#World_Health
Published 27 October 2025

■ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာက ခန္ဓာကိုယ်မှာ ဓာတ်တိုးဖိစီးမှုကနေ ကာကွယ်ပေးခြင်းကို ကူညီပေးတဲ့ မော်လီကျူးတွေဖြစ်ပါတယ်။

■ ဓာတ်တိုးခြင်းဖြစ်တဲ့အခါ ဆဲလ်တွေ၊ ပရိုတိန်းတွေ၊ ဒီအင်န်အေတွေကို ထိခိုက်စေပြီး ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာတို့လို ရောဂါမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

■ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရဲ့ အရေးပါပုံတွေကတော့..

■ (၁) ဆဲလ်ထိခိုက်မှုများမှ လျှော့ချပေးကာ နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။

■ (၂) ကိုယ်ခံအားစနစ် ထောက်ပံ့ကူညီပေးပြီး ရောဂါဘယများကို ကူညီတိုက်ဖျက်ပေးပါတယ်။

■ (၃) ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုဖြစ်စဉ်များကို လျှော့ချပေးပြီး ရောင်ရမ်းခြင်းနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာများမှ ကာကွယ်ပေးပါတယ်။

■ (၄) အရေပြားဆဲလ်တွေကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးကာ အိုမင်းရင့်ရော်ခြင်းလက္ခဏာများ လျှော့ချပေးပါတယ်။

■ (၅) မျက်လုံးကျန်းမာရေးအတွက် အကျိုးရှိစေပြီး မျက်လုံးရောဂါများမှ ကာကွယ်ပေးပါတယ်။

■ (၆) ဦးနှောက်ကျန်းမာရေးကို ကာကွယ်ပေးကာ အာရုံကြောချို့တဲ့ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

■ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့ အစားအစာများကတော့..
ဘယ်ရီသီး၊ အချဉ်သီးများ၊ သလဲသီး၊ အစိမ်းရောင်ဟင်းရွက်များနဲ့ ဂေါ်ဖီမျိုးနွယ်များ၊ သစ်ကြားသီး လျှော်စေ့တို့လို အခွံမာသီးများနဲ့ အစေ့အဆန်များ၊ ပဲအမျိုးမျိုး၊ အုတ် ဆန်ညိုတို့လို ဂျုံအစားအစာများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ချောကလက်မည်း၊ လက်ဖက်စိမ်း ကော်ဖီတို့ ဖြစ်ပါတယ်။

Source: NDTV.