ နယ်ချဲ့မှ အိန္ဒိယ၌ပင်မထားရဲသဖြင့်မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်မှာ (၆)နှစ်ထောင်သွင်း အကျဉ်းခံသူ၊ မန္တလေး ထောင်အတွေ့အကြုံတွေအပါအဝင် အိန္ဒိယအမျိုးသားရေးဝါဒီ ဦးဆောင်ပုဂ္ဂိုလ်‘လောက်မန်ယာထိလပ်’အကြောင်းများကို ရေးသားဖော်ပြထားသည့် စာအုပ်လည်းဖြစ်သည်။
▪️ ယင်းအပြင် မြန်မာစာမြန်မာစကားကိုအလေးအမြတ်ပြုတန်ဖိုးထားသူများအတွက် ‘မြန်မာပြောသော မြန်မာစကား’စာအုပ်မှာ ဝေါ်ဟာရ ခက်ဆစ်တွေ၊ မူလဆိုရိုးစကားတွေအပါအဝင် မြန်မာစကား ကြွယ်ဝစေဖို့ စုဆောင်းတင်ပြထုတ်ဝေထားသည်။
▪️ စာရေးဆရာဟိန်းလတ်၏ ယင်းစာအုပ်သစ်နှစ်အုပ်ကို ခေတ်စာအုပ်ပုံနှိပ်တိုက်မှ ထုတ်ဝေပေးထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Local_News
Published 27 August 2024
▪️ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၁၁၀ ဦးအား ရနောင်းမှကော့သောင်းမြို့သို့ ရေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါ မြန်မာနိုင်ငံသားများတွင် ကလေးနှစ်ဦးအပါအဝင် အမျိုးသား ၈၆ ဦးနှင့် အမျိုးသမီး ၂၂ ဦးတို့ပါဝင်ပြီး ၎င်းတို့သည်ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းခရိုင်တွင် ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ပြီး အများစုမှာ တရားမဝင်ဝင်ရောက်မှုကြောင့် ပြစ်ဒဏ်ကျခြင်းဖြစ်ကြောင်း၊ ၄င်းတို့သည်ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ဩဂုတ် (၂၆)ရက်က ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် သက်ဆိုင်ရာမှ ပြန်လည်ဝင်ရောက်လာသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် လိုအပ်သည်များ စစ်ဆေး၍ ၎င်းတို့ နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 August 2024
▪️ ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်ကို စက်တင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
▪️ အဆိုပါ အမျိုးသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပခဲ့ပြီးဖြစ်ကာ ယင်းပွဲတော်တွင် အားကစားနည်း ၂၄ နည်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အောင်မြင်မှုများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအဆင့် အားကစားပွဲတော်၌ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ခရစ်ကတ်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဂျုဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ရေကူး စသည့် အားကစားနည်း ၂၄ နည်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်၌ ခရိုင်ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ်၍ အောက်တိုဘာလမှစတင်ပြီး စခန်းသွင်းလေ့ကျင့်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
သီတဂူစက္ခုဒါနဆေးရုံတော်၌ သတ္တမအကြိမ်မြောက် မျက်စိဝေဒနာရှင်တွေကို အခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေးခဲ့တယ်လို့ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) က သိရပါတယ်။
#Local_News
Published 27 August 2024
#သီတဂူစက္ခုဒါနဆေးရုံ #အခမဲ့ခွဲစိတ်ကုသ
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ ဩဂုတ်လ (၂၇)ရက်မှာတစ်ရက်တည်း(၂၅)ဒေါ်လာခုန်တက်လာပြီး မြန်မာ့ရွှေဈေးလည်းသောင်းဂဏန်းတက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 27 August 2024
#ကမ္ဘာ့ရွှေဈေးတက် #မြန်မာ့ရွှေဈေးတက်
#YMG/tthl #Yangon_Times
အခုရက်ပိုင်းအတွင်းမှာ ရန်ကုန်တိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းဖို့ရှိပြီး ဒေသ(၃)ခုမှာ မိုးပိုလာမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 27 August 2024
#မိုးတိမ်တောင်ဖြစ်ထွန်း #ဒေသ(၃)ခုတွင်မိုးပိုမည်
#YMG/tthl #Yangon_Times
ဓာတ်ငွေ့ရည်(LPG) ၊သဘာဝဓာတ်ငွေ့(CNG)နဲ့ စက်ဆုံးဆီအရောင်းဆိုင်တွေရဲ့ သိုလှောင်မှုဂါလန်ပမာဏတွေကို တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 27 August 2024
#စက်ဆုံးဆီအရောင်းဆိုင် #သိုလှောင်မှုဂါလန်
#YMG/NN #Yangon_Times
ပြည်ပမှဝင်လာသူတွေထဲမှ မျောက်ကျောက်ရောဂါသံသယလူနာ မတွေ့ရသေးသလို မျောက်ကျောက်ရောဂါသံသယလူနာတွေ့ပါက ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားဖို့ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 27 August 2024
#မျောက်ကျောက်ရောဂါ #ဝေဘာဂီဆေးရုံ
#YMG/tthl #Yangon_Times
Page 304 of 1683