#World_Health
Published 20 October 2025
■ လူရွယ်ပိုင်းတွေမှာ ကင်ဆာဖြစ်လာကြတာ အခုဆိုရင် သိပ်ပြီး မထူးဆန်းကြတော့ပါဘူး။
■ အသက် ၅၀ အောက်အရွယ်တွေမှာ ကင်ဆာတွေ့ရှိမှုနှုန်းက ၁၉၉၀ ကထက်စာရင် နှစ်ဆနီးပါး ပိုများလာပါတယ်။
■ ဒီအတွက် သိပ္ပံပညာရှင်တွေ လေ့လာခဲ့ကြရာမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ အဆင့်ဆင့်ထုပ်ပိုး စားစရာများ၊ ပလတ်စတစ်မှုန်များနဲ့ ထိတွေ့ခြင်းတို့က ကင်ဆာဖြစ်ပွားမှု မြင့်မားစေတာ ဖြစ်ပါတယ်။
■ ဒါ့အပြင် သိပ်မနောက်ကျခင်မှာ ရောဂါရှာဖွေစစ်ဆေးမှု မလုပ်တာကလည်း ပတ်သက်နေပါတယ်။
■ ၁၉၉၀ တွေနဲ့ယှဉ်ရင် ကင်ဆာတွေ့ရှိမှု မြင့်မားလာခြင်းက ယခုခေတ်မှာ ခေတ်မီရောဂါရှာဖွေတဲ့ နည်းပညာတွေ ထွန်းကားလာကာ လူတွေကလည်း အသိရှိရှိဖြင့် စစ်ဆေးလာကြတာကြောင့် ရောဂါအတွေ့များလာတာ ဖြစ်နိုင်ပါတယ်။
■ ကင်ဆာအားလုံး အဖြစ်များလာခြင်းက ကင်ဆာတစ်မျိုးချင်းစီ အဖြစ်များလာတာတွေကို ဖုံးကွယ်နေပါတယ်။
■ ဒါကြောင့် အဖြစ်များလာတဲ့ ကင်ဆာတစ်မျိုးချင်းစီကိုလည်း သတိထားစောင့်ကြည့်သင့်တယ်လို့ ကင်ဆာသုတေသီ တိုင်မိုသီရက်ဘက်က ပြောပါတယ်။
■ ကင်ဆာစောစီးစွာ ဖြစ်ခြင်းကြောင့် အသက်ဆုံးရှုံးကြရပေမယ့် စောစီးစွာ ကင်ဆာရှာဖွေတွေ့ရှိခြင်းကြောင့် နောက်ထပ်မပျံ့ပွား မဆိုးရွားလာအောင် ကာကွယ်ကုသစေနိုင်မှာ ဖြစ်ပါတယ်။
Source: Vox