#World_Health
Published 27 October 2025
■ အာရုံကြောနည်းပညာကုမ္ပဏီ Elemind က ဦးနှောက်လှိုင်းတွေကို ပြောင်းလဲစေကာ လျင်မြန်စွာအိပ်ပျော်စေမယ့် နည်းပညာမြင့်ခေါင်းပတ်ကိရိယာကို ထုတ်လုပ်လိုက်ပါတယ်။
■ အမေရိကန်မှာ လူဦးရေ ၄၂ ရာခိုင်နှုန်းလောက်က လိုအပ်တဲ့အိပ်ချိန် မရရှိဘဲ ၂၅ ရာခိုင်နှုန်းကသာ တစ်ညကို ၈ နာရီအိပ်ချိန်ရတယ်လို့ စစ်တမ်းတစ်ခုအရ သိရပါတယ်။
■ အိပ်ရေးမဝတဲ့အခါ ဦးနှောက်အိုမင်းခြင်း၊ ဝမ်းတွင်းအဆီ၊ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကျောက်ကပ်ပြဿနာများ၊ စိတ်ဓာတ်ကျခြင်း၊ ရောင်ရမ်းခြင်း စတဲ့ပြဿနာများ ဆက်စပ်နေပါတယ်။
■ နာဆာဝန်ထမ်းဟောင်း ပယ်ရီက မနှစ်က Elemind ကို စတင်လည်ပတ်စေပြီး ဆေးဝါးတွေ မသုံးစွဲဘဲနဲ့ လျင်မြန်စွာအိပ်ပျော်စေမယ့် နည်းလမ်းကို ရှာဖွေနေခဲ့ပါတယ်။
■ ၃၄၉ ဒေါ်လာတန် ခေါင်းပတ်ကိရိယာက ဆူညံသံဖယ်ရှားပေးကာ ဆင်ဆာများဖြင့် ဦးနှောက်ကို ဖတ်ကြည့်ပြီး ငြိမ်သက်စေတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။
■ နိုးကြားစေတဲ့ ဦးနှောက်လှိုင်းတွေကို နှောင့်ယှက်စေမယ့် ဦးနှောက်လှိုင်းတွေ လွှတ်ပေးပြီး ဦးနှောက်ကို အိပ်စက်အောင် ကူညီပေးတယ်လို့ ပယ်ရီက ရှင်းပြပါတယ်။
■ သာယာငြိမ့်ညောင်းတဲ့ ဂီတသံက အိပ်ပျော်စေသလိုမျိုး အသံကိုရိုးရှင်းစွာ အသုံးပြုထားပါတယ်။
■ ဒီအသံဟာ နားကမကြားရဘဲ ဦးခေါင်းထဲကနေ ဖြတ်သန်းသွားတဲ့ အသံမျိုးဖြစ်ပါတယ်။
■ လက်တွေ့စမ်းသပ်ချက်တွေထဲမှာ ခေါင်းပတ်ပစ္စည်းအသုံးပြုသူ ၇၆ ရာခိုင်နှုန်းဟာ ၄၈ ရာခိုင်နှုန်း လျင်မြန်စွာ အိပ်ပျော်စေပါတယ်။
■ ဒါပေမဲ့ ပြင်ပနှောင့်ယှက်မှုတွေ ရှိတဲ့အခါမျိုးမှာတော့ ပိုပြီးလျင်မြန်စွာ အိပ်မပျော်စေပါဘူး။
■ ဒီခေါင်းပတ်ကို အသုံးပြုမယ်ဆိုရင်တော့ အသားကျဖို့ တစ်ပတ်ခန့် အချိန်ယူရနိုင်ကြောင်း ပယ်ရီက ပြောထားပါတယ်။
Source: New York Post.