#World_Science
Published 26 August 2025
▪️ ကမ္ဘာဂြိုဟ်နဲ့ ၄.၃ အလင်းနှစ်ကွာဝေးတဲ့နေရာမှာ Alpha Centauri A လို့ခေါ်တဲ့ကြယ် တည်ရှိပြီး ကျွန်ုပ်တို့နေနဲ့ ဆင်တူတဲ့ အနီးဆုံးကြယ်ဖြစ်ပါတယ်။
▪️ နာမည်ကျော် Avatar ရုပ်ရှင်တွေထဲမှာ Pandora လို့ခေါ်တဲ့ စိတ်ကူးယဉ်လဂြိုဟ်က အဆိုပါကြယ်ရှိနေတဲ့ စကြဝဠာထဲရှိနေပါတယ်။
▪️ တကယ့်လက်တွေ့မှာလည်း ဒီဂြိုဟ်ကြီးဟာ Alpha Centauri A ကို လှည့်ပတ်နေဖွယ်ရှိတယ်လို့ အာကာသနက္ခတ်ပညာရှင်များက James Webb Space အဝေးကြည့်မှန်ပြောင်းအသုံးပြုပြီး တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီဂြိုဟ်ဟာ သက်ရှိတွေနေနိုင်လောက်တဲ့ အပူချိန်နေရာလောက်ကနေခွာပြီး ကြယ်ကိုလှည့်ပတ်နေပုံ ပေါ်ပါတယ်။
▪️ Alpha Centauri A မှာ Alpha Centauri B နဲ့ Proxima Centauri ဆိုတဲ့ အပေါင်းအပါတွေလည်းရှိပြီး Alpha Centauri A နဲ့ B တို့ကို ရှာဖွေရတာ ခက်ခဲလှပါတယ်။
▪️ ဒီဂြိုဟ်တွေ ကြယ်တွေနားမှာ တောက်ပတဲ့အလင်းရောင်တွေ ဆွဲအားသက်ရောက်မှုတွေ ရှိနေပေမယ့် James Webb Space အဝေးကြည့်မှန်ပြောင်းကနေ တွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။
▪️ ဒီဂြိုဟ်ဟာ စေတန်နဲ့ ဂျူပီတာတို့လိုဂြိုဟ်တွေနဲ့ အရွယ်အစားထုထည် နီးစပ်ဖွယ်ရှိပြီး လတွေလည်း ရှိနေနိုင်ပါတယ်။
▪️ အချို့လတွေဆိုရင် သူတို့ရဲ့ အရွယ်အစားတွေ အခြေအနေတွေက ပြောရခက်ပေမယ့် သက်ရှိတွေနေထိုင်ဖို့ ထောက်ပံ့နိုင်ဖွယ်ရှိပါတယ်။
▪️ ဒီဂြိုဟ်တည်ရှိမှုကို အတည်ပြုနိုင်ဖို့ နောက်ထပ်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားဖို့ လိုအပ်နေပါတယ်။
Source: NPR
ရုရှားတို့က ပြီးခဲ့တဲ့ရက်တွေမှာ ဒိုနက်စ်ဒေသမှာ အရေးပါတဲ့အခြေကုပ်ရယူထိန်းချုပ်မှု ပြုလုပ်ခဲ့ပြီလို့ ကြာသပတေးနေ့က ကြေညာခဲ့သလို ယူကရိန်းက ထိုနေ့မှာပဲ ဒိုနက်စ်ရှိ တော့ဗ်စ်ဒေသအများစုကို ပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့ကာ ရုရှားပစ်မှတ်များကို ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
#World_Military
Published 25 August 2025
#ရုရှား #ယူကရိန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 August 2025
၁။ စစ်ကိုင်းတွင် မြန်မာ-တရုတ်ချစ်ကြည်ရေး ဈေးရုံတည်ဆောက်မည်
၂။ ပြန်လည်ဝင်ရောက်လာသည့်ပို့ကုန်ရငွေအမျိုးအစားကို ဘဏ်များတွင် အမြန်ဆုံးစာရင်းရှင်းလင်းရန်လို
၃။ နာနတ်သီးရာသီချိန်အတွင်း တန်ချိန်လေးသောင်းခန့် တင်ပို့ရန်အဆင်သင့်ဖြစ်နေ
၄။ တစ်ဖက်နှင့်တစ်ဖက်နယ်မြေသိမ်းပိုက်ထိန်းချုပ်ထားကြောင်း ယူကရိန်းနှင့်ရုရှားထုတ်ပြန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တောင်ပိုင်းခရိုင် ၊ သန်လျင်မြို့နယ် ၊ ငပကျေးရွာ တောင်ကွင်း ၊
'ရွှေခရမ်း ကျောင်းတိုက်'၌ အသံမစဲမဟာပဌာန်းကျမ်းမြတ်ပူဇော်ပွဲ၊ဓမ္မာရုံ ရေစက်ချပွဲ ၊ရှင်သီဝလိ ရဟန္တာမထေမြတ်ကြီးရဲ့ ရုပ်ထုရေစက်ချပွဲ
နဲ့ (၇၃)ကြိမ်မြောက် အဘအောင်မင်းခေါင် ထွက်ပွဲ၊အောင်ပွဲ ပူဇော်ပွဲကို ဩဂုတ်လ(၂၄)ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 25 August 2025
#အဘအောင်မင်းခေါင် #ရှင်သီဝလိရဟန္တာမထေမြတ်ကြီး
#YMG/NN #Yangon_Times
လာမယ့် ဒီဇင်ဘာလထဲမှာစတင်မယ့် နာနတ်သီးအချဥ်ထွက်ရှိတဲ့ ရာသီချိန် အတွင်းမှာ တရုတ်နိုင်ငံကိုတန်ချိန်လေးသောင်းခန့်တင်ပို့နိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ မြန်မာနိုင်ငံနာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 25 August 2025
#နာနတ်သီး #တရုတ်နိုင်ငံတင်ပို့
#YMG/NN #Yangon_Times
#Local_News
Published 25 August 2025
▪️ ရန်ကုန်မြို့မှ နယ်မြို့များသို့ ပစ္စည်းပို့ဆောင်သည့် ယာဥ်လိုင်းတချို့ လတ်တလော ဝန်ဆောင်မှုရပ်နားထားကြောင်းသိရသည်။
▪️ ကုန်သီးသန့်ပို့ယာဥ်လိုင်းတစ်ခုသို့ ဆက်သွယ်မေးမြန်းရာတွင် “ ကျွန်တော်တို့က ကုန်ပို့သီးသန့်ဆိုတော့လမ်းကြောင်းအဖမ်းအဆီး အခြေအနေအရ ရပ်ထားတာ သုံးရက်ရှိပါပြီ။လတ်တလောတော့ ကုန်ပို့လက်မခံသေးပါဘူး။ လူစီးကားလိုင်းတချို့မှာ တော့ ပို့လို့ရပါတယ်” ဟု ဖြေကြားခဲ့သည်။
▪️ လတ်တလောတွင်အကောက်ခွန်မဲ့ ပစ္စည်းများဖမ်းဆီးစစ်ဆေးနေမှုများရှိ နေခြင်းကြောင့် ကုန်သီးသန့်ပို့ယာဥ်လိုင်းတချို့ရပ်နားထားခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည်ဝန်ဆောင်မှုပေးမည်ကို မပြောနိုင်သေးကြောင်း သိရသည်။
▪️ လူစီးယာဥ်လိုင်းများဖြင့် ကုန်စည်ပို့ဆောင်နိုင်သော်လည်း အချို့သော လူစီးယာဥ်လိုင်းများအနေဖြင့်လည်း ပိုင်ရှင်မပါဘဲ ကုန်သီးသန့်ပို့ လက်ခံခြင်းမရှိကြောင်းသိရသည်။
#YMG/SW #Yangon_Times
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဘဏ်သို့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမှာဖြစ်ပြီး မည်သည့် ED အတွက်
ပို့ကုန်ရငွေဖြစ်ကြောင်းကိုလည်း ဘဏ်များသို့အမြန်ဆုံးသွားရောက်စာရင်းရှင်းလင်းရန်လိုအပ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။
#Local_News
Published 25 August 2025
#ပို့ကုန်လုပ်ငန်းရှင် #ED
#YMG/SW #Yangon_Times
စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေးတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့်တရုတ်ကုမ္ပဏီများအသင်းတို့ပူးပေါင်းကာ စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၃၀၀၀ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရတယ်။
#Local_News
Published 25 August 2025
#စစ်ကိုင်းမြို့ရွှေမင်းဝံဈေး #မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ
#YMG/SW #Yangon_Times
#Local_News
Published 25 August 2025
ကလော၌ယာဉ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းအတွင်း အမျိုးသား နှစ်ဦးညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဩဂုတ် ၂၅ ရက်နေ့၊ မနက်၈ နာရီ ၅၀မိနစ် အချိန်ခန့်က ရှမ်ပြည်နယ်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ်(၇၅/၀)နှင့် (၇၅/၁)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါသတင်းရရှိသဖြင့် ကလောမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊ထို ယာဉ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းအတွင်းညှပ်နေသော အမျိုးသား(၂)ဦး(မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ပြီး ကလောမြို့ကြက်ခြေနီအသင်းယာဉ်ဖြင့် ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 August 2025
▪️ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းနေကြောင်းသိရသည်။
▪️ အဆိုပါ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အဆောက်အအုံမှာ အလျား ၂၉၉ ဒသမ ၆ ပေ အနံ ၂၈၈ ပေရှိ စတုဂံပုံသဏ္ဌာန် သုံးထပ်အဆောက်အအုံ ဖြစ်ပြီး ၁၉ဝ၅ ခုနှစ်တွင် တည်ဆောက်၍ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကာ ထိုစဉ်ကကုန်ကျငွေမှာ ရူပီး ၂ ဒသမ ၄၅ သန်းဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါအဆောက်အအုံတွင် ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော်၏ အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့အစည်းအဆက်ဆက် ရုံးထိုင်၍ အမှုများစစ်ဆေးကြားနာစီရင်ခဲ့ပြီး သမိုင်းတန်ဖိုးမြင့်မားသော ရှေးဟောင်းအဆောက်အအုံဖြစ်သည်။
▪️ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့အရ ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သည်လည်း ၂၀၁၁ ခုနှစ်မှစ၍ ယနေ့တိုင် ဤအဆောက်အအုံတွင်ပင် ရုံးထိုင်၍ တရားစီရင်ရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိသည်။
▪️ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် ဆောက်လုပ်ရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရှေးဟောင်းသုတေသနနှင့် အမျိုး
သားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် တို့နှင့်အတူ ယမာန်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
▪️ ပြည်ထောင်စုတရားသူကြီးချုပ် ဦးဆောင်သောအဖွဲ့အား တာဝန်ရှိသူများက လက်ရှိတရားလွှတ်တော် အဆောက်အအုံအခြေအနေ၊ ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လျာထားချက်၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့က ယခုအဆောက်အအုံသည် ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် (Haritage) အဆောက်အအုံဖြစ်သည့်အတွက် ယခင်အဆောက် အအုံပုံစံအတိုင်း ရှေးမူလက်ရာမပျက်စေဘဲ အရည်အသွေးပြည့်မီစွာဖြင့် စနစ်တကျပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ တာဝန်ယူဆောင်ရွက်မည့်အဖွဲ့များအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုပါကြောင်း မှာကြားပြီး အဆောက်အအုံအတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ၁၉၉၆ ခုနှစ် တွင် ဤအဆောက်အအုံကို ရှေးဟောင်းလက်ရာ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့ပြအမွေအနှစ် (Yangon City Heritage) အဆောက်အအုံအဖြစ် အပြာရောင်ကမ္ပည်းပြား (Blue Plaque) ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် တပ်ဆင်ခဲ့ကြောင်းသည်။
▪️ အဆိုပါအဆောက်အအုံနှင့်စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဩဂုတ် ၄ ရက်တွင် လာရောက်ကြည့်ရှုစဉ်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အအုံသည် ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်သဖြင့် မူလလက်ရာ မပျက်ယွင်းစေဘဲ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအဆောက်အအုံသည် ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်သဖြင့် အဆောက်အအုံ ရေရှည်ကောင်းမွန်ကြံ့ခိုင်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်နှင့်အညီ ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းသည့်အနေဖြင့် အဆောက်အအုံအား ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 25 August 2025
▪️ ယူကရိန်းက တနင်္ဂနွေနေ့မှာ ရုရှားဘက်ကို ဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြီးဆုံးနျူကလီးယား ဓာတ်အားပေးစက်ရုံတွေထဲက တစ်ခုရဲ့ ဓာတ်ပေါင်းဖို စွမ်းအင်ပေးနိုင်စွမ်း သိသိသာသာ ကျဆင်းခဲ့ကာ အုလူဂါလောင်စာတင်ပို့နေရာကြီးမှာ မီးထလောင်ခဲ့ကြောင်း ရုရှားအရာရှိများ ပြောပါတယ်။
▪️ ရုရှားနဲ့ယူကရိန်းတို့ ငြိမ်းချမ်းရေးဆွေးနွေးနေကြပေမယ့် နှစ်ဖက်စလုံးမှာ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
▪️ ဩဂုတ် ၂၄ ရက်နေ့ ရုရှားဒေသအများအပြားပေါ် ဝင်လာတဲ့ ယူကရိန်းဒရုန်း ၉၅ စင်းလောက်ကို ကြားဖြတ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
▪️ ယူကရိန်းနယ်စပ်နဲ့ ၆၀ ကီလိုမီတာသာဝေးတဲ့ ခါ့စ်နျူကလီးယားစက်ရုံအနီး ဒရုန်းပစ်ချခဲ့ရာမှာ စက်ရုံအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဓာတ်ပေါင်းဖိုအမှတ် ၃ မှာ လည်ပတ်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းလျော့ကျသွားပါတယ်။
▪️ ဓာတ်ရောင်ခြည်ပမာဏ ပုံမှန်ရှိနေပြီး ထိခိုက်သူမရှိခဲ့ပါဘူး။
▪️ ဓာတ်ပေါင်းဖို ၂ ခုက ဓာတ်အားမထုတ်နိုင်ဘဲ လည်ပတ်နေကာ တစ်ခုကတော့ ပြုပြင်နေပါတယ်။
▪️ ကုလသမဂ္ဂရဲ့ နျူကလီးယားအေဂျင်စီက နျူကလီးယားစက်ရုံအားလုံး အချိန်တိုင်းကာကွယ်ပေးရမယ်လို့ အလေးအနက် ပြောထားပါတယ်။
▪️ ရုရှားတယ်လီဂရမ်ချန်နယ်တွေမှာ ပြထားတဲ့ ဗီဒီယိုတွေထဲမှာ လောင်စာဆိပ်ကမ်းထဲမှာ ဒရုန်းဝင်သွားရာ ပေါက်ကွဲမှုဖြစ်ပြီး မီးခိုးလုံးတွေ ထွကါလာပါတယ်။
▪️ ရုရှားတို့ ဆက်လက်တိုက်ခိုက်နေတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းက ပြန်တိုက်ခဲ့တာဖြစ်ကြောင်း၊ ရုရှားစစ်ရေးအင်အားလျှော့ချနိုင်ရန်အတွက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့ကြောင်း ယူကရိန်းက ပြောထားပါတယ်။
Source: Reuters
#Local_News
Published 25 August 2025
▪️ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ( SEA Game) တွင် မြန်မာနိုင်ငံကိုယ်စားပြု E-Sports အသင်းအဖြစ် Falconအသင်း ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
▪️ SEA Game တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက်မြန်မာနိုင်ငံကိုယ်စားပြု
E-Sports အသင်းများကိုရွေးချယ်သည့်“National Esports Championship 2025” Grand Final ပြိုင်ပွဲကြီးကို ယမန်နေ့ကကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ ပြိုင်ပွဲတွင် MLBB E-Sports ကိုယ်စားပြုအသင်းအဖြစ် သွားရောက်ယှဉ်ပြိုင်ရန်အတွက် MLBB အမျိုးသမီးပြိုင်ပွဲအဖြစ် Terror Queens Vs Falcon Daisies၊ MLBB အမျိုးသားပြိုင်ပွဲအဖြစ် Ai Esports Vs Falcon Esports တို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ရာ MLBB အမျိုးသမီးပြိုင်ပွဲတွင် Falcon Daisies အသင်းက Terror Queens အသင်းကို ၃-၂ရလာဒ်ဖြင့်လည်းကောင်း၊MLBB အမျိုးသားပြိုင်ပွဲတွင် Falcon Esports ကAi Esportsကို ၄-၁ ရလာဒ်ဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိကာ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ်သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
▪️ ပြီးခဲ့သည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ( SEA Game) တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Falcon Esports သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ရရှိခဲ့သည်။
#YMG/SW #Yangon_Times
Page 307 of 2056