#World_News
Published 24 October 2025

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာရှခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နောက်အပတ်မှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

■ ထရမ့်က သောကြာ‌နေ့ညမှာ မလေးရှားသို့ ထွက်ခွာမှာဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းရေး(APEC) စီအီးအိုထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ဂျပန်နဲ့ တောင်ကိုရီးယားသို့ သွားရောက်ကာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် မီဒီယာရှင်းလင်းရေး အတွင်းရေးမှူး ကယ်ရိုလင်းလီဗစ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

■ ကြာသပတေးနေ့ နံနက်ပိုင်းမှာ အမေရိကန်သို့ မပြန်ခင် ထရမ့်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ နှစ်နိုင်ငံအစည်းအဝေး ပြုလုပ်သွားမယ်လို့ လီ‌ဗစ်က ပြောပါတယ်။

■ တနင်္ဂနွေနေ့မှာတော့ ထရမ့်က အာဆီယံခေါင်းဆောင်များ ညစာစားပွဲသို့ တက်ရောက်ကာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံပြီးနောက် တနင်္လာနေ့မှာ တိုကျိုသို့သွားကာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

■ ဗုဒ္ဓဟူးနေ့မှာတော့ တောင်ကိုရီးယားသို့ သွားရောက်ကာ သမ္မတလီဂျယ်မြောင်နဲ့ တွေ့ဆုံမှာဖြစ်ပြီး စီအီးအိုတွေအတွက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

■ တင်ပို့ကုန်တွေ၊ အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်တို့ တင်းမာနေခဲ့ရာကနေ ပြန်လည်ညှိနှိုင်းဖို့ ကြိုးစားလာကြပါတယ်။

Source: Reuters