#World_Health
Published 06 November 2025
■ လူအများစုက အသက် ၅၅ နဲ့ ၆၀ ကြား အသက်အရွယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အမြင့်ဆုံး ရောက်ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
■ ဆုံးဖြတ်ချက်ချခြင်း၊ ခေါင်းဆောင်မှုပိုင်း၊ ပြဿနာဖြေရှင်းခြင်း အပိုင်းတို့မှာ ဒီအသက်အရွယ်က အမြင့်ဆုံးလို့ ယူဆထားကြပါတယ်။
■ ဒီအချက်အလက်တွေက ယာယီထက်စာရင် အချိန်နဲ့အမျှ ကိုက်ညီနေပြီး တကယ့်လက်တွေ့ဘဝ လုပ်ဆောင်ချက်တွေမှာ လွှမ်းမိုးမှုရှိနေပါတယ်။
■ တွေ့ရတဲ့ လက္ခဏာတွေထဲမှာ မှတ်ဉာဏ်အသိပညာ၊ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်၊ စဉ်းစားနိုင်စွမ်းအမြန်နှုန်းတို့အပြင် အခြားစရိုက်လက္ခဏာများလည်း ပါဝင်ပါတယ်။
■ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို တွက်ချက်ကြည့်တဲ့အခါ အသက် ၅၅ နှစ်နဲ့ ၆၀ နှစ်ကြား အမြင့်ဆုံးဖြစ်နေပြီး ၆၅ နှစ်ဝန်းကျင်မှာ ကျဆင်းလာတယ်လို့ တွေ့ရှိထားပါတယ်။
■ ဒါကြောင့် အချို့စီးပွားရေးလုပ်ငန်းတွေမှာ အသက် ၅၀ ၊ ၆၀ ဝန်းကျင်တွေက ရာထူးကြီးပိုင်းတွေမှာ ဦးဆောင်နေကြတာကို တွေ့ရတာညဖြစ်ပါတယ်။
■ ဒါတောင်မှ ထိုအသက်အရွယ်တွေမှာ ပင်စင်ယူရမယ့်အရွယ်၊ ခွဲခြားဆက်ဆံခံရမှုတွေ တွေ့ကြုံရပါသေးတယ်။
Source: The Jerusalem Post.