#Local_News
Published 13 August 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း - ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး"၂၆ ကြိမ်မြောက် ဂျပန်ဘာသာ စကားပြောပြိုင်ပွဲ"ကို ပြုလုပ် ကျင်းပသွားမည်ဖြစ်ရာပြိုင်ပွဲဝင်များကို စတင် ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။
▪️ ပြိုင်ပွဲသို့ အသက်၁၆နှစ်မှ၃၀နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီးပြိုင်ပွဲဝင်များအနေဖြင့် လျှောက်လွှာများကို ယခုလ (၂၈) ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီးပဏာမအဆင့် ရွေးချယ်ခံရသူများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက် (စနေနေ့)တွင် ပြုလုပ်ကျင်းပမည့် ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ေကြာင်း သိရသည်။
▪️ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 13 August 2025
၁။တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများတိုကင်စနစ်ဖြင့်ပြန်လည်ထုတ်ပေး
၂။ CMP အထည်များ ဥရောပနှင့်ဒေသတွင်းနိုင်ငံများသို့တင်ပို့နေ
၃။ ငါးရက်အတွင်း နိုင်ငံတစ်ဝန်းမိုးကြီးလေထန်ဖြစ်စဥ်များဖြစ်ပွားနိုင်
၄။ ရှန်ဟိုင်း၌အလိုအလျောက်မောင်းနှင်တက္ကစီများ အလျင်အမြန်တိုးချဲ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရှန်ဟိုင်းမှာ အလိုအလျောက်မောင်းနှင်တက္ကစီများ ချဲ့ထွင်လာကာ နည်းပညာဆန်းသစ်တီထွင်မှုမြှင့်တင်ရေး အားထုတ်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
#Asia_Technology
Published 13 August 2025
#ရှန်ဟိုင်း #အလိုအလျောက်မောင်းနှင်တက္ကစီ
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထပ်မံ ထုတ်ရောင်းပေးမယ်လို့ဒီကနေ့မှာ အသိပေးလာပါတယ်။
#Local_News
Published 13 August 2025
#စက်သုံးဆီ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနဲ့လေထုမငြိမ်မသက်ဖြစ်ခြင်းတွေကြောင့် ယနေ့မှစတင်ကာငါးရက်အတွင်း နိုင်ငံတစ်ဝန်းလုံး မိုးကြီးလေထန်ဖြစ်စဥ်တွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အထူးသတင်းတစ်ရပ်အနေနဲ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 13 August 2025
# မိုးကြီးလေထန် #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/SW #Yangon_Times
CMP စနစ်နဲ့ချုပ်လုပ်ထားတဲ့ အထည်တွေကို ဥရောပ ၊အမေရိကန် စတဲ့ နိုင်ငံတွေအပါအဝင် ဒေသတွင်းနိုင်ငံတွေကိုပါတင်ပို့နေတယ်လို့ သိရပါတယ်။
#Local_News
Published 13 August 2025
#CMPအထည် #ဥရောပ_အမေရိကန်တင်ပို့
#YMG/NN #Yangon_Times
ယနေ့သြဂုတ်လ(၁၃)ရက်မှ စတင်ကာတက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို တိုကင်စနစ်ဖြင့်ပြန်လည်ထုတ်ပေးနေပြီဖြစ်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 13 August 2025
#တက္ကသိုလ်ဝင်စာမေးပွဲ #အမှတ်စာရင်းပြန်လည်ထုတ်ပေး
#YMG/SW #Yangon_Times
#Local_News
Published 13 August 2025
▪️ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ ၊ CMP ကုမ္ပဏီများနှင့်Non-trade payment များကို အမေရိကန်ဒေါ်လာ(၁)သန်းကျော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှယမာန်နေ့က ထုတ်ရောင်းလိုက်ကြောင်းသိရသည်။
▪️ ထိုသို့ ရောင်းချရာတွင် CMP ကုမ္ပဏီများထံမှဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁ဒဿမ၃၁၃ သန်းကို
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ ၁၂ ရက်နေ့တွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့လည်းကောင်း ၊ အမေရိကန်ဒေါ်လာ ၄၆၇,၄၇၆ ကိုလည်း CMP ကုမ္ပဏီများကိုလည်း Non-trade payment များအတွက် ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် သြဂုတ်လ(၁၂) ရက်နေ့၊ FX Trading Platform တွင်အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၂၃ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
13 August, 2025, Nay Pyi Taw-
✔️If more than 50% of eligible voters can cast their ballots, it can be regarded as reflecting the will of the majority of the people.
✔️Will work to ensure the election is dignified and successful.
✔️During the parliamentary sessions, at least 50% of MPs should be able to attend; therefore, elections should be held in all constituencies where it is possible to do so.
✔️Relevant organizations will scrutinize and regulate to ensure there are no duplicate party memberships in two or three parties.
✔️Will systematically scrutinise and regulate qualifications for parliamentary candidates.
✔️The security of candidates during their election campaigns will be arranged.
✔️Political party members and candidates should be able to campaign and work safely from the campaign period until voting day, with necessary protection provided.
✔️Will ensure the security conditions necessary for voting in the designated constituencies within the prescribed period.
✔️The election to be held will be a free and fair election, free from malpractice.
✔️Since killings and accusations labelling civil servants and the public as “dalans” (informers) could increase during the election period, effective preventive measures will be taken.
✔️Perpetrators will be jointly exposed and swiftly prosecuted in accordance with the judicial process.
Source: MNA
#Local_News
Published 13 August 2025
▪️ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း ၆၁ ကျောင်းပြန်လည် ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ကျောင်းသားပေါင်း ၇၈၁၇ ဦး တက်ရောက်သင်ကြားနေပြီဖြစ် ကြောင်းသိရသည်။
▪️ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
▪️ ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယမာန် နေ့ တွင် အခြေခံပညာကျောင်း ရှစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၆၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် ကျောင်းသား/ကျောင်းသူ ၉၅၆ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်း သူ ၇၈၁၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၃ ဩဂုတ် ၂၀၂၅-
✔️၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင် မည်
✔️ သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားမည်
✔️လွှတ်တော်အစည်းအဝေးကျင်းပချိန်တွင် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေး မိမိတို့အနေဖြင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်သည့် မြို့နယ်များအားလုံး၌ ရွေး ကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိ
✔️ပါတီ ၂ ပါတီ၊ ၃ ပါတီထပ်၍ ပါတီဝင်များ ဖောင်းပွမှုမရှိစေရေးအတွက်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း များက စိစစ်ကြပ်မတ် သွားရန်
✔️လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ စနစ်တကျ စိစစ် ကြပ်မတ်ဆောင်ရွက်သွားရန်
✔️ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်ချိန်တွင် ၎င်းတို့၏လုံခြုံရေး အတွက် မိမိတို့အနေဖြင့် စီစဉ်ဆောင်ရွက်မည်
✔️နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့် ကာလအထိ လုံခြုံစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကာကွယ်ပေးမှုများကို ဆောင်ရွက်ပေးသွားရမည်
✔️သတ်မှတ်ထားသည့်အချိန်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေး အရ အာမခံချက်ရှိအောင် ဆောင်ရွက်မည်
✔️ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်
✔️နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများ ရွေးကောက်ပွဲ ကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သည့်ဟန့်တားကာကွယ်မှုများ ဆောင်ရွက်သွားမည်
✔️လုပ်ဆောင်ကျူးလွန်သူများကိုလည်း ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ပြီး တရားစီရင်ရေးကဏ္ဍအနေဖြင့် လည်း အမြန်ဆုံးတရားစီရင်မည်
Source : MNA
#World_Science
Published 13 August 2025
▪️ မိုးကြိုးပစ်ခြင်းက သစ်တောတွေအပေါ်မှာထင်ထားတာထက် များစွာပိုပြီး သက်ရောက်နေတယ်လို့ မြူးနစ်နည်းပညာတက္ကသိုလ်မှ သုတေသီများ လေ့လာဖော်ပြထားပါတယ်။
▪️ ခန့်မှန်းတွက်ချက်မှုများအရ မိုးကြိုးတိုက်ရိုက်ထိမှန်ခြင်းကြောင့် ကမ္ဘာတဝှမ်းမှာ နှစ်စဉ် သစ်ပင်ပေါင်းသန်း ၃၂၀ ခန့် ပျက်စီးသေဆုံးကြရပါတယ်။
ဒါတောင်မှ မိုးကြိုးပစ်ရာကနေ မီးလောင်ကျွမ်းခြင်းကြောင့် ဆုံးရှုံးရတဲ့ သစ်ပင်တွေ ထည့်မတွက်ထားပါဘူး။
▪️ သစ်ပင်ကို မိုးကြိုးထိမှန်ခြင်းက တွေ့ရှိဖို့ခက်ခဲတာကြောင့် မိုးကြိုးကြောင့် ပျက်စီးခြင်းကို ခန့်မှန်းနိုင်ဖို့ သုတေသနအဖွဲ့က ပထမဆုံးနည်းလမ်းကို ထုတ်လုပ်ထားပါတယ်။
▪️ ပျက်စီးသွားတဲ့ သစ်ပင်အရေအတွက်သာမက ထိမှန်တဲ့ ဒေသတွေကိုပါ ရှာဖွေနိုင်ပြီး နောက်ဆုံးတွဲသက်ရောက်မှုတွေကိုပါ တွက်ချက်နိုင်ခဲ့ကြောင်း သုတေသနပြုစုသူ အန်ဒရီစ်ခရောက်စ်က ရှင်းပြပါတယ်။
▪️ သစ်ပင်တွေဆုံးရှုံးတဲ့အတွက် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ၀.၇၇ မှ ၁.၀၉ ဘီလီယံတန်ချိန်ကြား ထုတ်လွှတ်စေပြီး အပင်ပေါင်းသန်း ၃၂၀ ခန့် ပျက်စီးသေကြေရပါတယ်။
▪️ မိုးလေဝသခန့်မှန်းချက်များအရ လာမယ့်ဆယ်စုနှစ်တွေမှာ မိုးကြိုးပစ်နိုင်တဲ့အကြိမ် ပိုများလာနိုင်ပါတယ်။
▪️ ဒါဟာ သစ်ပင်တွေ ပိုမိုပျက်စီးပြီး သစ်တောတွေ ပိုမိုပြုန်းတီးလာနိုင်ကာ ဂေဟစနစ်တွေ၊ ကာဗွန်လှုပ်ရှားမှုတွေကို ပိုမိုသက်ရောက်လာနိုင်ပါတယ်။
▪️ ဒါကြောင့် ကမ္ဘာ့သစ်တောအခြေအနေ၊ ကာဗွန်စက်ဝန်း၊ ရာသီဥတုပြောင်းလဲမှု သက်ရောက်ခြင်းတို့မှာ မိုးကြိုးကအရေးပါတဲ့အရာဖြစ်နေတယ်လို့ တွေ့ရှိလာပါတယ်။
Source: India Today.
Page 319 of 2056