#World_Health
Published 18 October 2025
■ မေ့လျော့တတ်ခြင်းက လူအများစု တစ်ချိန်ချိန်မှာ ကြုံတတ်ကြပေမယ့် သာမန်မှတ်ဉာဏ်မေ့လျော့ခြင်းနဲ့ ဒီမန်ရှာအစောပိုင်းလက္ခဏာတို့ကြား ခွဲခြားသိရှိဖို့က ခက်ခဲပါတယ်။
■ လူရွယ်အများစု အလုပ်များပြီး တစ်ခုခုကို မေ့တတ်ကြတာကို မလိုလားဘဲ စိုးရိမ်နေကြတယ်လို့ မရင်ဂိုအာရှဆေးရုံမှ အာရုံကြောအကြီးအကဲ ဒေါက်တာကူနယ်ဘာရာနီက ပြောပါတယ်။
■ ဒါတွေဟာ ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း၊ အလုပ်များခြင်းတို့ရဲ့ ယာယီသက်ရောက်မှုတွေဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံ ပြေလည်သွားတာနဲ့ အဆင်ပြေသွားကြတယ်လို့ ဆိုပါတယ်။
■ ဒီမန်ရှာကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုကတော့ တသက်လုံးစာ ဆက်လက်ဆိုးရွားနိုင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ နှောင့်ယှက်နိုင်ပါတယ်။
■ ပစ္စည်းတွေရဲ့ အသုံးဝင်ပုံမေ့လျော့ခြင်း၊ ရင်းနှီးပြီးသားနေရာကို မသိရှိခြင်း၊ ပုံမှန်တာဝန်များ မလုပ်နိုင်ခြင်းတို့ကတော့ ပိုမိုဆိုးရွားတဲ့ အခြေအနေပါ။
■ အသက်အရွယ်ကြီးလာခြင်းက ဒီမန်ရှာဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်သလို ဒီမန်ရှာမျိုးရိုးလိုက်ခြင်း၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း၊ ဦးခေါင်းဒဏ်ရာများ၊ ဆေးလိပ်၊ အိပ်ရေးမဝခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်တို့ကလည်း ဖြစ်စေနိုင်ပါတယ်။
■ တက်ကြွလှုပ်ရှားစွာ နေထိုင်ပြီး ညီညွတ်မျှတစွာ စားသောက်တဲ့ပုံစံ၊ စာဖတ်ခြင်း၊ ပဟေဌိဖြေရှင်းခြင်းတို့က ဦးနှောက်ကို ကာကွယ်ပေးကာ မှတ်ဉာဏ်ကျဆင်းမှုကို နှောင့်နှေးစေနိုင်ပါတယ်။
■ ရံဖန်ရံခါမှ မေ့လျော့ခြင်းက သာမန်ပဲဖြစ်ပေမယ့် အမြဲတမ်းကြီး ပိုမိုဆိုးရွားလာရင်တော့ လစ်လျူမရှုသင့်ပါဘူး။
■ ဒီပြဿနာတွေကို တွေ့ရှိပါမှ ပိုဆိုးမလာအောင် ကြိုတင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
■ သာမန်မေ့လျော့ခြင်းနဲ့ ဒီမန်ရှာတို့ကြား ကွာခြားချက်ကို သိရှိအောင်လုပ်ပြီး ဦးနှောက်ကျန်းမာရေးအတွက် ကောင်းတဲ့အလေ့အကျင့်များ မွေးမြူသင့်ပါတယ်။
Source: India Today.