#Local_News
Published 25 September 2024
▪️ မြန်မာနိုင်ငံရှိရေဘေးကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ(၁.၇)သန်းထပ်တိုးလှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ ထုတ်ပြန်လိုက်သည်။
▪️ ဩစတြေးလျနိုင်ငံအနေဖြင့် အဆိုပါအကူအညီအား ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာ၊ ရေနှင့်ခိုနားရန်နေရာများကို ပေးအပ်ပံ့ပိုးအသုံးပြုသွားမည်ဟုဆိုသည်။
▪️ ရေဘေးကြုံတွေ့ခဲ့ရသည့် မြန်မာပြည်သူများအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးသွားမည့်အကြောင်းနှင့်အမေရိကန်ဒေါ်လာ (၁.၇) သန်းကို ထပ်တိုးအကူအညီအဖြစ်ပေးသွားမည့်အကြောင်းများကို ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
#YMG/tthl #Yangon_Times
#World_Health
Published 25 September 2024
▪️ ယူအေအီးနိုင်ငံမှာ မျိုးရိုးလိုက်ရောဂါများ ဖြစ်ပွားမှုလျှော့ချရန်အတွက် စုံတွဲတွေ လက်ထပ်ဖို့ ရည်မှန်းထားပါက မျိုးဗီဇစစ်ဆေးမှု မဖြစ်မနေ ပြုလုပ်ရန် အဘူဒါဘီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
▪️ အဘူဒါဘီမှာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး လက်မထပ်ခင်မှာ မျိုးဗီဇစစ်ဆေးမှု မဖြစ်မနေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။
▪️ ဒါဟာ မွေးလာမယ့် ကလေးတွေမှာ မျိုးဗီဇရောဂါများ လက်ဆင့်ကမ်းပါလာနိုင်တဲ့ အန္တရာယ်ကို စစ်ဆေးတဲ့သဘော ဖြစ်ပါတယ်။
▪️ စုံတွဲတစ်ဦးဦးမှာ မျိုးဗီဇဆိုင်ရာ ပြဿနာတစ်မျိုးမျိုး ပါလာရင် သိရှိနိုင်မှာဖြစ်ပြီး မွေးလာမယ့် ကလေးတွေမှာ မျိုးဗီဇရောဂါများ ဖြစ်လာနိုင်ခြေကို လျှော့ချနိုင်ရန် ရည်ရွယ်ပါတယ်။
▪️ မျိုးဗီဇပြဿနာများ အဖြစ်များလာတဲ့ အိန္ဒိယမှာလည်း လက်မထပ်ခင် မျိုးဗီဇစစ်ဆေးမှု ပြုလုပ်ဖို့ အကြံပြုသွားမယ်လို့ ဖော်တစ်မမ်မိုရီယယ် သုတေသနမှ ဒေါက်တာ ရှရီနီဒီနေထနီက ပြောသွားပါတယ်။
▪️ အဘူဒါဘီ မျိုးဗီဇစစ်ဆေးချက်တွေကို ဌာနပေါင်း ၂၂ ခုမှာ ပြုလုပ်နိုင်မှာဖြစ်ပြီး မျိုးဗီဇပေါင်း ၅၇၀ ကိုစစ်ဆေးကာ မျိုးရိုးလိုက်ပြဿနာပေါင်း ၈၄၀ ကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
▪️ ရရှိလာတဲ့ ရလဒ်ကိုကြည့်ပြီး စုံတွဲတွေအနေနဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်မှာဖြစ်ကာ မျိုးဗီဇဆိုင်ရာ ရောဂါများဖြစ်နိုင်ခြေ လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဘာဂျီးမက်ဒီကယ်စီးတီးမှ ဒေါက်တာ အိုင်မန်အယ်ဟက်တက်က ပြောပါတယ်။
▪️ လက်မထပ်ခင် မျိုးဗီဇစစ်ဆေးခြင်းက စုံတွဲတွေအတွက် အကျိုးကျေးဇူးအမျိုးမျိုး ရစေနိုင်ပါတယ်။
▪️ မျိုးဗီဇချို့ယွင်းနေတဲ့ သူတွေကို ရှာဖွေနိုင်တာကြောင့် မိသားစုအတွင်း မျိုးပွားခြင်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ ဖြစ်ပါတယ်။
▪️ မျိုးဗီဇချို့ယွင်းမှု ရှိဖူးတဲ့ မိသားစုမျိုးနွယ်ထဲက သူတွေအတွက် မွေးလာတဲ့ကလေးမှာ ရောဂါဖြစ်နိုင်ခြေရှိမရှိ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒီနောက် အဆိုပါ မျိုးဗီဇပြဿနာတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ သက်ရောက်မှုတွေကို သိရှိစေမှာ ဖြစ်ပါတယ်။
#Source: India Today
#Local_News
Published_25 Sept 2024
▪️ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင် သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် အလှူရှင်တို့က ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဂရုဏာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအခမ်းအနားကို ယနေ့စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေး နှင့်ယဉ် ကျေးမှုဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပ ခဲ့ရာ သီတဂူ ဆရာတော်ကြီးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ၊ ကွန်းခိုရာ ကုမ္ပဏီမိသားစုက ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်တော်မူကြပြီး အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကော်မတီဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ အလှူငွေများပေးအပ်လှူဒါန်းရာ သီတဂူဆရာတော်ကြီး လှူဒါန်း သည့် အမေရိကန် ဒေါ်လာ ၁၀၀၀၀ ကို ဆရာ တော်ဘုရားကိုယ်စား ကပ္ပိယကာရကမှ ပေးအပ်လှူဒါန်းရာ အမျိုး သား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ဆက်ကပ်ခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်၍ ကွန်းခိုရာကုမ္ပဏီမိသားစုက အလှူတော်ငွေကျပ် သိန်း ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 25 September 2024
▪️ အေးခဲထားတဲ့ အစားအစာတွေက လတ်လတ်ဆတ်ဆတ် စားစရာတွေလောက် မကောင်းဘူးလို့ ယူဆကြပါတယ်။
▪️ ဒါပေမဲ့ စားသုံးသူတွေရဲ့ အယူအဆနဲ့ အေးခဲစားစရာတွေရဲ့ တကယ့်အရည်အသွေးတို့ကြား ကွာဟချက်ကြီး ရှိနေတယ်လို့ ယူကေမှ အာဟာရပညာရှင် ရီယန်နန်လမ်ဘတ်က Daily Mail ကိုပြောသွားပါတယ်။
▪️ အချို့သော စားစရာတွေကို အေးခဲထားတာနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အရည်အသွေးတွေကို ဖော်ပြသွားပါတယ်။
(၁) အသား
▪️ လတ်ဆတ်တဲ့ အသားတွေက အချိန်ကြာလာတာနဲ့အမျှ အာဟာရဓာတ်တွေ ဆုံးရှုံးလာတာကြောင့် အသားတွေကို အေးခဲထားခြင်းဖြင့် အာဟာရ အနံ့အရသာ ဆုံးရှုံးခြင်းမှ ရှောင်ရှားနိုင်ပါတယ်။
(၂) ငါး
▪️ ငါးတွေကို အေးခဲထားခြင်းဖြင့် နှလုံးကို ကျန်းမာစေတဲ့ အိုမီဂါ-၃လိုမျိုး ဖက်တီးအက်ဆစ်တွေ ရရှိနိုင်ပါတယ်။
(၃) ပန်းဂေါ်ဖီစိမ်း
▪️ ပန်းဂေါ်ဖီစိမ်းကို ကောက်သိမ်းပြီးနောက် အေးခဲထားခြင်းဖြင့် လိုအပ်တဲ့ ဗိုက်တာမင်တွေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။
(၄) ရွှေပဲသီး
▪️ ရွှေပဲသီးဟာ အေးခဲထားရင် အာဟာရတန်ဖိုး ထိန်းသိမ်းနိုင်တာကြောင့် အေးခဲထားတဲ့အတိုင်း ဝယ်ယူခြင်းက အကျိုးရှိစေပါတယ်။
(၅) ဟင်းနုနွယ်
▪️ ဗိုက်တာမင်-ကေ၊ စီ၊ ကယ်လ်စီယမ်၊ ဖောလိတ်တို့ ကြွယ်ဝစွာပါဝင်ပေမယ့် လတ်ဆတ်တဲ့ ဟင်းနုနွယ်တွေဟာ သက်တမ်းတိုတာကြောင့် အေးခဲခြင်းဖြင့် အာဟာရဓာတ်များ ထိန်းထားနိုင်ပါတယ်။
(၆) သကြားပြောင်း
▪️ သကြားပြောင်းကို အေးခဲထားတဲ့အချိန်မှာ အာဟာရဓာတ် အမြင့်ဆုံးရှိနေပြီး ကောက်သိမ်းပြီးနောက် ၁၂ နာရီအတွင်း သကြားပါဝင်မှုက ၅၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားပါတယ်။
▪️ ဒီလိုအကျိုးအာနိသင်တွေကို လူတွေသိရှိပါမှ ရွေးချယ်စားသုံးနိုင်မှာဖြစ်တယ်လို့ လမ်ဘတ်က ရှင်းပြပါတယ်။
▪️ ဒါပေမဲ့ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ စားစရာတွေကို အေးခဲပြီး စားသုံးတာမျိုးကတော့ ရောဂါအမျိုးမျိုးနဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေတို့ကို မြင့်မားစေပါတယ်။
#Source: New York Post
၂၄ စက်တင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် ယူထိုင်းခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးစခန်းတစ်ခုကို ဒေသအရာရှိတွေက အင်္ဂါနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရုတ်တရက် ဝင်ရောက်စီးနင်းရာ တရားမဝင်မြန်မာအလုပ်သမား ၂၇၂ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကရေးသားပါတယ်။
အရာရှိတွေဟာ တမ်ဘွန်နွမ်နမ်ဆွမ်မှာရှိတဲ့ အဲဒီဆောက်လုပ်ရေးစခန်းကို အင်္ဂါနေ့ မနက် ၆နာရီမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲဒီ မြန်မာ ၂၇၂ ဦးမှာ အမျိုးသမီးတွေပါ ပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ ထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ယူထိုင်းခရိုင်ရုံးကပြောပါတယ်။
မြန်မာတစ်ဦးက သူနှင့်အတူ မြန်မာ ၃၀၀ ခန့်ဟာ မဲဆောက် နယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အလုပ်ပွဲစားကို ခရီးစရိတ်အဖြစ် တစ်ဦးကို ဘတ်နှစ်သောင်းပေးခဲ့ ရတယ်လို့ အာဏာပိုင်တွေကို ပြောပြပါတယ်။
ဆောက်လုပ်ရေးစခန်းထဲမှာ သူတို့ဟာ တစ်ရက်ကို ဘတ်ငါးရာရရှိကြပြီး ကျွမ်းကျင်သူတွေကတော့ ဘတ် ၆၀၀ ရရှိတယ်လို့လည်းသူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် သူတို့ဟာ နိုင်ငံထဲမှာ ရွေးချယ်စရာနည်းလွန်းတာကြောင့် ထိုင်းမှာ အလုပ်လုပ်ဖို့လာခဲ့တာလို့ အလုပ်သမားတွေကပြောပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးပါတယ်။
ဒီဆောက်လုပ်ရေးစခန်းကိုစီးနင်းပြီး တရားမဝင်အလုပ်သမားတွေရှာဖွေတာ ဒါဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးက လွန်ခဲ့တဲ့ (၂)နှစ်ကဖြစ်တယ်လို့ အကြီးတန်းပြည်နယ်အရာရှိတစ်ဦးဖြစ်တဲ့ ဆူပါခွန်အန်နက် သာရက်ကပြောပါတယ်။
အဲဒီအလုပ်သမားတွေအားလုံးကို တရားစွဲဆိုပြီးရင် မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့လည်း သူကပြောပါတယ်။
@ymg/knl
အဆင့်မြင့်နည်းပညာသစ်များပါဝင်သည့် စမတ်နာရီများနှင့်တက်ဘလက်များအား ဟွာဝေးပြသ
ဟွာဝေးနည်းပညာကုမ္ပဏီကြီးက ဆန်းသစ်တဲ့ စမတ်နာရီများနဲ့ နောက်ဆုံးပေါ် တက်ဘလက်များကို ကြာသပတေးနေ့က စပိန် ဘာစီလိုနာမှာ ကျင်းပတဲ့ပြပွဲမှာ ပြသခဲ့ပါတယ်။
#World_Event
Published 24 September 2024
#စမတ်နာရီများနှင့်တက်ဘလက်များ #ဟွာဝေးပြသ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 September 2024
၁။ ရေဘေးသင့်အင်းလေးဒေသအတွက် သောက်သုံးရေနှင့် ဆိုလာဓာတ်မီးများအရေးပေါ်လိုအပ်နေ
၂။ တောင်ကိုးလုံးတောင် အနောက်ဘက်ခြမ်းပြိုကျ၍ ကျေးရွာလေးရွာရှိ မူလွန်ကျောင်းအပါအဝင် နေအိမ်နှင့်လမ်းများပျက်စီးပိတ်မိနေ
၃။ ကမ္ဘာ့ရွှေဈေးမြင့်တက်ပြီးဒေါ်လာ (၂၆၃၀)အထိဖြစ်လာ၊ မြန်မာ့ရွှေဈေးပါလိုက်တက်
၄။ အဆင့်မြင့်နည်းပညာသစ်များပါဝင်သည့် စမတ်နာရီများနှင့် တက်ဘလက်များအား ဟွာဝေးပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
"ခွေးရုပ်ဘူတာကျေးရွာမှာလက်ရှိ အချိန်အထိမိုးကမပြတ်ရွာနေတော့ ကိုယ့်အိမ်ကိုယ်မနေရဲဘူး၊ရွာအခြေအနေကတော့တော်တော်ဆိုးနေပါတယ်၊ မြေပြိုတဲ့အထဲပါသွားတာက ၁၀လုံး၊ နေလို့မရတဲ့အိမ်တွေကတော့ ၃၀လောက်ပေါ့၊ လုံးဝဘာမှမဖြစ်တဲ့ အိမ်တွေရှိပေမယ့်လည်း မြေကတောင်စောင်းမှာဖြစ်တဲ့အတွက် မြေအက်ကွဲကြောင်းတွေဖြစ်ပြီးတော့ မနေရဲဘူးပေါ့၊" ကျေးရွာတာဝန်ခံ ဦးသူရအောင်
#Local_News
Published 24 September 2024
#ခွေးရုပ်ဘူတာကျေးရွာ #မြေအက်ကွဲကြောင်းဖြစ်ပေါ်နေ
#YMG/NN #Yangon_Times
#Local_News
Published_ 24 September 2024
▪️ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း အာဆီယံနှင့်တရုတ်နိုင်ငံတို့မှာ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံများအဖြစ် ရပ်တည်နေတယ်လို့ မြန်မာသံအမတ်ကြီးက ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ်မြောက် China-ASEAN Industrial Cooperation and “Two Countries and Twin Parks” စီမံကိန်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
▪️ တရုတ်နိုင်ငံ၊ နန်နင်းမြို့မှာကျင်းပတဲ့ (၂၁)ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည် ပြပွဲရဲ့ ဆက်စပ်အစည်းအဝေး တစ်ခုအဖြစ် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ်မြောက် China-ASEAN Industrial Cooperation and “Two Countries and Twin Parks” စီမံကိန်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို တရုတ်-အာဆီယံ စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်ဦးနှစ်ဘက်အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ နန်နင်းမြို့ရှိ Wo Sheng ဟိုတယ်တွင် စက်တင်ဘာ(၂၃)ရက်ကကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
▪️ မြန်မာသံအမတ်ကြီးက အာဆီယံ-တရုတ်ဆက်ဆံရေး ပိုမိုရင့်ကျက်လာသည်နှင့် အမျှ နှစ်ဖက်စလုံးအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်အကျိုးဖြစ်ထွန်းမှု စတဲ့ရလဒ်ကောင်းများ ဖြစ်ပေါ်လျက်ရှိတယ်လို့ ဆိုပါတယ်။
▪️ မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့်အာဆီယံနိုင်ငံများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စက်မှုကဏ္ဍအသီးသီးတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း ပြောကြားခဲ့ပါတယ်။
▪️ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး၊ ဖန်ချန်းဂန်မြို့တော်ပါတီအတွင်းရေးမှုး၊ အာဆီယံ-တရုတ်စင်တာ၏ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန်နှင့်ဖိလစ်ပိုင်နိုင်ငံ Bataan Freeport Area အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌတို့မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်နှင့်အာဆီယံနိုင်ငံများမှ အစိုးရကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်ပေါင်း (၇၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#Ymg_mnn #Yangon_Media_Group
၂၄ စက်တင်ဘာ ၂၀၂၄
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံခဲ့ပြီး ဗာတီ ကန်ကိုလည်း လုံခြုံသည့်ခိုလှုံရာနေရာ အဖြစ် ကမ်းလှမ်းလိုက်ကြောင်း ပုပ်ရဟန်းမင်းကြီးက အာရှ ရှိ ခရစ်ယာန်ဘာသာဝင်များနှင့် ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုတွင် ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး သူ့သားနှင့် ရောမမှာတွေ့ဖို့ ကျွန်ုပ် မေတ္တာရပ်ခံခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ နယ်မြေ ဗာတီကန်မှာ သူ့သားနှင့်တွေ့ဆုံဖို့ ကျွန်ုပ် ကမ်းလှမ်းခဲ့ပါတယ်” လို့ မကြာသေးခင်က အရှေ့တောင်အာရှတစ်လွှား ၁၂ရက်ကြာခရီးအတွင်း ပုဂ္ဂိုလ်ရေး ပြောဆိုမှုတစ်ခုမှာ ပုပ်ရဟန်းမင်း ကပြောဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၈၇နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါသေးတယ်။
အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Corriere della Sera က ပုပ်ရဟန်းမင်းကြီရဲ့ အဆိုပါ ပြောကြားချက်ပါဝင်တဲ့ ရောမအခြေစိုက် ခရစ်ယာန်ဘုန်းတော်ကြီး အန်တိုနီယိုစပက်ဒါရို ရဲ့ဆောင်းပါး ကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ဘုန်းတော်ကြီး အန်တိုနီယိုစပက်ဒါရိုဟာ တွေ့ဆုံပွဲတွေတက်ခဲ့သူ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်နှင့် ရေးသားခဲ့တာလို့ဆိုပါတယ်။
“ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ဂုဏ်သိက္ခာနှင့် အားလုံးရဲ့ အခွင့်အရေးကို လေးစားကြခြင်းဖြင့် အခြေပြုရ လိမ့်မယ်။ အာလုံးရဲ့ အကျိုးစီးပွားကို လူတိုင်းဆောင်ရွက်ခွင့်ရှိတဲ့ ဒီမိုကရက်တစ်အစီအစဉ်တစ်ခုကို လေးစားကြရမယ်” လို့လည်း ပုပ်ဖရန်စစ်က ဆက်လက်ပြောကြားပါတယ်။
အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ခုနှစ် တပ်မတော်က အာဏာရယူပြီး ကတည်းက ထိန်းသိမ်းခံခဲ့ရပြီး ယခုအခါ နိုင်ငံတော်သစ္စာဖောက်မှုမှသည် လာဘ်စားမှု နှင့် ဆက်သွယ်ရေး ဥပဒေချိုးဖောက်မှုများဖြင့် ထောင်ဒဏ် ၂၇နှစ်ကျခံနေရပါတယ်။ အဲဒီအမှုတွေကို သူမက ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာတော့ သူမကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် အဖြစ် ပြောင်းရွှေ့ချထားခဲ့ပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးသားပါတယ်။
@ymg/knl
#Local_News
Published 24 September 2024
▪️ လာမည့် (၂၄)နာရီအတွင်း ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာနိုင်၍ အချိန်မီရှောင်ရှားကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်လိုက်သည်။
▪️ ယနေ့ စက်တင်ဘာ (၂၄)ရက် နေ့လယ်၁၂နာရီခွဲအချိန် မြစ်ရေတိုင်းထွာချက်များအရ ပဲခူးမြစ်ရေမှာ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခွဲခန့် ရောက်ရှိနေပြီး နောက် (၂၄) နာရီအတွင်း ပဲခူးမြို၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန သတိပေးနှိုးဆော်ထားခြင်း ဖြစ်သည်။
▪️ ထို့အပြင် စစ်တောင်းမြစ်ရေသည် တောင်ငူနှင့်မဒေါက်မြို့သည် စိုးရိမ်ရေမှတ်အထက်တွင်ရှိနေပြီး နောက်၂၄ နာရီအတွင်းပေဝက်စီခန့် ပြန်လည်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်ရှိနိုင်ကြောင်း သတိပေးထားသည်။
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးမြင့်တက်လာတဲ့အတွက် မြန်မာ့ရွှေဈေး ရည်ညွှန်းဈေးလည်း မနေ့က (၇)သောင်းကျော်ထပ်တက်သလို ဒီကနေ့မှာလည်း (၄)သောင်းကျော်မြင့်တက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 24 September 2024
#ကမ္ဘာ့ရွှေဈေးမြင့်တက် #မြန်မာ့ရွှေဈေးတက်
#YMG/tthl #Yangon_Times
Page 323 of 1730