#World_News
Published 27 October 2025

■ တရုတ်နဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တို့ဟာ နှစ်ရက်ကြာဆွေးနွေးမှုများအပြီး နှစ်နိုင်ငံကုန်သွယ်ရေးပြဿနာများ ဖြေရှင်းရေး အခြေခံသဘောတူညီချက်များ ရရှိခဲ့ပါတယ်။

■ တရုတ်-အမေရိကန် စီးပွားရေးနဲ့ ကုန်သွယ်ရေးဆက်ဆံမှုရဲ့ အနှစ်သာရက အပြန်အလှန် အကျိုးရှိစေမှာဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းကနေ အကျိုးအမြတ်ရရှိပြီး ထိပ်တိုက်ရင်ဆိုင်စရာမလိုကြောင်း တရုတ်ဒုဝန်ကြီးချုပ် ဟေလီဖန်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်၊ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီယာတို့နဲ့ ကွာလာလမ်ပူမှာ ဆွေးနွေးပြီးနောက် ပြောကြားသွားပါတယ်။

■ နှစ်ဖက်စလုံးဟာ အရေးပါတဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးပြဿနာများအပေါ် အကျိုးဆောင်တဲ့ အမြင်များ ဖလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။

■ ဒီကိစ္စရပ်တွေထဲမှာ တရုတ်ပင်လယ်ပြင်အပေါ် အမေရိကန်ရဲ့ တိုင်းတာဆောင်ရွက်ချက်၊ ပို့ဆောင်ရေးကဏ္ဍများ၊ အပြန်အလှန်အခွန်စည်းကြပ်ရေး ရပ်ဆိုင်းမှု၊ ဖန်တနိုင်းဆက်စပ် အခွန်စည်းကြပ်မှုနဲ့ ဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးနဲ့ တင်ပို့ကုန်ထိန်းချုပ်မှု ကုန်သွယ်ရေးတို့ ပါဝင်ပါတယ်။

■ နှစ်နိုင်ငံက အချက်အလက်အတိအကျအတိုင်း ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြကာ တစ်ဖက်ချင်းစီရဲ့ ပြည်တွင်းအတည်ပြုလမ်းစဉ်များကို လိုက်နာခဲ့ကြပါတယ်။

■ တရုတ်-အမေရိကန်စီးပွားရေးနဲ့ ကုန်သွယ်ရေးတိုင်ပင်မှုတွေမှာ ခက်ခက်ခဲခဲ အောင်မြင်မှုရထားတာတွေကို စောင့်ရှောက်ကာကွယ်ဖို့အတွက် နှစ်ဖက်စလုံးမှ ကြိုးပမ်းအားထုတ်ရန် လိုအပ်ကြောင်း ဟေလီဖန်းက ပြောပါတယ်။

■ အမေရိကန်ဘက်ကလည်း နှစ်နိုင်ငံစီးပွားရေးနဲ့ ကုန်သွယ်ရေးဆက်ဆံမှုဟာ ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးဖြစ်ပြီး တရုတ်နဲ့အတူ တန်းတူညီမျှ လေးစားမှုတို့ဖြင့် လုပ်ဆောင်သွားလိုကြောင်း ပြောထားပါတယ်။

■ နှစ်နိုင်ငံခေါင်းဆောင်များရဲ့ ဦးဆောင်လမ်းပြမှုအောက်မှာ စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍ ပြဿနာများကို အနီးကပ်စောင့်ကြည့်ဆက်ဆံသွားပြီး ရေရှည်တည်တံ့ခိုင်မြဲဖို့ ကြိုးစားမြှင့်တင်သွားဖို့ နှစ်နိုင်ငံစလုံး သဘောတူညီခဲ့ကြပါတယ်။

Source: Xinhua