#World_News
Published 21 August 2025
▪️ ဥရောပနိုင်ငံများအနေနဲ့ ယူကရိန်းလုံခြုံရေး အာမခံချက်များအတွက် ကုန်ကျစရိတ်အများစုကို ကျခံသွားရမယ်လို့ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ဗုဒ္ဓဟူးနေ့မှာ ပြောသွားပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်ကတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက် ရယူလိုနေပါတယ်။
▪️ ယူကရိန်းအတွက် အဓိကအရေးကြီးတာက ရုရှားကျူးကျော်မှုများထံမှ လုံခြုံရေးအာမခံချက် ရရှိဖို့ဖြစ်ပါတယ်။
▪️ အမေရိကန်က မြေပြင်မှာ တပ်ကူများချပေးမှာ မဟုတ်ပေမယ့် လေကြောင်းကူညီမှုများ ပေးသွားမယ်လို့ ထရမ့်ကပြောပါတယ်။
▪️ အမေရိကန်က ယူကရိန်းကာကွယ်ရေးအတွက် ငွေကြေးတွေ ဆက်လက်ထောက်ပံ့သွားမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ဆိုပါတယ်။
▪️ ထရမ့်က ကုန်ကျစရိတ်တွေအတွက် ဥရောပနိုင်ငံတွေကို ပိုပြီးတာဝန်ယူစေချင်နေပါတယ်။
▪️ ဒီဝန်ထုပ်ဝန်ပိုးကို ဥရောပအနေနဲ့ အဓီကထမ်းရွက်သွားဖို့ ဗန့်စ်က မျှော်လင့်ကြောင်း Fox News ကို ပြောသွားပါတယ်။
▪️ ဘယ်လိုပဲဖြစ်ဖြစ် ဥရောပအနေနဲ့ ကုန်ကျစရိတ်အများစု ခံယူသင့်တယ်လို့ ပြောပါတယ်။
▪️ သူတို့ရဲ့ အခြေအနေ၊ လုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ အခုကစပြီး ဒီထက်တာဝန်ယူသွားရမယ်လို့ ပြောသွားပါတယ်။
Source: Reuters