#Local_News
Published 21 August 2025

▪️ ၂၄နာရီအတွင်း ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့သည့်ရန်ကုန်တွင်အထပ်မြင့်နေပြည်သူအများ စိုးရိမ်မှုမြင့်တက်လာနေသည်။

▪️ ရန်ကုန်မြို့အနီး ယမန်နေ့ညပိုင်းမှ စတင်ကာ ယနေ့ နံနက်ပိုင်းအထိ ငလျင်လေးကြိမ်လှုပ်ခတ်ခဲ့ရာ ယမန်နေ့ည ၇နာရီ၁၆မိနစ်က ကမ္ဘာအေးမြေငလျင်စခန်းမှအနောက်တောင်ဘက် ၅၆ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၈အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ည ၁၀နာရီ ၃၄မိနစ် နှင့် ၁၀နာရီ၄၈မိနစ်တို့တွင်လည်း အင်အားရစ်(ခ်)တာစကေး၄.၂အဆင့်ရှိငလျင်များ ရန်ကုန်မြို့အနီး ၅၁မိုင်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

▪️ " မနေ့က စလှုပ်တာ၄.၈ ကနေ ခုမနက်လှုပ်သွားတာ ၅.၁ဆိုတော့ ငလျင်ကြီး‌လာမှာလည်းစိုးရိမ်သလို ပင်လယ်ပြင်ဗဟိုပြုတာဆိုတော့ ဆူနာမီလည်းစိုးရိမ်တယ်" ဟု ပုစွန်တောင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

▪️ အဆိုပါမြေငလျင်များ လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယမန်နေ့ည ၇နာရီခန့်နှင့် ယနေ့နံနက် ၉နာရီခန့်တွင် လှုပ်ခတ်သည့်ငလျင်နှစ်ခုကိုသာ သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

▪️ ထိုသို့ထုတ်ပြန်ရာတွင်၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၂၈)မိနစ်၊ (၀၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၅၄) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ (ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၀၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၂) ဒီဂရီ၊ အနက် (၂၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်ဟု ဖော်ပြထားသည်။

#YMG/SW #Yangon_Times