#World_Health
Published 20 October 2025

■ ကိုဗစ်-၁၉ ရောဂါက အရေးပေါ်ကျန်းမာရေး အခြေအနေအဖြစ်မှ လျော့ပါးသွားပေမယ့် ကမ္ဘာတဝှမ်း လှည့်ပတ်နေဆဲဖြစ်သလို တုပ်ကွေး၊ ဖျားနာ၊ အသက်ရှူလမ်းကြောင်း ရောဂါတွေကလည်း ပုံမှန်ပျံ့ပွားနေပါတယ်။

■ ဒီရောဂါကူးစက်မှုတွေ ကာကွယ်ဖို့အတွက် သိပ္ပံပညာရှင်တွေနဲ့ ကျန်းမာရေးပညာရှင်များက တစ်ခုခုဖန်တီးရန် ရှာဖွေနေပြီး အဓိကက ရောဂါပိုးဝင်ရောက်ရာ နှာခေါင်းပေါက်မှာတင် တားဆီးဖို့ဖြစ်ပါတယ်။

■ နှာခေါင်းဖျန်းဆေးရည်တွေက ဗိုင်းရပ်စ်တွေ ခန္ဓာကိုယ်ထဲ မရောက်ခင်မှာတင် ဖျက်ဆီးပစ်နိုင်ပါတယ်။

■ လူကြပ်ညပ်တဲ့ နေရာတွေ၊ သွားလာရေးတွေကို သွားနေရပြီး အမြဲထိတွေ့နေရတဲ့ သူတွေအတွက်တော့ အိပ်ဆောင်ဆေးတွေက ရောဂါပိုးကာကွယ်ဖို့ အထောက်အကူဖြစ်စေမှာပါ။

■ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေက နှာခေါင်းကနေ ဝင်ရောက်တာကြောင့် နှာခေါင်းကို ကာကွယ်လိုက်ရင် ရောဂါမဖြစ်စေသလို ဖြစ်ရင်လည်း မဆိုးရွားစေတော့ပါဘူး။

■ အိန္ဒိယမှာဆိုရင် ဆေးဖက်ဝင်ပစ္စည်းများဖြင့် နှာခေါင်းပေါက်ကို လိမ်းနိုင်သလို ခေတ်မီနှာခေါင်းဖျန်းဆေးရည်တွေလည်း ဝယ်ယူရရှိနိုင်ပါပြီ။

■ စမ်းသပ်ချက်တွေမှာဆိုရင် အချို့နှာခေါင်းဖျန်းဆေးတွေက အိမ်သားတွေကြားမှာ ရောဂါပျံ့ပွားမှု သိသိသာသာ လျော့နည်းစေတာ တွေ့ရပါတယ်။

Source: News 18.